Zawgyi/Unicode
ကိုဗစ္ ၁၉ ေရာဂါ ေဝဒနာရွင္ေတြကို ကုသေရးအတြက္ ထိေရာက္တဲ့ေဆးရဖို႔ စမ္းသပ္စစ္ေဆးမႈ အေျဖကို မၾကာခင္မွာပဲ ရဖို႔ ရွိတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔အႀကီးအကဲ Tedros Adhanom Ghebreyesus က ေသာၾကာေန႔ ဂ်နီဗာအစည္းအေဝးမွာ ေျပာပါတယ္။
“ပူးေပါင္း စမ္းသပ္စစ္ေဆးမႈက ရတဲ့အ ခ်က္လက္ေတြကိုအဖြဲ႔က ျပန္သံုးသပ္တဲ့ အခါ ေရာဂါျဖစ္ပြါးတဲ့ အဆင့္အမ်ိဳးမ်ိဳးမွာ ေဆးစမ္းသပ္မႈအမ်ိဳးမ်ိဳး ထပ္လုပ္ဖို႔ လုိေနေသးတာကို ေတြ႔ရပါတယ္။ အခုခ်ိန္ အထိဆို ႏိုင္ငံေပါင္း ၃၉ ႏိုင္ငံက လူနာေပါင္း ၅ ၅၀၀ ေလာက္မွာ စမ္းသပ္ေနတာ ျဖစ္ၿပီး လာမယ့္ သီတင္း ၂ ပတ္ေလာက္ အတြင္းမွာေတာ့ ယာယီ အေျဖထြက္ လာမယ္” လို႔ ခန္႔မွန္းေၾကာင္း ေျပာသြားတာပါ။
ပူးေပါင္းစမ္းသပ္မႈအတြက္ ဒီေရာဂါကုသေရးမွာ သံုးႏိုင္မယ့္ က႑ ၅ ခုမွာ စတင္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ Remdesivir ေဆးနဲ႔ သမၼတ ေဒၚနယ္ထရမ့္ ေၾကညာေနတဲ့ Hydroxychloroquine ငွက္ဖ်ားေရာဂါအတြက္ ေဆး အျပင္ HIV ပိုးအတြက္သံုးတဲ့ ေဆးေတြလည္း စမ္းသပ္ရာမွာ ပါဝင္ပါတယ္။
WHO အဖြဲ႔ အေရးေပၚအစီအစဥ္ဆိုင္ရာ အႀကီးအကဲ Mike Ryan ကေတာ့ ဒီ ကိုဗစ္ ၁၉ ကို ကုသႏိုင္မယ့္ ေဆး ဘယ္ေတာ့ရမယ္ ဆိုတာကို ခန္႔မွန္း မေနၾကဖို႔ ေျပာပါတယ္။
တရုတ္ႏိုင္ငံ မွာ မႏွစ္ကစတင္ခဲ့တဲ့ ႏိုဗယ္လ္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါဟာ အခုအခ်ိန္မွာကမာၻတလႊား လူေပါင္း သန္းတဝက္ေက်ာ္ ကို ေသဆံုးေစခဲ့တာ ျဖစ္ပါတယ္။
ဒီကပ္ေရာဂါျဖစ္ပြါးခ်ိန္မွာ ကမာၻတလႊား ေဆးဝန္ထမ္းေတြ အတြက္ ကုိယ့္ကိုယ္ကို ကာကြယ္တဲ့ အသံုးအေဆာင္ ကရိယာေတြ လံုလံဳေလာက္ေလာက္ မရွိတာအတြက္ စိတ္မေကာင္း ျဖစ္ရေၾကာင္းလည္း WHO ကေျပာပါတယ္။
[Unicode]
ကိုဗစ် ၁၉ ရောဂါ ဝေဒနာရှင်တွေကို ကုသရေးအတွက် ထိရောက်တဲ့ဆေးရဖို့ စမ်းသပ်စစ်ဆေးမှု အဖြေကို မကြာခင်မှာပဲ ရဖို့ ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာအစည်းအဝေးမှာ ပြောပါတယ်။
“ပူးပေါင်း စမ်းသပ်စစ်ဆေးမှုက ရတဲ့အ ချက်လက်တွေကိုအဖွဲ့က ပြန်သုံးသပ်တဲ့ အခါ ရောဂါဖြစ်ပွါးတဲ့ အဆင့်အမျိုးမျိုးမှာ ဆေးစမ်းသပ်မှုအမျိုးမျိုး ထပ်လုပ်ဖို့ လိုနေသေးတာကို တွေ့ရပါတယ်။ အခုချိန် အထိဆို နိုင်ငံပေါင်း ၃၉ နိုင်ငံက လူနာပေါင်း ၅ ၅၀၀ လောက်မှာ စမ်းသပ်နေတာ ဖြစ်ပြီး လာမယ့် သီတင်း ၂ ပတ်လောက် အတွင်းမှာတော့ ယာယီ အဖြေထွက် လာမယ်” လို့ ခန့်မှန်းကြောင်း ပြောသွားတာပါ။
ပူးပေါင်းစမ်းသပ်မှုအတွက် ဒီရောဂါကုသရေးမှာ သုံးနိုင်မယ့် ကဏ္ဍ ၅ ခုမှာ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ Remdesivir ဆေးနဲ့ သမ္မတ ဒေါ်နယ်ထရမ့် ကြေညာနေတဲ့ Hydroxychloroquine ငှက်ဖျားရောဂါအတွက် ဆေး အပြင် HIV ပိုးအတွက်သုံးတဲ့ ဆေးတွေလည်း စမ်းသပ်ရာမှာ ပါဝင်ပါတယ်။
WHO အဖွဲ့ အရေးပေါ်အစီအစဉ်ဆိုင်ရာ အကြီးအကဲ Mike Ryan ကတော့ ဒီ ကိုဗစ် ၁၉ ကို ကုသနိုင်မယ့် ဆေး ဘယ်တော့ရမယ် ဆိုတာကို ခန့်မှန်း မနေကြဖို့ ပြောပါတယ်။
တရုတ်နိုင်ငံ မှာ မနှစ်ကစတင်ခဲ့တဲ့ နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ အခုအချိန်မှာကမ္ဘာတလွှား လူပေါင်း သန်းတဝက်ကျော် ကို သေဆုံးစေခဲ့တာ ဖြစ်ပါတယ်။
ဒီကပ်ရောဂါဖြစ်ပွါးချိန်မှာ ကမ္ဘာတလွှား ဆေးဝန်ထမ်းတွေ အတွက် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အသုံးအဆောင် ကရိယာတွေ လုံလုံလောက်လောက် မရှိတာအတွက် စိတ်မကောင်း ဖြစ်ရကြောင်းလည်း WHO ကပြောပါတယ်။