[Zawgyi/Unicode]
အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္ ေလ်ာ့လာၿပီဆိုၿပီး စိတ္ေအးလက္ေအး ရွိမေနၾကဖို႔ ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းပညာရွင္ ေဒါက္တာ Anthony Fauci က အဂၤါေန႔မွာ သတိေပးလိုက္ပါတယ္။
"ေသဆံုးသူအေရအတြက္ ေလ်ာ့လာတာေၾကာင့္ စိတ္ခ်လက္ခ် ေနလို႔ရၿပီဆိုတာက လြဲမွားတဲ့ေျပာဆုိခ်က္ပါပဲ။ ဒီဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သိပ္ကိုအႏၲရာယ္ႀကီးၿပီးေတာ့ ဆိုးရြားတဲ့ တျခားကိစၥေတြ အမ်ားႀကီးရွိပါတယ္။ အယူလြဲၿပီး စိတ္ေအးလက္ေအး မေနၾကပါနဲ႔။" လို႔ ေဒါက္တာ Fauci ကေျပာပါတယ္။
အေမရိကန္အထက္လႊတ္ေတာ္အမတ္ Doug Jones နဲ႔ ေဖ့စ္ဘုတ္ကေန တိုက္႐ိုက္လႊင့္တဲ့ အေမးအေျဖ အစီအစဥ္တခုအတြင္း ေဒါက္တာ Fauci က အဲဒီလိုေျပာသြားတာပါ။
အေမရိကန္မွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူအေရအတြက္ဟာ ဒီကေန႔အထိဆိုရင္ ၁၃၀,၀၀၀ ေက်ာ္ရွိၿပီလို႔ Johns Hopkins တကၠသိုလ္က ျပဳစုေနတဲ့ ကိန္းဂဏန္းေတြမွာ ေဖာ္ျပထားပါတယ္။
"ေသဆံုးသူအေရအတြက္ဟာ ၁၀ ဆ ေလ်ာ့သြားၿပီ။" ဆိုၿပီး သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က Twitter မွာ အဂၤါေန႔ညက ေရးခဲ့တာပါ။ ဒါေပမဲ့ ေဒါက္တာ Fauci ကေတာ့ အေမရိကန္မွာ ဒီကပ္ေရာဂါဟာ ပထမလိႈင္းအဆင့္မွာ ဆိုးရြားေနဆဲပဲလို႔ ဒီသီတင္းပတ္အေစာပိုင္းကပဲ သတိေပးထားပါေသးတယ္။
အေမရိကန္တႏိုင္ငံလံုးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ ၃,၀၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး တကမာၻလံုးအေနနဲ႔ဆိုရင္ေတာ့ ကူးစက္သူ ၁၂ သန္းနီးပါးနဲ႔ ေသဆံုးသူက ၅၄၀,၀၀၀ ေက်ာ္ေနၿပီျဖစ္ပါတယ္။
[Unicode Version]
ကိုဗစ်အန္တရာယ် လျှော့မတွက်ဖို့ ကန်ပညာရှင်သတိပေး
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် လျော့လာပြီဆိုပြီး စိတ်အေးလက်အေး ရှိမနေကြဖို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
"သေဆုံးသူအရေအတွက် လျော့လာတာကြောင့် စိတ်ချလက်ချ နေလို့ရပြီဆိုတာက လွဲမှားတဲ့ပြောဆိုချက်ပါပဲ။ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သိပ်ကိုအန္တရာယ်ကြီးပြီးတော့ ဆိုးရွားတဲ့ တခြားကိစ္စတွေ အများကြီးရှိပါတယ်။ အယူလွဲပြီး စိတ်အေးလက်အေး မနေကြပါနဲ့။" လို့ ဒေါက်တာ Fauci ကပြောပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ် Doug Jones နဲ့ ဖေ့စ်ဘုတ်ကနေ တိုက်ရိုက်လွှင့်တဲ့ အမေးအဖြေ အစီအစဉ်တခုအတွင်း ဒေါက်တာ Fauci က အဲဒီလိုပြောသွားတာပါ။
အမေရိကန်မှာ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီကနေ့အထိဆိုရင် ၁၃၀,၀၀၀ ကျော်ရှိပြီလို့ Johns Hopkins တက္ကသိုလ်က ပြုစုနေတဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။
"သေဆုံးသူအရေအတွက်ဟာ ၁၀ ဆ လျော့သွားပြီ။" ဆိုပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က Twitter မှာ အင်္ဂါနေ့ညက ရေးခဲ့တာပါ။ ဒါပေမဲ့ ဒေါက်တာ Fauci ကတော့ အမေရိကန်မှာ ဒီကပ်ရောဂါဟာ ပထမလှိုင်းအဆင့်မှာ ဆိုးရွားနေဆဲပဲလို့ ဒီသီတင်းပတ်အစောပိုင်းကပဲ သတိပေးထားပါသေးတယ်။
အမေရိကန်တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၃,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး တကမ္ဘာလုံးအနေနဲ့ဆိုရင်တော့ ကူးစက်သူ ၁၂ သန်းနီးပါးနဲ့ သေဆုံးသူက ၅၄၀,၀၀၀ ကျော်နေပြီဖြစ်ပါတယ်။