သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 အႏၲရာယ္ၾကား အေမရိကန္ လြတ္လပ္ေရးေန႔ပြဲ က်င္းပဖို႔ စီစဥ္ထား


Air Force One ေလယာဥ္ေပၚက ဆင္းလာတဲ့ အေမရိကန္သမၼတ Donald Trump နဲ႔ သမၼတကေတာ္ Melania Trump. (ဇူလုိင္ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ဒီကေန႔ ဇူလိုင္လ ၄ ရက္ေန႔က လြတ္လပ္ေရးေန႔ ျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအတြက္ စုိးရိမ္ေနၾကတဲ့ၾကားက သမၼတ Donald Trump နဲ႔ အစိုးရအဖြဲ႔ကေတာ့ မီး႐ွဴးမီးပန္းေတြ အႀကီးအက်ယ္ေဖာက္ ဆင္ႏႊဲဖို႔ စီစဥ္ထားပါတယ္။

မီး႐ွဴဳးမီးပန္းအေရအတြက္ ၁၀,၀၀၀ ကို တမိုင္အကြာအေဝးထိ ပစ္ေဖာက္မယ့္ ဒီပြဲဟာ သိထားသေလာက္ကာလအတြင္း အႀကီးဆံုးပြဲျဖစ္မယ္လုိ႔ ျပည္ထဲေရးဝန္ႀကီး David Bernhardt က ေျပာပါတယ္။

ကာကြယ္ေရးဌာနကလည္း စစ္ေလယာဥ္ေတြ အလွျပပ်ံသန္းၿပီး စစ္သည္ေတြကို ဂုဏ္ျပဳမယ္လို႔ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

National Mall ျမက္ခင္းျပင္ကို လာၾကသူေတြအတြက္ ႏွာေခါင္းစည္း ၃၀၀,၀၀၀ ျပင္ဆင္ထားတယ္လို႔ ေျပာေပမယ့္ လူေတြ မျဖစ္မေန တပ္ရမယ္ဆိုတာမ်ဳိး ညႊန္ၾကားခ်က္ေတာ့ မရွိပါဘူး။

ဒီအစီအစဥ္ဟာ က်န္းမာေရးအႏၲရာယ္ ကင္းရွင္းေရး ညႊန္ၾကားခ်က္နဲ႔ ဆန္႔က်င္တယ္ဆိုၿပီး ဝါရွင္တန္ဒီစီ ၿမဳိ႕ေတာ္ဝန္ကေတာ့ ေဝဖန္ေျပာဆိုပါတယ္။

"ဒီႏွစ္ေတာ့ လြတ္လပ္ေရးေန႔မွာ ကိုယ့္အိမ္မွာပဲ ဒါမွမဟုတ္ အိမ္နားတဝိုက္မွာပဲ ေနၾကဖို႔ ဆက္တိုက္တြန္းခ်င္ပါတယ္။ ဒီဗိုင္းရပ္စ္ႀကီးက က်မတို႔ၿမဳိ႕မွာ ရွိေနတုန္းပါ။ အႏၲရာယ္ရွိပါတယ္။ ႏိုင္ငံထဲမွာ ေရာဂါကူးစက္မႈေတြ တိုးလာေနတာ ဒီစီကိုလည္း အဲဒီလို မျဖစ္ေစခ်င္ပါဘူး။ ဒါ့ေၾကာင့္ လူထုအေနနဲ႔ ကိုယ့္ဘက္ကလုပ္ႏိုင္တာ လုပ္ေပးဖို႔ တိုက္တြန္းပါတယ္" လို႔ ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္ဝန္ Muriel Bowser က ေျပာပါတယ္။

သမၼတ Donald Trump နဲ႔ သမၼတကေတာ္ Melania Trump တို႔ကေတာ့ အိမ္ျဖဴေတာ္ေတာင္ဘက္ ျမက္ခင္းျပင္နဲ႔ ဘဲဥပံု ကြင္းျပင္ႀကီးမွာ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ပြဲေတြ ဧည့္ခံက်င္းပဖို႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

COVID-19 အန္တရာယ်ကြား အမေရိကန် လွတ်လပ်ရေးနေ့ပွဲ ကျင်းပဖို့ စီစဉ်ထား

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအတွက် စိုးရိမ်နေကြတဲ့ကြားက သမ္မတ Donald Trump နဲ့ အစိုးရအဖွဲ့ကတော့ မီးရှူးမီးပန်းတွေ အကြီးအကျယ်ဖောက် ဆင်နွှဲဖို့ စီစဉ်ထားပါတယ်။

မီးရှူုးမီးပန်းအရေအတွက် ၁၀,၀၀၀ ကို တမိုင်အကွာအဝေးထိ ပစ်ဖောက်မယ့် ဒီပွဲဟာ သိထားသလောက်ကာလအတွင်း အကြီးဆုံးပွဲဖြစ်မယ်လို့ ပြည်ထဲရေးဝန်ကြီး David Bernhardt က ပြောပါတယ်။

ကာကွယ်ရေးဌာနကလည်း စစ်လေယာဉ်တွေ အလှပြပျံသန်းပြီး စစ်သည်တွေကို ဂုဏ်ပြုမယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

National Mall မြက်ခင်းပြင်ကို လာကြသူတွေအတွက် နှာခေါင်းစည်း ၃၀၀,၀၀၀ ပြင်ဆင်ထားတယ်လို့ ပြောပေမယ့် လူတွေ မဖြစ်မနေ တပ်ရမယ်ဆိုတာမျိုး ညွှန်ကြားချက်တော့ မရှိပါဘူး။

ဒီအစီအစဉ်ဟာ ကျန်းမာရေးအန္တရာယ် ကင်းရှင်းရေး ညွှန်ကြားချက်နဲ့ ဆန့်ကျင်တယ်ဆိုပြီး ဝါရှင်တန်ဒီစီ မြို့တော်ဝန်ကတော့ ဝေဖန်ပြောဆိုပါတယ်။

"ဒီနှစ်တော့ လွတ်လပ်ရေးနေ့မှာ ကိုယ့်အိမ်မှာပဲ ဒါမှမဟုတ် အိမ်နားတဝိုက်မှာပဲ နေကြဖို့ ဆက်တိုက်တွန်းချင်ပါတယ်။ ဒီဗိုင်းရပ်စ်ကြီးက ကျမတို့မြို့မှာ ရှိနေတုန်းပါ။ အန္တရာယ်ရှိပါတယ်။ နိုင်ငံထဲမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတာ ဒီစီကိုလည်း အဲဒီလို မဖြစ်စေချင်ပါဘူး။ ဒါ့ကြောင့် လူထုအနေနဲ့ ကိုယ့်ဘက်ကလုပ်နိုင်တာ လုပ်ပေးဖို့ တိုက်တွန်းပါတယ်" လို့ ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bowser က ပြောပါတယ်။

သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ကတော့ အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်နဲ့ ဘဲဥပုံ ကွင်းပြင်ကြီးမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတွေ ဧည့်ခံကျင်းပဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG