သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား COVID ကူးစက္မႈ စေနတရက္တည္းမွာတင္ ၂ သိန္းေက်ာ္ရွိ


မြမ္ဘုိင္းၿမိဳ႕မွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈရွိမရွိ အိမ္တိုင္ရာေရာက္ လုိက္စစ္ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတလႊား စေနေန႔က ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရမႈဟာ ၂၄ နာရီအတြင္း လူေပါင္း ၂၀၀,၀၀၀ ေက်ာ္ စံခ်ိန္တင္ တုိးလာခဲ့တယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ထုတ္ျပန္ပါတယ္။

ကူးစက္မႈအမ်ားဆံုး ႏိုင္ငံေတြက အေမရိကန္ျပည္ေထာင္စု၊ ဘရာဇီးနဲ႔ အိႏၵိယႏုိင္ငံေတြျဖစ္ေၾကာင္း ကို႐ုိနာဗိုင္းရပ္စ္ဆုိင္ရာ WHO ရဲ႕ ေန႔စဥ္မွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ဒီေရာဂါကူးစက္မႈအတြက္ အရင္က စံခ်ိန္တင္ခဲ့တာက ဇြန္လ ၂၈ ရက္ေန႔ျဖစ္ၿပီး အဲဒီအခ်ိန္က လူေပါင္း ၂၀၀,၀၀၀ နီးပါး ကူးစက္ခံခဲ့ရတာပါ။

ဒီ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးရသူကေတာ့ တေန႔ကို ၅,၀၀၀ ေလာက္ ပံုမွန္ေတြ႔ေနရပါတယ္။

ကမာၻတလႊား ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူက စေနေန႔အထိဆို ၁၁ သန္းေက်ာ္ ရွိေနၿပီး ေသဆံုးရသူက သန္းတဝက္ေက်ာ္ ရွိေနတယ္လို႔ အေမရိကန္ Johns Hopkins စစ္တမ္းမွာ ေဖာ္ျပပါတယ္။

အေမရိကန္ျပည္ေထာင္စုအတြင္း စေနေန႔မွာ ကူးစက္ခံလူနာသစ္ ၅၀,၀၀၀ ေက်ာ္ ရွိလာတဲ့အတြက္ စုစုေပါင္း ကူးစက္ခံရသူ ၃ သန္းနီးပါး ရွိသြားၿပီျဖစ္ေၾကာင္း၊ ေသဆံုးရသူကေတာ့ ၁၃၀,၀၀၀ နီးပါး ရွိေနေၾကာင္း အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ ဗဟိုဌာန (CDC) က ေျပာဆိုထားပါတယ္။

အေမရိကန္မွာ ၾကာသပေတးေန႔ကေတာ့ တရက္အတြင္း ကူးစက္မႈ စံခ်ိန္တင္သြားၿပီး လူေပါင္း ၅ ေသာင္းခဲြေက်ာ္ ကူးစက္ခံခဲ့ရပါတယ္။

ဘရာဇီးမွာ စေနေန႔က ေနာက္ထပ္ ကူးစက္ခံရသူ ၅၀,၀၀၀ နီးပါး ရွိတဲ့အတြက္ အခုဆို စုစုေပါင္း ၁ သန္းခြဲေလာက္ ျဖစ္ေနၿပီး ေသဆံုးရသူက ၆၀,၀၀၀ ေက်ာ္ ရွိပါတယ္။

အိႏၵိယႏိုင္ငံမွာလည္း စေနေန႔က ေနာက္ထပ္ ကူးစက္ခံရသူ ၂၃,၀၀၀ ေလာက္ ရွိတဲ့အတြက္ အခုဆို စုစုေပါင္း ကူးစက္ခံရသူ ၆ သန္းခြဲေလာက္ ရွိေနၿပီး ေသဆံုးရသူေပါင္းက ၂၀,၀၀၀ နီးပါး ရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကမ္ဘာတလွှား COVID ကူးစက်မှု စနေတရက်တည်းမှာတင် ၂ သိန်းကျော်ရှိ

ကမ္ဘာတလွှား စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုဟာ ၂၄ နာရီအတွင်း လူပေါင်း ၂၀၀,၀၀၀ ကျော် စံချိန်တင် တိုးလာခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ပါတယ်။

ကူးစက်မှုအများဆုံး နိုင်ငံတွေက အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတွေဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ WHO ရဲ့ နေ့စဉ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီရောဂါကူးစက်မှုအတွက် အရင်က စံချိန်တင်ခဲ့တာက ဇွန်လ ၂၈ ရက်နေ့ဖြစ်ပြီး အဲဒီအချိန်က လူပေါင်း ၂၀၀,၀၀၀ နီးပါး ကူးစက်ခံခဲ့ရတာပါ။

ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူကတော့ တနေ့ကို ၅,၀၀၀ လောက် ပုံမှန်တွေ့နေရပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူက စနေနေ့အထိဆို ၁၁ သန်းကျော် ရှိနေပြီး သေဆုံးရသူက သန်းတဝက်ကျော် ရှိနေတယ်လို့ အမေရိကန် Johns Hopkins စစ်တမ်းမှာ ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း စနေနေ့မှာ ကူးစက်ခံလူနာသစ် ၅၀,၀၀၀ ကျော် ရှိလာတဲ့အတွက် စုစုပေါင်း ကူးစက်ခံရသူ ၃ သန်းနီးပါး ရှိသွားပြီဖြစ်ကြောင်း၊ သေဆုံးရသူကတော့ ၁၃၀,၀၀၀ နီးပါး ရှိနေကြောင်း အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဗဟိုဌာန (CDC) က ပြောဆိုထားပါတယ်။

အမေရိကန်မှာ ကြာသပတေးနေ့ကတော့ တရက်အတွင်း ကူးစက်မှု စံချိန်တင်သွားပြီး လူပေါင်း ၅ သောင်းခွဲကျော် ကူးစက်ခံခဲ့ရပါတယ်။

ဘရာဇီးမှာ စနေနေ့က နောက်ထပ် ကူးစက်ခံရသူ ၅၀,၀၀၀ နီးပါး ရှိတဲ့အတွက် အခုဆို စုစုပေါင်း ၁ သန်းခွဲလောက် ဖြစ်နေပြီး သေဆုံးရသူက ၆၀,၀၀၀ ကျော် ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း စနေနေ့က နောက်ထပ် ကူးစက်ခံရသူ ၂၃,၀၀၀ လောက် ရှိတဲ့အတွက် အခုဆို စုစုပေါင်း ကူးစက်ခံရသူ ၆ သန်းခွဲလောက် ရှိနေပြီး သေဆုံးရသူပေါင်းက ၂၀,၀၀၀ နီးပါး ရှိနေပါပြီ။

XS
SM
MD
LG