သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီးကထိပ္တန္း သတင္းဌာန ၄ ခု သမၼတကုိ သပိတ္ေမွာက္


ဘရာဇီးသမၼတ Jair Bolsonaro

Zawgyi/Unicode

ဘရာဇီးလ္သမၼတ Jair Bolsonaro ဟာ သတင္းသမားေတြအေပၚ သူ႔ကိုေထာက္ခံသူေတြရဲ့ ပုတ္ခတ္ အႏိုင္က်င့္မႈေတြကို အကာအကြယ္မေပးတဲ့ အတြက္ သမၼတ အိမ္ေတာ္ သတင္းရယူဖို႔ လႊတ္ထားတဲ့ သူတို႔ရဲ့ သတင္းေထာက္ေတြကို ျပန္ေခၚယူလိုက္ၿပီလို႔ ဘရာဇီးလ္ နာမည္ႀကီး သတင္းဌာန ၄ ခုက ေျပာပါတယ္။ ဘရာဇီးလ္က အႀကီးဆံုးသတင္းကြန္ယက္ TV Globo ပိုင္ Organizações Globo ၊ O Globo နဲ႔ Valor Economico သတင္းစာေတြ နဲ႔အတူ TV Bandeirantes ကေရာ၊ ေန႔စဥ္ထုတ္ သတင္းစာႀကီးေတြ ျဖစ္တဲ့ Folha de S. Paulo နဲ႔ Estado de S.Paulo တို႔ကပါ သမၼတ နန္းေတာ္ Alvorada အတြက္ သတင္းယူတာေတြကို တနလၤာညက စၿပီးရပ္ဆိုင္းထားဖို႔ သေဘာတူညီခဲ့ၾကတာပါ။

သမၼတ Bolsonaro က သူ႔ကို ေထာက္ခံသူေတြရဲ့ ေနအိမ္ေတြေရွ႕ ရပ္ၿပီး ႏႈတ္ဆက္ေလ့ရွိသလို တြဲၿပီးဆဲလ္ဖီရိုက္တာ နဲ႔ သတင္းေထာက္ေတြအတြက္ ေျပာၾကားေလ့ရွိပါတယ္။

ဒါေပမယ့္ မၾကာခင္ ရက္ပိုင္းေတြမွာေတာ့ သူ႔ကို ေထာက္ခံသူေတြက အိမ္ဝင္းထိပ္မွာပဲ သတင္းေထာက္ေတြကို ေဒါသတႀကီး ႏႈတ္နဲ႔တိုက္ခိုက္ေျပာဆိုလာတာပါ။ တနလၤာေန႔ကေတာ့ သူ႔ကို ေထာက္ခံသူ ၆၀ ေလာက္က သတင္းေထာက္ေတြကို လူလိမ္လူညာေတြ ကြန္ျမဴနစ္ေတြလို႔ ေအာ္ဟစ္ၿပီး ပုတ္ခတ္ေျပာဆို လာၾကပါတယ္။

ဘရာဇီ္းလ္ႏုိင္ငံမွာ လူေပါင္း ၂ ေသာင္းေက်ာ္ ေသဆံုးခဲ့ရၿပီး ႏိုင္ငံ့စီးပြါးေရး ထိခိုက္လာေစတဲ့ ကိုရိုနာဗုိင္းရပ္စ္ကပ္ေရာဂါ နဲ႔ပတ္သက္ၿပီး သမၼတရဲ့ ကိုင္တြယ္ေဆာင္ရြက္ပံု မွားယြင္းတယ္ဆိုတဲ့ ေဝဖန္မႈ ေတြရွိလာၿပီး သမၼတ Bolsonaro ရဲ့ ႏိုင္ငံေရးအေျခေန မဟန္ပဲ ျဖစ္ေနခ်ိန္မွာ သတင္းသမားေတြအေပၚ တုိက္ခိုက္မႈေတြ ျပင္းထန္လာတာ ျဖစ္ပါတယ္။

