[Zawgyi/Unicode]
ကမၻာတ၀ွမ္း ကို႐ိုနာဗုိင္းရပ္စ္ပိုးကူးစက္မႈေတြ ၁၁.၇ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၅၄၀,၀၀၀ ေက်ာ္ရွိလာခ်ိန္မွာပဲ ကမၻာ့မွာ ပိုးကူးစက္မႈနဲ႔ ေသဆုံးသူအမ်ားဆုံး ရွိေနတဲ့ အေမရိကန္မွာလည္း ပိုးကူးစက္မႈေတြ႔ေနစဥ္လို စံခ်ိန္တင္တိုးလာေနပါတယ္။ အေမရိကန္မွာ ဇူလို္င္လပထမပတ္မွာ တႏုိင္ငံလုံးအတုိင္းအတာနဲ႔ ေန႔စဥ္ပိုးကူးခံရသူ ၅၀,၀၀၀ ေက်ာ္ရွိလာသလို ျပည္နယ္အေတာ္မ်ားမ်ားမွာလည္း ပိုးကူးခံရသူ ေန႔စဥ္စံခ်ိန္သစ္တင္တိုးလာေနပါတယ္။
အေမရိကန္က ကူးစက္ေရာဂါဆုိင္ရာ ထိပ္တန္းပညာရွင္ Dr Anthony Fauci ကေတာ့ အေမရိကန္မွာ ပိုးကူးစက္မႈ ပထမလႈိင္းေတာင္ မေက်ာ္ႏုိင္ေသးဘူးလို႔ တနလၤာေန႔မွာ ေျပာဆိုခဲ့တာပါ။
တကၠဆတ္ျပည္နယ္မွာေတာ့ တနလၤာေန႔က ပိုးကူးခံရသူအသစ္ ၈,၇၀၀ ေက်ာ္နဲ႔ တေန႔ထဲ ပိုးကူးသူအမ်ားဆုံး စံခ်ိန္တင္ေရာက္ရိွခဲ့တာပါ။ ျပည္နယ္ထဲက ေဆး႐ုံေတြမွာလည္း COVID-19 လူနာေတြနဲ႔ ျပည့္လွ်ံေနသလို အေျခအေနဆိုုးလာတဲ့ San Antonio ၿမိဳ႕ကိုလည္း COVID လူနာကုသေရးကူညီဖို႔ အဖြဲ႔၀င္ ၅၀ ပါတဲ့ စစ္ေဆးတပ္ဖြဲ႔ကို ေစလႊတ္ဖို႔ စီစဥ္ေနပါတယ္။
ခုလို ပိုးကူးစက္မႈတရွိန္ထိုး တက္လာတဲ့အတြက္ ကယ္လီဖိုးနီးယားနဲ႔ ဖေလာ္ရီဒါအပါအ၀င္ ျပည္နယ္တခ်ိဳ႕မွာ ကန္႔သတ္မႈေတြ ျပန္ၿပီး ခ်မွတ္ထားပါတယ္။ အေမရိကန္ၿပိီးရင္ ပိုးကူးစက္မႈ ဒုတိယအမ်ားဆုံးရွိတဲ့ ဘရာဇီးလ္ႏုိင္ငံမွာ ပိုးကူးလူနာ ၁.၆ သန္းေက်ာ္နဲ႔ ေသဆုံးသူက ၆,၅၀၀ ေက်ာ္ေပမဲ့ သမၼတ Jair Bolsonaro ကေတာ့ ပိုးကူးစက္မႈကို တုပ္ေကြးထက္နည္းနည္းဆိုးတဲ့ ေရာဂါအျဖစ္ ခုခ်ိန္ထိ ေလ ွ်ာ့ေပါ့ ေျပာဆိုေနတာပါ။
ပိုးကူးလူနာ တတိယအမ်ားဆုံးရွိေနတဲ့ အိႏၵိယမွာလည္း တနလာၤေန႔တရက္ထဲ ပိုးကူးခံရသူသစ္ ၂၃,၀၀၀ ေက်ာ္ရွိခဲ့သလို ပိုးကူးစက္ရာ အခ်က္အခ်ာ ေနရာတခုျဖစ္တဲ့ စီးပြားေရးၿမိဳ႕ေတာ္ မြန္ဘိုင္းမွာ လူနာ ၃,၅၀၀ ဆန္႔ယာယီေဆးရုံ ၄ ခု ဒီကေန႔ပဲ ဖြင့္လွစ္္လိုက္ပါတယ္။ အိႏၵိယမွာ COVID -19 ေၾကာင့္ေသဆုံးသူ ၂၀,၀၀၀ ေက်ာ္နဲ႔ ကူးစက္ခံထားရသူက ၇၂၀,၀၀၀ ေက်ာ္ရွိေနပါတယ္။
[Unicode Version]
ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၁၁ သန်းကျော်လာ
