သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေတိုးပွားစေတဲ့အကြောင်းရင်းတွေ ရပ်တန့်ရေး အစွမ်းကုန်လုပ်ဆောင်ဖို့ ကုလအတွင်းရေးမှူးချုပ် ကတိပြု


Burundi က ဒုက္ခသည်များ
Burundi က ဒုက္ခသည်များ

(Zawgyi/Unicode)

ကမ္ဘာ့တဝှမ်း လူ သန်းပေါင်း ၈၀ နီးပါး အိုးအိမ် စွန့်ခွာ ထွက်ပြေး ရတဲ့ ဒုက္ခသည်တွေအဖြစ် နေထိုင်နေကြရသလို မနှစ်က တစ်နှစ် တည်းမှာပဲ လူ ၁၀ သန်း အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရတာဟာ စိုးရိမ် ထိတ်လန့်စရာအခြေအနေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် António Guterres က ဇွန်လ ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောကြားလိုက်ပါတယ်။

“ဒါကြောင့် ဒုက္ခသည်တွေ တိုးပွားလာစေတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ဖိနှိပ်မှုတွေ ရပ်ဆိုင်းသွားအောင် ကျွန်တော်တို့မှာ ရှိတဲ့အင်အားကို အစွမ်းကုန် အသုံးချသွားဖို့ ဒီနေ့ ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ ကတိပြုပါတယ်” လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြောပါတယ်။

ဒီနှစ်မှာ COVID-19 က အကာအကွယ်မဲ့ ဒုက္ခသည်တွေအပေါ် တစ်ပူပေါ် နှစ်ပူဆင့် သလို ဖြစ်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ဒုက္ခသည်အဖြစ်နဲ့ နေရစဉ်မှာပဲ တစ်ချို့တွေက COIVD-19 ကို ရင်ဆိုင်တုံ့ပြန်ရာမှာ အရေးပါတဲ့လူတွေ အဖြစ် ထွက်ပေါ်လာ ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်း ကစလို့ ဥရောပတိုက်က ဆေးရုံကြီးတွေအထိ ဒုက္ခသည်တွေဟာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သိပ္ပံပညာရှင်တွေ၊ ဆရာဆရာမတွေနဲ့ တစ်ခြားအရေးပါတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်ပြီး အိမ်ရှင် လူမှု အဖွဲ့အစည်းကို အထောက်အကူပြုပေးနေကြောင်းလည်း အတွင်းရေးမှူးချုပ် António Guterres က ပြောပါတယ်။

ကိုယ်ပိုင်ဘဝတွေကို ပြန်လည်တည်ဆောက်ရင်း ကိုယ့် ပတ်ဝန်းကျင်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေတဲ့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့ အိမ်ရှင်နိုင်ငံတွေကို ကျေးဇူးတင်ရှိကြောင်းကိုလည်း သူက ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်တွေနဲ့အတူ ရပ်တည်ပေးသွားမှာဖြစ်ပြီး စစ်ဘေးနဲ့ ဖိနှိပ်ချုပ် ခြယ်မှုတွေကြောင့် ဒုက္ခရောက်ပြီး ထွက် ပြေးလာရသူတွေကို နေထိုင်စရာ ဖန်တီးပေးဖို့က အခြေခံ တာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို အမြဲ မှတ်သားထားမှာ ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် António Guterres က ပြောပါတယ်။


..................


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG