(Zawgyi/Unicode)
ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕ေတာ္မွာ ေသာၾကာေန႔က COVID-19 ကူးစက္သူ ေနာက္ထပ္ ၂၄၃ ဦး ထပ္ေတြ႕ခဲ့ပါတယ္။ ၾကာသပေတးေန႔တုန္းကလည္း ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၂၄ ေယာက္ ရွိခဲ့တာျဖစ္လို႔ ကပ္ေရာဂါ စျဖစ္ကတည္းက ကူးစက္မႈေပါင္း ၂၀၀ ေက်ာ္ ၂ ရက္ဆက္ တိုက္ ပထမဆုံးအႀကိမ္ ျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။
ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးမႉး Yuriko Koike ကေတာ့ ဒီလို ျမင့္တက္သြားရ တာက အရင္ေရာဂါ ျဖစ္ပြားသူေတြနဲ႔ ထိေတြခဲ့သူေတြကို စမ္းသပ္ စစ္ေဆးမႈ တိုးၿပီး လုပ္တာေၾကာင့္ ျဖစ္တယ္လို႔ ပုံမွန္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။ ညနက္ပိုင္း ေဖ်ာ္ေျဖေရးလုပ္ငန္းေတြကလည္း သူတို႔ ဝန္ထမ္းေတြကို ေရာဂါ စမ္းသပ္စစ္ေဆးဖို႔ ပူးေပါင္း ေဆာင္ရြက္ ေနတယ္လို႔လည္း အုပ္ခ်ဳပ္ေရးမႉး Koikeေျပာပါတယ္။
ကူးစက္ေရာဂါ ပညာရွင္ Yasutaka Mizuno ကေတာ့ စားေသာက္ဆိုင္ေတြမွာ ကူးစက္မႈ ျမင့္တက္ေနတာကို ေထာက္ျပခဲ့ပါတယ္။
“ညပိုင္း စားေသာက္ဆိုင္ေတြ ျပႆနာက ပိုၿပီး စိုးရိမ္စရာ ေကာင္းလာပါတယ္။ ဆိုင္ေတြထဲ ကန္႔သတ္ခ်က္ေတြ ထားတာ ရွိေပမဲ့ လူေတြ မသြားရင္ ပိုေကာင္းပါမယ္။ ဆိုင္ေတြကို သြားတဲ့လူေတြကလည္း အနည္းဆုံး ၁ ပတ္ေလာက္ ဘယ္သူနဲ႔မွာ မထိေတြ႕ပဲ ေနတာ အေကာင္းဆုံးပါ။” လို႔ ကူးစက္ေရာဂါ ကၽြမ္းက်င္သူ Yasutaka Mizuno က ေျပာပါတယ္။
တိုက်ိဳက COVID-19 ေရာဂါ လုပ္ငန္းအဖြဲ႕က ပညာရွင္ေတြကလည္း လတ္တေလာ ျဖစ္ပြားတဲ့ ကူးစက္မႈေတြဟာ နိုက္ကလပ္ေတြက ကူးစက္မႈေတြနဲ႔ ဆက္စပ္မႈ ရွိေနတယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ အိမ္ေထာင္စုေတြထဲ၊ အလုပ္ေတြထဲနဲ႔ အခမ္းအနား ပါတီေတြမွာလည္း ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ ေနတာေၾကာင့္ စိုးရမ္ပူပန္မႈေတြ ပိုမ်ားလာေနၾကပါတယ္။
ေရာဂါ လကၡဏာ မျပသူေတြကို ေဖာ္ထုတ္နိုင္တာေၾကာင့္ ေရာဂါ စမ္းသပ္ စစ္ေဆးမႈက အေရးႀကီး ေၾကာင္းနဲ႔ ေနထိုင္မေကာင္း ျဖစ္တာနဲ႔ ေဆးကုသမႈခံယူဖို႔ကိုလည္း အုပ္ခ်ဳပ္ေရးမႉး Yuriko Koike က ေျပာပါတယ္။
ေရာဂါ ကူးစက္မႈ စံခ်ိန္တင္သြားခ်ိန္မွာပဲ အုပ္ခ်ဳပ္ေရးမႉး Koike က ကူးစက္မႈ ျဖစ္ပြားတာေၾကာင့္ ပိတ္ပစ္ခဲ့ရတဲ့ နိုက္ကလပ္ေတြကို ေထာက္ပံ့ေၾကး အပိုေဆာင္းေပးခဲ့ ပါတယ္။ တိုက်ိဳ တစ္ၿမိဳ႕လုံးကို ပိတ္ပစ္တာထက္ ေရာဂါ ျဖစ္ပြားရာေနရာကို ပစ္မွတ္ထားၿပီး ေရာဂါထိန္းခ်ဳပ္ဖို႔ ရည္ရြယ္တာလည္း ျဖစ္ပါတယ္။
ကပ္ေရာဂါ စျဖစ္ခ်ိန္ကေန ကေန႔အထိ တိုက်ိဳမွာ ကူးစက္မႈ ၇၅၀၀ ေက်ာ္ ရွိပါတယ္။
.............
တိုကျိုမှာ တရက်အတွင်း ကိုဗစ်ကူးစက်သူ စံချိန်တင်
(Unicode)
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ သောကြာနေ့က COVID-19 ကူးစက်သူ နောက်ထပ် ၂၄၃ ဦး ထပ်တွေ့ခဲ့ပါတယ်။ ကြာသပတေးနေ့တုန်းကလည်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂၄ ယောက် ရှိခဲ့တာဖြစ်လို့ ကပ်ရောဂါ စဖြစ်ကတည်းက ကူးစက်မှုပေါင်း ၂၀၀ ကျော် ၂ ရက်ဆက် တိုက် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
မြို့တော် အုပ်ချုပ်ရေးမှူး Yuriko Koike ကတော့ ဒီလို မြင့်တက်သွားရ တာက အရင်ရောဂါ ဖြစ်ပွားသူတွေနဲ့ ထိတွေခဲ့သူတွေကို စမ်းသပ် စစ်ဆေးမှု တိုးပြီး လုပ်တာကြောင့် ဖြစ်တယ်လို့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ညနက်ပိုင်း ဖျော်ဖြေရေးလုပ်ငန်းတွေကလည်း သူတို့ ဝန်ထမ်းတွေကို ရောဂါ စမ်းသပ်စစ်ဆေးဖို့ ပူးပေါင်း ဆောင်ရွက် နေတယ်လို့လည်း အုပ်ချုပ်ရေးမှူး Koikeပြောပါတယ်။
ကူးစက်ရောဂါ ပညာရှင် Yasutaka Mizuno ကတော့ စားသောက်ဆိုင်တွေမှာ ကူးစက်မှု မြင့်တက်နေတာကို ထောက်ပြခဲ့ပါတယ်။
“ညပိုင်း စားသောက်ဆိုင်တွေ ပြဿနာက ပိုပြီး စိုးရိမ်စရာ ကောင်းလာပါတယ်။ ဆိုင်တွေထဲ ကန့်သတ်ချက်တွေ ထားတာ ရှိပေမဲ့ လူတွေ မသွားရင် ပိုကောင်းပါမယ်။ ဆိုင်တွေကို သွားတဲ့လူတွေကလည်း အနည်းဆုံး ၁ ပတ်လောက် ဘယ်သူနဲ့မှာ မထိတွေ့ပဲ နေတာ အကောင်းဆုံးပါ။” လို့ ကူးစက်ရောဂါ ကျွမ်းကျင်သူ Yasutaka Mizuno က ပြောပါတယ်။
တိုကျိုက COVID-19 ရောဂါ လုပ်ငန်းအဖွဲ့က ပညာရှင်တွေကလည်း လတ်တလော ဖြစ်ပွားတဲ့ ကူးစက်မှုတွေဟာ နိုက်ကလပ်တွေက ကူးစက်မှုတွေနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အိမ်ထောင်စုတွေထဲ၊ အလုပ်တွေထဲနဲ့ အခမ်းအနား ပါတီတွေမှာလည်း ရောဂါ ကူးစက်ပျံ့နှံ့ နေတာကြောင့် စိုးရမ်ပူပန်မှုတွေ ပိုများလာနေကြပါတယ်။
ရောဂါ လက္ခဏာ မပြသူတွေကို ဖော်ထုတ်နိုင်တာကြောင့် ရောဂါ စမ်းသပ် စစ်ဆေးမှုက အရေးကြီး ကြောင်းနဲ့ နေထိုင်မကောင်း ဖြစ်တာနဲ့ ဆေးကုသမှုခံယူဖို့ကိုလည်း အုပ်ချုပ်ရေးမှူး Yuriko Koike က ပြောပါတယ်။
ရောဂါ ကူးစက်မှု စံချိန်တင်သွားချိန်မှာပဲ အုပ်ချုပ်ရေးမှူး Koike က ကူးစက်မှု ဖြစ်ပွားတာကြောင့် ပိတ်ပစ်ခဲ့ရတဲ့ နိုက်ကလပ်တွေကို ထောက်ပံ့ကြေး အပိုဆောင်းပေးခဲ့ ပါတယ်။ တိုကျို တစ်မြို့လုံးကို ပိတ်ပစ်တာထက် ရောဂါ ဖြစ်ပွားရာနေရာကို ပစ်မှတ်ထားပြီး ရောဂါထိန်းချုပ်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ကပ်ရောဂါ စဖြစ်ချိန်ကနေ ကနေ့အထိ တိုကျိုမှာ ကူးစက်မှု ၇၅၀၀ ကျော် ရှိပါတယ်။