သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု တရက်အတွင်း ၂ သိန်းကျော် စံချိန်တင်


အိန္ဒိယနိုင်ငံ ဂျမူးမြို့ ဈေးတခုမှာ နှာခေါင်းစည်းတပ် သွားလာနေတဲ့ ဈေးဝယ်သူများ။ (ဇူလိုင် ၅၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ ဂျမူးမြို့ ဈေးတခုမှာ နှာခေါင်းစည်းတပ် သွားလာနေတဲ့ ဈေးဝယ်သူများ။ (ဇူလိုင် ၅၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ စံချိန်တင်မြင့်တက်ခဲ့ပြီး တရက်အတွင်း ကူးစက်သူပေါင်း ၂၁၀,၀၀၀ ကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။

အဲဒီထဲမှာ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတွေဟာ နေ့စဉ်ကူးစက်မှုနှုန်း အများဆုံးဖြစ်တယ်လို့ WHO က ပြောပါတယ်။

ဒီမတိုင်ခင် အရင်က အများဆုံး စံချိန်တင်ခဲ့တာကတော့ ဇွန် ၂၈ ရက်နေ့ကဖြစ်ပြီး အဲဒီတုန်းက ကူးစက်မှုက ၁၈၉,၀၀၀ ကျော်ဖြစ်ပါတယ်။

အခုဆိုရင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာလည်း တရက်ကို ၅,၀၀၀ လောက်ရှိပြီး တကမ္ဘာလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းလည်း ၁၁ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်မှာတော့ ပြည်နယ်အတော်များများမှာ ကူးစက်မှုတွေ ပြန်မြင့်တက်လာနေပြီး နိုင်ငံတဝန်း စနေနေ့က ရောဂါကူးစက်သူ ၅၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၇၅၀ လောက်ရှိတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ပြောပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်သူ ၂.၇ သန်းကျော်နဲ့ သေဆုံးသူ ၁၂၀,၀၀၀ ကျော်ရှိပါတယ်။

ဘရာဇီးနိုင်ငံမှာတော့ မနေ့က ကူးစက်သူ ၄၈,၀၀၀ ကျော်ရှိတာကြောင့် ကူးစက်သူဦးရေ ၁ သန်းခွဲလောက်နဲ့ သေဆုံးသူ ၆၂,၀၀၀ လောက်ရှိပါတယ်။

အိန္ဒိယမှာတော့ မနေ့က ကူးစက်သူ ၂၃,၀၀၀ လောက်ရှိခဲ့တာကြောင့် ကူးစက်ခံရသူ ၆ သိန်းခွဲကျော်သွားပြီဖြစ်ပြီး သေဆုံးသူက ၁၈,၀၀၀ ကျော်ရှိပါတယ်။

အာရှဘက်မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၁ ယောက်ရှိတာကြောင့် ဒါဟာ ၃ ရက်ဆက်တိုက် ကူးစက်သူ ၁၀၀ ကျော် တွေ့ရှိတာဖြစ်ပြီး မြို့ခံတွေကိုလည်း မလိုအပ်ရင် အပြင်မထွက်ကြဖို့ တိုကျိုအုပ်ချုပ်ရေးမှူးက ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ ပင်လယ်ကွေ့ဒေသက ဆော်ဒီနဲ့ UAE နိုင်ငံတွေမှာလည်း ပြီးခဲ့တဲ့လက ကန့်သတ်ချက်တွေကို အပြည့်အ၀ ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေပါတယ်။ ဆော်ဒီမှာ ကူးစက်သူ ၂၀၀,၀၀၀ ကျော်နဲ့ UAE မှာ ၅၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)








အိန်ဒိယမှာတော့ မနေ့က ကူးစကျသူ ၂၃,၀၀၀ လောကျရှိခဲ့တာကွောင့ျ ကူးစကျခံရသူ ၆ သိနျးခှဲကြောျသှားပွီဖွဈပွီး သဆေုံးသူက ၁၈၀,၀၀၀ ကြောျရှိပါတယျ။



XS
SM
MD
LG