သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံရ


ဘရာဇီးလ်သမ္မတ Jair Bolsonaro
ဘရာဇီးလ်သမ္မတ Jair Bolsonaro

Zawgyi/Unicode

ဘရာဇီးလ်သမ္မတ Jair Bolsonaro က သူဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံနေရပြီ ဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။ သူ့မှာ အဖျားရှိတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ တွေ့လာရပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလိုကြေညာခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ပတ်သက်ပြီး သမ္မတ Bolsonaro က လေ ျှာ့ပေါ့ ပြောလေ့ရှိသလို သူဟာ ကျန်းမာရေးလိုက်စားသူ ဖြစ်တဲ့ အတွက် အကူးစက်ခံရမှာကို စိတ်မပူကြောင်း သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ဘူးပါတယ်။

ဒီရောဂါဖြစ်တာဟာ ရိုးရိုးဖျားနာတာလို ဒါမှမဟုတ် ဥတုရာသီ ဒဏ်ခံရသလို ဖြစ်နေပြီး သူ့အနေနဲ့ဘာမှ သိပ်မခံစားရကြောင်းလည်း ပြောပါတယ်။

သမ္မတ Bolsonaro ဟာ ဒီဗိုင်းရပ်စ်ပိုးရဲ့ အသက်ပါသေစေနိုင်တဲ့ အန္တရာယ်ကို လ ျှစ်လျူရှုတဲ့ အနေနဲ့ လူထုကြားသွားလာရာမှာ နှာခေါင်းစည်း တပ်ဖို့လိုမျိုး ဒီရောဂါမပြန့်နှံအောင် ထိန်းချုပ်မှုတွေကိုပါ စိန်ခေါ်ခဲ့သူ ဖြစ်ပါတယ်။

သူ့လက်ထောက် အများအပြားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖလော်ရီဒါပြည်နယ်က Mar-a-Lago နေအိမ်မှာ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း မတ်လထဲမှာ ဒီရောဂါ အကူးစက်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီနောက်မှာ သမ္မတ Bolsonaro ရဲ့ ကိုဗစ် ၁၉ အတွက် ဆေးစစ်မှု ၃ ကြိမ်စလုံး ပိုးကူးစက်မှု မရှိခဲ့ဘူးလို့ AP သတင်းမှာ ဖေါ်ပြပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဒဏ် အဆိုးဝါးဆုံး ခံရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အကူးစက်ခံရသူက ၁.၆ သန်းကျော်ရှိနေသလို ဒီရောဂါကြောင့် သေဆုံးရသူကလည်း ၆ သောင်းခွဲ ကျော် ရှိနေတာပါ။

ဘရာဇီးသမ္မတ Covid-19 ကူးစက်ခံရ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်


[Unicode]


ကိုရိုနာဗိုငျးရပျဈ အန်တရာယျနဲ့ပတျသကျပွီး သမ်မတ Bolsonaro က လေ ြှာ့ပေါ့ ပွောလေ့ရှိသလို သူဟာ ကနြျးမာရေးလိုကျစားသူ ဖွဈတဲ့ အတှကျ အကူးစကျခံရမှာကို စိတျမပူကွောငျး သူ့ကို ထောကျခံသူတှကေို ပွောခဲ့ဘူးပါတယျ။





XS
SM
MD
LG