သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီး ရေကာတာကျိုးပေါက်မှု အသေအပျောက်များပြား


ဘရာဇီးလ် ရေကာတာပြိုကျပြီး အိမ်တလုံး ပျက်စီးသွားရပုံ (ဇန်နဝါရီ ၂၆၊ ၂၀၁၉)
ဘရာဇီးလ် ရေကာတာပြိုကျပြီး အိမ်တလုံး ပျက်စီးသွားရပုံ (ဇန်နဝါရီ ၂၆၊ ၂၀၁၉)

ဘရာဇီလ်းနိုင်ငံက သတ္တုတူးဖော်ရေးလုပ်ငန်းက ရေကာတာပြိုကျပြီး မြေပြိုခဲ့တာကြောင့် သေဆုံးသူ ၃၄ ယောက်ထိ ရှိလာကြောင်း တာဝန်ရှိသူတွေက မနေ့ စနေနေ့မှာ ပြောပါတယ်။

သောကြာနေ့က ရေကာတာ ပြိုကျပြီး အနီးက လူနေဒေသအတွင်း ရွံ့တွေ ပြိုကျခဲ့ပြီးနောက်မှာတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက သတ္တုတူးဖော်ရေး လုပ်ငန်းကြီး Vales ကို ဒေါ်လာ ၆၆ သန်း ဒဏ်တပ်ခဲ့ပါတယ်။ Minas Gerais ပြည်နယ် အရှေ့တောင်ပိုင်း Brumadinho မြို့ အနီးက ရေကာတာ ပြိုကျပြီး ရေကြီးနေတဲ့ ဒေသတွေမှာ ပိတ်မိနေသူ ၃၀၀ လောက် ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး ဆက်ပြီး ဆောင်ရွက်နေပေမယ်လို့လည်း လူတွေကို အသက်ရှင်လျက် ပြန်တွေ့ဖို့ အခွင့်အလမ်း သိပ်မရှိတော့ဘူးလို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Romeu Zema က မနေ့ စနေနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ သတ္တုတူးဖော်ရေး လုပ်ငန်းကြီး Vales ကို စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်မှု၊ ဘေးအန္တရာယ် ဖြစ်စေပြီး သဘာဝ ညစ်ညမ်းစေမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဒဏ်ကြေးချမှတ်ခဲ့တာပါ

ရေကာတာ ပြိုကျချိန်မှာ ရေကာတာ ထိန်းချုပ်ရေး ဧရိယာအတွင်းမှာ နေ့လည်စာ စားနေကြတဲ့ ဝန်ထမ်း ၂၀၀ တို့လည်း ပျောက်ဆုံးသူတွေထဲမှာ ပါဝင်တယ်လို့ မီးသတ် ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဘေးဒုက္ခကြုံတွေ့ရတဲ့အပေါ် အထူးဝမ်းနည်းရ ပါကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူခံစားရပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုထားပါတယ်။

ရွံ့တွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဖို့ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ကြိုးစားနေကြတာကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။ ပျက်စီးသွားတဲ့ အိုးအိမ်၊ ကားတွေနဲ့ စိုက်ပျိုးမြေတွေ အတော်များများ ပျက်စီးနေတာတွေကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။ အနိမ့်ပိုင်းက အိမ်တွေမှာ နေထိုင်နေကြသူတွေ ဘေးလွတ်ရာ ရွှေ့ဖို့လည်း အာဏာပိုင်တို့က ညွှန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG