သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တောင်ပိုင်းပြည်နယ်များ COVID ကူးစက်မှု စိုးရိမ်မှု တိုး


နှာခေါင်းစည်းတပ်ထားသူတချို့ကို Florida ပြည်နယ် Miami ကမ်းခြေရှိ ဈေးဝယ်စင်တာ တခုမှာ တွေ့ရ။ (ဇွန် ၂၉၊ ၂၀၂၀)
နှာခေါင်းစည်းတပ်ထားသူတချို့ကို Florida ပြည်နယ် Miami ကမ်းခြေရှိ ဈေးဝယ်စင်တာ တခုမှာ တွေ့ရ။ (ဇွန် ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါအတည်ပြုလူနာ သိသိသာသာများလာတဲ့ တောင်ပိုင်းပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေက အခြေအနေကို စိုးရိမ်ကြောင်း ပြောနေကြပါတယ်။

ကပ်ရောဂါကူးစက်မှုကြောင့် ပိတ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ပေးတာ သိပ်စောလွန်းသွားတယ်လို့ Arizona ပြည်နယ် Phoenix မြို့တော်ဝန် Kate Gallego က ABC News ရုပ်သံရဲ့ “This Week” အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ လူဦးရေ ၁.၇ သန်းရှိတဲ့ မြို့မှာ စုစုပေါင်း အတည်ပြုလူနာ ၅၉,၀၀၀ ရှိနေတာဟာ ပြဿနာကြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု တခုလုံးမှာ ခုရက်ပိုင်းအတွင်း တနေ့ထဲ အတည်ပြုလူနာ ၅၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ အများစုက တောင်ပိုင်းပြည်နယ်တွေ ဖြစ်ကြပါတယ်။ စနေနေ့က အတည်ပြုလူနာ ၃၅,၀၀၀ ရှိတဲ့ Texas ပြည်နယ်ထဲက ရောဂါပိုးကူးသူ ၄ ပုံ ၁ ပုံနီးပါးရှိတဲ့ Harris မြို့နယ် တရားသူကြီး Lina Hidalgo ကတော့ ရောဂါထိန်းချုပ်နိုင်ဖို့ လက်ဦးမှုယူဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်တယ်လို့ ABC ရုပ်သံကို ပြောကြားပါတယ်။

Florida ပြည်နယ်မှာဆိုလည်း စနေနေ့တရက်ထဲ အတည်ပြုလူနာ ၁၁,၄၀၀ နဲ့စံချိန်တင်အောင် များခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လိုက်တာနဲ့ လူတွေ နီးနီးကပ်ကပ် ပြန်ထိတွေ့ကြတဲ့အတွက် ရောဂါကူးသူ တိုးလာတာဖြစ်တယ်လို့ Miami, Florida, Mayor Francis Suarez told ABC ရုပ်သံကို ပြောခဲ့ပါတယ်။

သမ္မတ Donald Trump တော့ လူနာသစ် ၉၉ ရာခိုင်နှုန်း က စိုးရိမ်စရာ မရှိပါဘူးလို့ အိမ်ဖြူတော်မှာ စနေနေ့ညက ကျင်းပခဲ့တဲ့ ပွဲတခုမှာ ပြောကြားခဲ့ပါတယ်။ နေမကောင်းလို့ ဆေးရုံတက်ကုသရသူ သိသိသာသာများလာတယ်ဆိုတာ အခိုင်အမာမရှိဘဲ သံသယနဲ့ပြောနေတာဖြစ်ပြီး ရောဂါဖြစ်ခဲ့သူ လူငယ်တွေ ယေဘူယျ နေပြန်ကောင်းနေကြပြီလို့ သမ္မတက ဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






သမ်မတ Donald Trump
သမ်မတ Donald Trump


XS
SM
MD
LG