သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 နဲ့ ကိုယ်ဝန်ဆောင် မိခင်ကာကွယ်ရေး


A pregnant woman wears a face mask as a preventive measure against the spread of the new coronavirus, COVID-19, as she waits for the bus in Bogota, on March 16, 2020. - The Colombian government announced the indefinite suspension of face-to-face classes i
A pregnant woman wears a face mask as a preventive measure against the spread of the new coronavirus, COVID-19, as she waits for the bus in Bogota, on March 16, 2020. - The Colombian government announced the indefinite suspension of face-to-face classes i
တိုက်ရိုက် လင့်ခ်

COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ကူးစက်မူဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်နည်းပေမယ့်၊ ပိုပြင်းထန်တာတချို့ နိုင်ငံတကာမှာ စတွေ့လာတာကြောင့်၊ ပိုဂရုစိုက်ကာကွယ်ဖို့ လိုလာပြီလို့ သားဖွားမီးယပ်အထူးကုတွေက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာမှာ ဆေးရုံရောက်လာတဲ့ မွေးမိခင်တွေကို ဆေးစစ်ရာမှာ၊ အခြားသူတွေထက် COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့တာ နည်းနေသေးပေမယ့်၊ ပိုးတွေ့ထားတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုဆိုးတာတချို့တွေ့နေရချိန်မှာ၊ မြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ခံရတာ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာက ဆေးရုံတက်လာတဲ့ မွေးမိခင်တွေတိုင်း၊ ဒီရောဂါလက္ခဏာမရှိလျှင် ဆေးစစ်မပေးနိုင်သေးပေမယ့်၊ အခုလို နိုင်ငံတိုင်းမှာ ကူးစက်ခံရမူနည်းနေတာက၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့ အပြင်သိပ်မထွက်ဘဲ၊ ထိတွေ့မူနည်းတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ COVID-19 ရောဂါက ကိုယ်ဝန်ဆောင်တွေမှာလည်း ထိတွေ့မူရှိလျှင်တော့ အခြားသူတွေနည်းတူ ကူးစက်ခံရနိုင်ပါတယ်။

COVID-19 ရောဂါ အစပိုင်းတုန်းကတော့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အခြားသူတွေထက် ပိုဆိုးနိုင်တာကို မတွေ့ရှိခဲ့ပေမယ့် မကြာသေးခင်ကပဲ၊ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) ရဲ့ သုတေသနတွေ့ရှိချက်အရ၊ ပိုပြင်းထန်လာတာကြောင့် ကိုယ်ဝန်မဆောင်သူတွေထက် ဆေးရုံပိုတင်ရတာနဲ့ အထူးကြပ်မတ်ဆောင် (ICU) ပိုရောက်တာကို တွေ့ရှိလိုက်ရတာမို့ ပိုစိုးရိမ်စရာ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေမှာ သေဆုံးမူ ပိုများတာကိုတော့ မတွေ့ရသေးပါဘူး။ အရင်တုံးကတော့ အခြားပိုပြင်းထန်နိုင်သူတွေဖြစ်တဲ့ အသက်ကြီးသူ၊ နာတာရှည်ရောဂါအခံရှိသူနဲ့ ကိုယ်ခံအားနည်းသူတွေမှာ နည်းတူ၊ အလားတူအနေအထားရှိတဲ့ ကိုယ်ဝန်ဆောင်မျိုးတွေမှာသာ၊ ပြင်းထန်မူ ရှိနိုင်တယ်လို့ လက်ခံထားခဲ့တာပါ။