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုတွေ ၁၁.၇ သန်းကျော်နဲ့ သေဆုံးသူ ၅၄၀,၀၀၀ ကျော်ရှိလာချိန်မှာပဲ ကမ္ဘာ့မှာ ပိုးကူးစက်မှုနဲ့ သေဆုံးသူအများဆုံး ရှိနေတဲ့ အမေရိကန်မှာလည်း ပိုးကူးစက်မှုတွေ့နေစဉ်လို စံချိန်တင်တိုးလာနေပါတယ်။ အမေရိကန်မှာ ဇူလိုင်လပထမပတ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နေ့စဉ်ပိုးကူးခံရသူ ၅၀,၀၀၀ ကျော်ရှိလာသလို ပြည်နယ်အတော်များများမှာလည်း ပိုးကူးခံရသူ နေ့စဉ်စံချိန်သစ်တင်တိုးလာနေပါတယ်။
အမေရိကန်က ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် Dr Anthony Fauci ကတော့ အမေရိကန်မှာ ပိုးကူးစက်မှု ပထမလှိုင်းတောင် မကျော်နိုင်သေးဘူးလို့ တနင်္လာနေ့မှာ ပြောဆိုခဲ့တာပါ။
တက္ကဆတ်ပြည်နယ်မှာတော့ တနင်္လာနေ့က ပိုးကူးခံရသူအသစ် ၈,၇၀၀ ကျော်နဲ့ တနေ့ထဲ ပိုးကူးသူအများဆုံး စံချိန်တင်ရောက်ရှိခဲ့တာပါ။ ပြည်နယ်ထဲက ဆေးရုံတွေမှာလည်း COVID-19 လူနာတွေနဲ့ ပြည့်လျှံနေသလို အခြေအနေဆိုးလာတဲ့ San Antonio မြို့ကိုလည်း COVID လူနာကုသရေးကူညီဖို့ အဖွဲ့ဝင် ၅၀ ပါတဲ့ စစ်ဆေးတပ်ဖွဲ့ကို စေလွှတ်ဖို့ စီစဉ်နေပါတယ်။
ခုလို ပိုးကူးစက်မှုတရှိန်ထိုး တက်လာတဲ့အတွက် ကယ်လီဖိုးနီးယားနဲ့ ဖလော်ရီဒါအပါအဝင် ပြည်နယ်တချို့မှာ ကန့်သတ်မှုတွေ ပြန်ပြီး ချမှတ်ထားပါတယ်။ အမေရိကန်ပြီးရင် ပိုးကူးစက်မှု ဒုတိယအများဆုံးရှိတဲ့ ဘရာဇီးလ်နိုင်ငံမှာ ပိုးကူးလူနာ ၁.၆ သန်းကျော်နဲ့ သေဆုံးသူက ၆,၅၀၀ ကျော်ပေမဲ့ သမ္မတ Jair Bolsonaro ကတော့ ပိုးကူးစက်မှုကို တုပ်ကွေးထက်နည်းနည်းဆိုးတဲ့ ရောဂါအဖြစ် ခုချိန်ထိ လေ ျှာ့ပေါ့ ပြောဆိုနေတာပါ။
ပိုးကူးလူနာ တတိယအများဆုံးရှိနေတဲ့ အိန္ဒိယမှာလည်း တနလာၤနေ့တရက်ထဲ ပိုးကူးခံရသူသစ် ၂၃,၀၀၀ ကျော်ရှိခဲ့သလို ပိုးကူးစက်ရာ အချက်အချာ နေရာတခုဖြစ်တဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်းမှာ လူနာ ၃,၅၀၀ ဆန့်ယာယီဆေးရုံ ၄ ခု ဒီကနေ့ပဲ ဖွင့်လှစ်လိုက်ပါတယ်။ အိန္ဒိယမှာ COVID -19 ကြောင့်သေဆုံးသူ ၂၀,၀၀၀ ကျော်နဲ့ ကူးစက်ခံထားရသူက ၇၂၀,၀၀၀ ကျော်ရှိနေပါတယ်။