သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလအတွင်း ကမ္ဘာတဝှမ်းအပစ်အခတ်ရပ်ကြဖို့အဆိုပြုချက် လုံခြုံရေးကောင်စီ အတည်ပြု


လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ Germany သံအမတ်ကြီး Christoph Heusgen (၂၇ ရက် ဇွန်လ ၂၀၁၈)

(Zawgyi/Unicode)

COVID 19 ကပ်ရောဂါ တုံ့ပြန်ရေးအတွက် အထောက်အကူဖြစ်အောင် ကမ္ဘာတလွှား အပစ်အခတ်ရပ်စဲ ကြဖို့ ကုသသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပန်ကြားမှု ရက်ပေါင်း ၁၀၀ ပြည့် ခဲ့တဲ့ နောက်မှာ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာအင်အားကြီး ၂ နိုင်ငံရဲ့ ကန့်ကွက်မှုတွေကို ကျော်လွှားပြီး တခဲနက် အတည်ပြု နိုင်ပြီဖြစ်ပါတယ်။

ညှိနှိုင်းမှုတွေဟာ မလွယ်ကူလှပေမယ့် အခုလို ဆုံးဖြတ်ချက်ချနိုင်တာကိုကြည့်ရင် အထူးသဖြင့် ဒီကပ်ရောဂါကိုရင်ဆိုင်ရာမှာ မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်တယ် ဆိုတာ ပြသနေကြောင်း လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ Germany သံအမတ်ကြီး Christoph Heusgen က ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့က အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတိုက်က နေရာတချို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု အခြေနေ ဆိုးဝါးလာနေချိန်မှာပဲ ဆေးပညာရှင် တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်သားတွေ ဒီကပ်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်နိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပန်ကြားခဲ့တာဖြစ်ပါတယ်။

ဒီပန်ကြားချက်ကို နိုင်ငံအများအပြားနဲ့ လက်နက်ကိုင်အဖွဲ့ အများအပြားက အပြုသဘောဆောင် တုံ့ပြန်ကြပေမယ့် တချို့ နိုင်ငံတွေမှာတော့ တိုက်ပွဲတွေ ပိုတိုးလာတာလည်း ရှိနေပါတယ်။

အတွင်းရေးမှူးချုပ် ပန်ကြားချိန်က ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူက ၃ သိန်းခွဲလောက်ပဲ ရှိသေးပြီး သေဆုံးသူက တသောင်းခွဲကျော်ပဲ ရှိခဲ့ပေမယ့် အခုအခါမှာ အကူးစက်ခံရသူ ဆယ်သန်းခွဲကျော်နဲ့ သေဆုံးရသူက သန်းတဝက်ရှိနေတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွါးမှုနဲ့ ကူးစက်ပြန့်နှံ့မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့တရုတ်တို့ကြား ဆက်ဆံရေးမပြေမလည် ဖြစ်နေတာကြောင့် လက်နက်ကိုင် ပဋိပက္ခအရေး ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ် ဆိုတာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သဘောတူညီမှု မရနိုင်တဲ့ အတွက် အခုလို ကြန့်ကြာခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)







XS
SM
MD
LG