ရဲလုပ္ငန္းကို ဝင္ေရာက္ေႏွာက္ယွက္တယ္ ဆိုတဲ့ စြပ္စြဲမႈ အတြက္ သမၼတဟာ စံုစမ္းစစ္ေဆးတာ ခံေနရတာေၾကာင့္ ဒါဟာ သမၼတကို ျဖဳတ္ခ်ဖို႔ မီဒီယာေတြရဲ့ လုပ္ေဆာင္မႈ အစိတ္အပိုင္း တခု အျဖစ္ သမၼတကို ေထာက္ခံသူေတြက ျမင္ၾကပါတယ္။

[Unicode]

ဘရာဇီးလ်သမ္မတ Jair Bolsonaro ဟာ သတင်းသမားတွေအပေါ် သူ့ကိုထောက်ခံသူတွေရဲ့ ပုတ်ခတ် အနိုင်ကျင့်မှုတွေကို အကာအကွယ်မပေးတဲ့ အတွက် သမ္မတ အိမ်တော် သတင်းရယူဖို့ လွှတ်ထားတဲ့ သူတို့ရဲ့ သတင်းထောက်တွေကို ပြန်ခေါ်ယူလိုက်ပြီလို့ ဘရာဇီးလ် နာမည်ကြီး သတင်းဌာန ၄ ခုက ပြောပါတယ်။ ဘရာဇီးလ်က အကြီးဆုံးသတင်းကွန်ယက် TV Globo ပိုင် Organizações Globo ၊ O Globo နဲ့ Valor Economico သတင်းစာတွေ နဲ့အတူ TV Bandeirantes ကရော၊ နေ့စဉ်ထုတ် သတင်းစာကြီးတွေ ဖြစ်တဲ့ Folha de S. Paulo နဲ့ Estado de S.Paulo တို့ကပါ သမ္မတ နန်းတော် Alvorada အတွက် သတင်းယူတာတွေကို တနင်္လာညက စပြီးရပ်ဆိုင်းထားဖို့ သဘောတူညီခဲ့ကြတာပါ။

သမ္မတ Bolsonaro က သူ့ကို ထောက်ခံသူတွေရဲ့ နေအိမ်တွေရှေ့ ရပ်ပြီး နှုတ်ဆက်လေ့ရှိသလို တွဲပြီးဆဲလ်ဖီရိုက်တာ နဲ့ သတင်းထောက်တွေအတွက် ပြောကြားလေ့ရှိပါတယ်။

ဒါပေမယ့် မကြာခင် ရက်ပိုင်းတွေမှာတော့ သူ့ကို ထောက်ခံသူတွေက အိမ်ဝင်းထိပ်မှာပဲ သတင်းထောက်တွေကို ဒေါသတကြီး နှုတ်နဲ့တိုက်ခိုက်ပြောဆိုလာတာပါ။ တနင်္လာနေ့ကတော့ သူ့ကို ထောက်ခံသူ ၆၀ လောက်က သတင်းထောက်တွေကို လူလိမ်လူညာတွေ ကွန်မြူနစ်တွေလို့ အော်ဟစ်ပြီး ပုတ်ခတ်ပြောဆို လာကြပါတယ်။

ဘရာဇီ်းလ်နိုင်ငံမှာ လူပေါင်း ၂ သောင်းကျော် သေဆုံးခဲ့ရပြီး နိုင်ငံ့စီးပွါးရေး ထိခိုက်လာစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ နဲ့ပတ်သက်ပြီး သမ္မတရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ မှားယွင်းတယ်ဆိုတဲ့ ဝေဖန်မှု တွေရှိလာပြီး သမ္မတ Bolsonaro ရဲ့ နိုင်ငံရေးအခြေနေ မဟန်ပဲ ဖြစ်နေချိန်မှာ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေ ပြင်းထန်လာတာ ဖြစ်ပါတယ်။

ရဲလုပ်ငန်းကို ဝင်ရောက်နှောက်ယှက်တယ် ဆိုတဲ့ စွပ်စွဲမှု အတွက် သမ္မတဟာ စုံစမ်းစစ်ဆေးတာ ခံနေရတာကြောင့် ဒါဟာ သမ္မတကို ဖြုတ်ချဖို့ မီဒီယာတွေရဲ့ လုပ်ဆောင်မှု အစိတ်အပိုင်း တခု အဖြစ် သမ္မတကို ထောက်ခံသူတွေက မြင်ကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG