သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္က ဒုကၡသည္ေတြအတြက္ အီးယူ ယူရုိ ၃၁ သန္းလွဴ


(Zawgyi/Unicode)

ဘဂၤလားေဒရွ္႕နဲ႔ ျမန္မာႏုိင္ငံတြင္းက ရိုဟင္ဂ်ာ ျပႆနာကို ေျဖရွင္းေရး အတြက္ လူသားခ်င္း စာနာမႈ အေထာက္အပံ႔ အျဖစ္ ဥေရာပ ေကာ္မရွင္က ယူရို ၃၁ သန္း ေပးအပ္ပါတယ္။

ရိုဟင္ဂ်ာ ျပသနာဟာ ၃ ႏွစ္အတြင္းကို ေရာက္လာၿပီး ရွင္သန္ ရပ္တည္ေရး အတြက္ လူသားခ်င္း စာနာမႈ အေထာက္ အပံ႔ေတြ အေပၚ မွီခိုေနရဆဲ ျဖစ္သူေတြ အေပၚ ဆက္လက္ ေထာက္ပံံ႔ေပးဖို႔ ပိုၿပီး အေရးႀကီး လာတယ္လို႔လည္း ပဋိပကၡ စီမံခန္႔ခြဲမႈ ဆိုင္ရာ မဟာမင္းႀကီး Janez Lenarčič က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံပါဘူး။

အခု ဥေရာပ ေကာ္မရွင္ ေထာက္ပံ႔မယ့္ အထဲမွာေတာ့ ဘဂၤလားေဒရွ္႕ ႏုိင္ငံ ေကာဇ္ဘဇားက ဒုကၡသည္ေတြနဲ႔ သူတို႔ကို လက္ခံထားတဲ႔ အသိုင္းအ၀ိုင္းေတြ အတြက္လည္း ပါ၀င္မွာ ျဖစ္သလို ျမန္မာႏုိင္ငံတြင္းက ရိုဟင္ဂ်ာေတြ အတြက္လည္း ပါ၀င္မွာ ျဖစ္ပါတယ္။

ဥေရာပ ေကာ္မရွင္က ေထာက္ပံ႔မယ့္ ယူရို ၃၁ သန္းထဲက ယူရို ၁၈ ဒသမ ၅ သန္းကေတာ့ ဘဂၤလားေဒရွ္႕ ႏုိင္ငံတြင္း ဒုကၡသည္ေတြထဲ႕ အကူအညီ အလိုအပ္ဆံုးသူေတြနဲ႔ လက္ခံတဲ႔ အသိုင္းအ၀ိုင္း အတြက္ ေပးအပ္မွာ ျဖစ္ပါတယ္။ အေရးႀကီးတဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ စားနပ္ ရိကၡာ ေထာက္ပံ႔မႈနဲ႔ အေရးေပၚ ပညာေပးေရးတို႔ အတြက္ အသံုးျပဳမွာပါ။

ေနာက္ထပ္ ယူရို ၃ ဒသမ ၅ သန္း ကေတာ့ ေဒသခံေတြ သဘာ၀ ေဘးဒဏ္ ေတြကို စီမံခန္႔ခြဲမႈနဲ႔ ႀကိဳတင္ ျပင္ဆင္ႏုိင္ေရး အတြက္ စြမ္းရည္ ျမွင့္တင္တဲ႔ ေနရာမွာ အသံုးျပဳမွာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံတြင္းက ရခုိင္၊ ကခ်င္၊ ရွမ္းျပည္နယ္တို႔တြင္းက လူမႈအသိုင္းအ၀ိုင္းေတြ အတြက္ က်န္းမာေရး၊ အဟာရ၊ ပညာေရးနဲ႔ ခိုလံႈေရး အတြက္ ယူရို ၆ ဒသမ ၅ သန္း ေပးအပ္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေအတွက် အီးယူ ယူရို ၃၁ သန်းလှူ

(Unicode)

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ ပြသနာကို ဖြေရှင်းရေး အတွက် လူသားချင်း စာနာမှု အထောက်အပံ့ အဖြစ် ဥရောပ ကော်မရှင်က ယူရို ၃၁ သန်း ပေးအပ်ပါတယ်။ ရိုဟင်ဂျာ ပြသနာဟာ ၃ နှစ်အတွင်းကို ရောက်လာပြီး ရှင်သန် ရပ်တည်ရေး အတွက် လူသားချင်း စာနာမှု အထောက် အပံ့တွေ အပေါ် မှီခိုနေရဆဲ ဖြစ်သူတွေ အပေါ် ဆက်လက် ထောက်ပံံ့ပေးဖို့ ပိုပြီး အရေးကြီး လာတယ်လို့လည်း ပဋိပက္ခ စီမံခန့်ခွဲမှု ဆိုင်ရာ မဟာမင်းကြီး Janez Lenarčič က ကြေညာချက်မှာ ပြောဆိုထားပါတယ်။မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

အခု ဥရောပ ကော်မရှင် ထောက်ပံ့မယ့် အထဲမှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ်ဘဇားက ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေ အတွက်လည်း ပါဝင်မှာ ဖြစ်သလို မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေ အတွက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဥရောပ ကော်မရှင်က ထောက်ပံ့မယ့် ယူရို ၃၁ သန်းထဲက ယူရို ၁၈ ဒသမ ၅ သန်းကတော့ ဘင်္ဂလားဒေရှ့် နိုင်ငံတွင်း ဒုက္ခသည်တွေထဲ့ အကူအညီ အလိုအပ်ဆုံးသူတွေနဲ့ လက်ခံတဲ့ အသိုင်းအဝိုင်း အတွက် ပေးအပ်မှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ် ရိက္ခာ ထောက်ပံ့မှုနဲ့ အရေးပေါ် ပညာပေးရေးတို့ အတွက် အသုံးပြုမှာပါ။

နောက်ထပ် ယူရို ၃ ဒသမ ၅ သန်း ကတော့ ဒေသခံတွေ သဘာ၀ ဘေးဒဏ် တွေကို စီမံခန့်ခွဲမှုနဲ့ ကြိုတင် ပြင်ဆင်နိုင်ရေး အတွက် စွမ်းရည် မြှင့်တင်တဲ့ နေရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တို့တွင်းက လူမှုအသိုင်းအဝိုင်းတွေ အတွက် ကျန်းမာရေး၊ အဟာရ၊ ပညာရေးနဲ့ ခိုလှုံရေး အတွက် ယူရို ၆ ဒသမ ၅ သန်း ပေးအပ်မှာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG