သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဇူလိုင္ ၄ ရက္ အေမရိကန္ လြတ္လပ္ေရးေန႔ အစဥ္အလာမပ်က္ က်င္းပ


အေမရိကန္သမၼတ Donald Trump နဲ႔ သမၼတကေတာ္ Melania Trump. (ဇူလုိင္ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္အတြက္ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္ တာဝန္ရွိသူေတြ စိုးရိမ္မႈရွိေနတဲ့ ၾကားကပဲ စေနေန႔မွာ က်ေရာက္တဲ့ အေမရိကန္ျပည္ေထာင္စု လြတ္လပ္ေရးေန႔ကို မီး႐ွဴးမီးပန္း အေျမာက္အျမား ပစ္လႊတ္ၿပီး က်င္းပဖို႔ သမၼတ Trump အစိုးရအဖြဲ႔က စီစဥ္ေနပါတယ္။

ဇူလိုင္ ၄ ရက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အတြက္ ျပည္ထဲေရးဝန္ႀကီး David Bernhardt စီစဥ္ေနတဲ့ထဲမွာ မီး႐ွဴးမီးပန္း ၁၀,၀၀၀ ပစ္လႊတ္ဖို႔ပါ ပါဝင္တဲ့အျပင္ ကာကြယ္ေရးဝန္ႀကီးဌာနက ေလယာဥ္ေတြပါ ေဝဟင္မွာ ပ်ံဝဲမွာျဖစ္ေၾကာင္း ဝန္ႀကီး Bernhardt က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

ဒါဟာ ေလေၾကာင္းစစ္ေရးျပ ပံုစံတမ်ိဳးျဖစ္ၿပီး အေမရိကန္ စစ္သည္ေတာ္ေတြအတြက္ ဂုဏ္ျပဳတဲ့ သမၼတ Donald Trump ရဲ႕ (2020 Salute to America) ၂၀၂၀ အေမရိကန္ႏုိင္ငံအတြက္ ဦးညႊတ္အေလးျပဳတဲ့ ဂုဏ္ျပဳမႈ ျဖစ္မယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဝါရွင္တန္ဒီစီ ျပည္သူ႔ရင္ျပင္ကို လာေရာက္မယ့္ ပရိသတ္ေတြအတြက္ ေဝငွဖို႔ ႏွာေခါင္းစည္း ၃၀၀,၀၀၀ ထားရွိမယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန အရာရွိေတြက ေျပာပါတယ္။ ဒါေပမယ့္ လာေရာက္သူေတြ ႏွာေခါင္းစည္းတပ္ဆင္ဖို႔ လိုမလိုေတာ့ မေျပာပါဘူး။ ျပည္ထဲေရးဝန္ႀကီး Bernhardt ကေတာ့ လာေရာက္သူေတြ ႏွာေခါင္းစည္းတပ္ၾကဖို႔နဲ႔ တဦးနဲ႔တဦး ၆ ေပခြာ ေနၾကဖို႔ အားေပးပါတယ္။

ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္ဝန္ Muriel Bowser ကေတာ့ ဒီအခမ္းအနားကို ဗဟိုအစိုးရပိုင္ ေနရာမွာ က်င္းပတာအတြက္ ပိတ္ပင္ခြင့္မရွိေပမယ့္ ျပည္ထဲေရးဝန္ႀကီးဌာနဟာ CDC ကူးစက္ေရာဂါဆိုင္ရာ ဗဟိုဌာနနဲ႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားတဲ့ က်န္းမာေရးဆိုင္ရာ စည္းကမ္းေတြကို လိုက္နာမႈမရွိေၾကာင္း ေျပာဆို ေဝဖန္ခဲ့ပါတယ္။

ဒါ့အျပင္ ဒီစီၿမိဳ႕ခံေတြအေနနဲ႔ ဇူလိုင္ ၄ ရက္ လြတ္လပ္ေရးပြဲကို မိမိအိမ္ အနီးဝန္းက်င္မွာသာ က်င္းပၾကၿပီး လူအုပ္ေတြကို ေရွာင္ရွားဖုိ႔ ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။

သမၼတ Donald Trump နဲ႔ သမၼတကေတာ္ Melania Trump တို႔ဟာ သမၼတအိမ္ျဖဴေတာ္ ေတာင္ဘက္ျမက္ခင္းျပင္မွာ လြတ္လပ္ေရးပြဲေတာ္ အခမ္းအနားေတြကို ႀကီးမွဴးက်င္းပမွာ ျဖစ္ပါတယ္။

