(Zawgyi / Unicode)
သမၼတ Donald Trump က လုံးဝအႏၱရာယ္မရွိပါဘူးလို႔ ေျပာဆိုခဲ့တဲ့ၾကားကပဲ အေမရိကန္ႏိုင္ငံတြင္း အထူးသျဖင့္ ေတာင္ပိုင္းျပည္နယ္ေတြမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ကိုဗစ္ကူးစက္မႈအသစ္ေတြ သိသိသာသာ တိုးလာတဲ့အတြက္ စိုးရိမ္စရာ ထပ္ျဖစ္လာေၾကာင္း သက္ဆုိင္ရာ ျပည္နယ္တာဝန္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။
အရီဇုိးနားျပည္နယ္ Phoenix ၿမိဳ႕ေတာ္ဝန္ Kate Gallego ကေတာ့ လူဦးေရ ၁.၇ သန္းရွိတဲ့ သူတို႔ၿမိဳ႕မွာ ကုိဗစ္ကူးစက္ထားသူေပါင္း ၅၉,၀၀၀ ရွိၿပီး အက်ပ္အတည္းနဲ႔ ရင္ဆုိင္ေနရေၾကာင္း ေျပာပါတယ္။
ေတာင္ပိုင္း ဖေလာ္ရီဒါျပည္နယ္မွာ စေနေန႔ အေမရိကန္ လြတ္လပ္ေရးေန႔က တရက္တည္း ကုိဗစ္ကူးစက္မႈအသစ္ ၁၁,၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ ကိုဗစ္ကူးစက္မွာစိုးလို႔ ၿမဳိ႕ႀကီးအေတာ္မ်ာမ်ားမွာ လြတ္လပ္ေရးေန႔ပဲြ အစီအစဥ္ေတြ ဖ်က္သိမ္းခဲ့ၾကတဲ့ၾကားက ခုလို ကူးစက္မႈေတြ ရွိေနတာပါ။
တကၠဆက္စ္ျပည္နယ္ Harris County မွာေတာ့ စေနေန႔တရက္တည္း ကူးစက္မႈအသစ္ ၃၅,၀၀၀ ေလာက္ရွိပါတယ္။
လာမယ့္ ႏိုဝင္ဘာေရြးေကာက္ပဲြမွာ ျပန္အေရြးခံရဖို႔ အခက္အခဲေတြ ရင္ဆိုင္ေနရတဲ့ သမၼတ Donald Trump ကေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္ေဆး မၾကာခင္မွာ ရလာေတာ့မယ္လို႔ ဆက္ၿပီး ေမွ်ာ္လင့္ေနပါတယ္။
-------------------------------
(Unicode)
COVID ကူးစက်မှု မြင့်လာတဲ့ အမေရိကန် တောင်ပိုင်းအရေး စိုးရိမ်ဖွယ်ဖြစ်
သမ္မတ Donald Trump က လုံးဝအန္တရာယ်မရှိပါဘူးလို့ ပြောဆိုခဲ့တဲ့ကြားကပဲ အမေရိကန်နိုင်ငံတွင်း အထူးသဖြင့် တောင်ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုအသစ်တွေ သိသိသာသာ တိုးလာတဲ့အတွက် စိုးရိမ်စရာ ထပ်ဖြစ်လာကြောင်း သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အရီဇိုးနားပြည်နယ် Phoenix မြို့တော်ဝန် Kate Gallego ကတော့ လူဦးရေ ၁.၇ သန်းရှိတဲ့ သူတို့မြို့မှာ ကိုဗစ်ကူးစက်ထားသူပေါင်း ၅၉,၀၀၀ ရှိပြီး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။
တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ စနေနေ့ အမေရိကန် လွတ်လပ်ရေးနေ့က တရက်တည်း ကိုဗစ်ကူးစက်မှုအသစ် ၁၁,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှာစိုးလို့ မြို့ကြီးအတော်မျာများမှာ လွတ်လပ်ရေးနေ့ပွဲ အစီအစဉ်တွေ ဖျက်သိမ်းခဲ့ကြတဲ့ကြားက ခုလို ကူးစက်မှုတွေ ရှိနေတာပါ။
တက္ကဆက်စ်ပြည်နယ် Harris County မှာတော့ စနေနေ့တရက်တည်း ကူးစက်မှုအသစ် ၃၅,၀၀၀ လောက်ရှိပါတယ်။
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ သမ္မတ Donald Trump ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မကြာခင်မှာ ရလာတော့မယ်လို့ ဆက်ပြီး မျှော်လင့်နေပါတယ်။