တကယ်တော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အခြားကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေကဲ့သို့ မဟုတ်ဘဲ၊ မိခင်နဲ့ ရာနှုန်းပြည့် တထပ်တည်းမတူတဲ့ သန္ဓေသား ရောက်လာတာကြောင့်၊ ပြင်ပပစ္စည်း (Foreign Body) ဝင်လာသကဲ့သို့၊ ခန္တာကိုယ် ခုခံအားစနစ် များစွာပြောင်းသွားတာအပြင်၊ ဟော်မုန်းအပြောင်းအလဲလည်း ဖြစ်လာကာ၊ အချို့ဗိုင်းရပ်စ်တွေ ပိုပြင်းထန်လာတတ်လို့ပါ။ ဥပမာ ရေယုန်ဗိုင်းရပ်စ်ပိုး ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ခံရလျှင်၊ အခြားအမျိုးသမီးတွေထက် ပိုပြင်းထန်လေ့ရှိပြီး၊ သန္ဓေသားကိုပါ ထိခိုက်တာကို၊ အထောက်အထား တွေ့ရှိပြီးသားပါ။ ဒါ့အပြင် ကိုယ်ဝန်ရင့်လာချိန် အထူးသဖြင့် ကိုယ်ဝန် (၇) လ ကျော်လာချိန်မှာ သန္ဓေသားနဲ့ သားအိမ်ကြီးလာကာ၊ ရင်ခေါင်းနဲ့ဝမ်းခေါင်းအကန့်ကို တွန်းတင်သလို ဖြစ်တာကြောင့်၊ အသက်ရှုရခက်လေ့ရှိတာမို့၊ COVID-19 ဖြစ်ပြီး အဆုပ်ရောင်လာလျှင်၊ သာမန်သူတွေထက် ပိုအသက်ရူခက်သွားစေပြီး၊ ပိုပြင်းထန်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း၊ ကိုယ်ဝန်လရင့်လာတဲ့ (၂၈) ပတ်ဖြစ်တဲ့၊ (၆) လ၊ (၇) လ ကိုယ်ဝန်ရှိလာချိန်နောက်ပိုင်းမှာ၊ ပိုပြင်းထန်တတ်ပြီး၊ ပိုဂရုစိုက်ဖို့လိုအပ်တာကို ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ COVID-19 ကာကွယ်ရေးတွေကို အခြားသူတွေထက် ပိုဂရုပြု လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ထိတွေ့မူ နည်းနိုင်သမျှ နည်းအောင်၊ ဖြစ်နိုင်လျှင် အိမ်မှာ ပိုအဓိက နေသင့်ပါတယ်။ အပြင်ထွက်အလုပ်လုပ်နေရတဲ့ ကိုယ်ဝန်သည်မျိုးကဲ့သို့၊ မဖြစ်မနေအပြင်ထွက်နေရလျှင်လဲ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို ပိုပြီးသေသေချာချာ တတ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှာခေါင်းစည်းတပ်ကျင့် မရှိတာကြောင့်၊ အခြားသူတချို့မှာလို နေရထိုင်ရခက်ကာ၊ နှာခေါင်းပေါ်ဆွဲတင်တာ၊ မေးစေ့အောက် ဆွဲချတာမျိုး ပေါ့ပေါ့ဆဆ မလုပ်ဘဲ၊ ပိုပြီးသေသေချာချာ တပ်ဖို့လိုပါတယ်။ ဒါ့အပြင် ခပ်ခွာခွာနေနိုင်ဖို့ (Social Distancing) အတွက်လည်း သေချာအောင်၊ ခွာနေဖို့ခက်တဲ့ ဈေးမျိုးကို ဖြစ်နိုင်လျှင် မသွားဘဲ၊ မဖြစ်မနေ သွားရလျှင်တော့၊ မပေါ့ဆဘဲ၊ ခပ်ခွာခွာနေနိုင်အောင် ပိုပြီးသတိထား ရှောင်ရှားသွားလာသင့်ပါတယ်။ လက်ကို အခြားအရာတွေနဲ့ ထိတွေ့ပြီးတိုင်း မကြာခဏ ဆေးဖို့လိုရာမှာ၊ ရေနဲ့ဆပ်ပြာ အမြဲမရနိုင်လျှင်၊ လက်ဆေးရည်ပျစ် (Hand Sanitizer/ Hand Gel) အမြဲဆောင်ထားပြီး သုံးသင့်ပါတယ်။

အကယ်၍ ကိုယ်ဝန်ဆောင်မိခင်မှာ COVID-19 ပိုး ရှိလာလျှင် ကလေးအပေါ် ထိခိုက်နိုင်တာကိုလည်း စတွေ့ရှိထားပါတယ်။ ကလေးပျက်ကျတာ၊ ခြေလက်အင်္ဂါမစုံဘဲ မွေးတာနဲ့ ကလေးကိုကူးစက်တာတွေကို မတွေ့ရသေးပေမယ့်၊ ကိုယ်ဝန်ရင့်လာသူတွေမှာ လမစေ့ဘဲ မွေးတာကိုတော့ စတွေ့နေတာမို့၊ ကလေးကိုလည်း ထိခိုက်နိုင်တာပါ။ ဒါကြောင့် မိခင်တွေကို ဒီကမ္ဘာ့ကပ်ရောဂါကြီး မကူးစက်ဖို့ အရေးကြီးလာနေပြီး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးတွေကို အခြားသူတွေထက် ပိုမို အလေးအနက်ထား လုပ်ဆောင်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ သားဖွားမီးယပ်အထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာမြသီတာ ကို ကိုဝင်းမင်း က မေးမြန်းတင်ပြထားပါတယ်။

==Unicode==








XS
SM
MD
LG