အေမရိကန္ အျခားၿမိဳ႕ႀကီး အမ်ားအျပားမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ေၾကာင့္ တခ်ဳိ႕က ပြဲမက်င္းပဘဲ ဖ်က္သိမ္းခဲ့ၾကသလို တခ်ိဳ႕ကလည္း မီး႐ွဴးမီးပန္း ပစ္ေဖာက္တာေတြ ေလွ်ာ့ခ်ၿပီး ဒီႏွစ္ လြတ္လပ္ေရးေန႔ကို အက်ဥ္းခ်ဳံး က်င္းပၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ဇူလိုင် ၄ ရက် အမေရိကန် လွတ်လပ်ရေးနေ့ အစဉ်အလာမပျက် ကျင်းပ

ကိုရိုနာဗိုင်းရပ်စ်အတွက် ဝါရှင်တန်ဒီစီမြို့တော် တာဝန်ရှိသူတွေ စိုးရိမ်မှုရှိနေတဲ့ ကြားကပဲ စနေနေ့မှာ ကျရောက်တဲ့ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့ကိုမီးရှူးမီးပန်း အမြောက်အမြား ပစ်လွှတ်ပြီး ကျင်းပဖို့ သမ္မတ Trump အစိုးရအဖွဲ့က စီစဉ်နေပါတယ်။

ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် ပြည်ထဲရေးဝန်ကြီး David Bernhardt စီစဉ်နေတဲ့ထဲမှာ မီးရှူးမီးပန်း ၁၀,၀၀၀ ပစ်လွှတ်ဖို့ပါ ပါဝင်တဲ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်တွေပါ ဝေဟင်မှာ ပျံဝဲမှာဖြစ်ကြောင်း ဝန်ကြီး Bernhardt က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဒါဟာ လေကြောင်းစစ်ရေးပြ ပုံစံတမျိုးဖြစ်ပြီး အမေရိကန် စစ်သည်တော်တွေအတွက် ဂုဏ်ပြုတဲ့ သမ္မတ Donald Trump ရဲ့ (2020 Salute to America) ၂၀၂၀ အမေရိကန်နိုင်ငံအတွက် ဦးညွှတ်အလေးပြုတဲ့ ဂုဏ်ပြုမှု ဖြစ်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဝါရှင်တန်ဒီစီ ပြည်သူ့ရင်ပြင်ကို လာရောက်မယ့် ပရိသတ်တွေအတွက် ဝေငှဖို့ နှာခေါင်းစည်း ၃၀၀,၀၀၀ ထားရှိမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် လာရောက်သူတွေ နှာခေါင်းစည်းတပ်ဆင်ဖို့ လိုမလိုတော့ မပြောပါဘူး။ ပြည်ထဲရေးဝန်ကြီး Bernhardt ကတော့ လာရောက်သူတွေ နှာခေါင်းစည်းတပ်ကြဖို့နဲ့ တဦးနဲ့တဦး ၆ ပေခွာ နေကြဖို့ အားပေးပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bowser ကတော့ ဒီအခမ်းအနားကို ဗဟိုအစိုးရပိုင် နေရာမှာ ကျင်းပတာအတွက် ပိတ်ပင်ခွင့်မရှိပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနဟာ CDC ကူးစက်ရောဂါဆိုင်ရာ ဗဟိုဌာနနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို လိုက်နာမှုမရှိကြောင်း ပြောဆို ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် ဒီစီမြို့ခံတွေအနေနဲ့ ဇူလိုင် ၄ ရက် လွတ်လပ်ရေးပွဲကို မိမိအိမ် အနီးဝန်းကျင်မှာသာ ကျင်းပကြပြီး လူအုပ်တွေကို ရှောင်ရှားဖို့ မြို့တော်ဝန်က ပြောပါတယ်။

သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ဟာ သမ္မတအိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ လွတ်လပ်ရေးပွဲတော် အခမ်းအနားတွေကို ကြီးမှူးကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန် အခြားမြို့ကြီး အများအပြားမှာတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တချို့က ပွဲမကျင်းပဘဲ ဖျက်သိမ်းခဲ့ကြသလို တချို့ကလည်း မီးရှူးမီးပန်း ပစ်ဖောက်တာတွေ လျှော့ချပြီး ဒီနှစ် လွတ်လပ်ရေးနေ့ကို အကျဉ်းချုံး ကျင်းပကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG