(Zawgyi/Unicode)
ဂ်ပန္ႏိုင္ငံ တိုက်ိဳမွာ COVID-19 ျဖစ္ပြားမႈႏႈန္း ျမင့္တက္လာတာေၾကာင့္ လာမယ့္ ေႏြရာသီ အားလပ္ရပ္ အမ်ားျပည္သူအတြက္ ပိတ္ရက္ ေလးရက္မွာ ေနအိမ္ေတြကေန အျပင္မထြက္ၾကဖို႔ တိုက်ိဳအုပ္ခ်ဳပ္ေရးမႉး Yuriko Koike က ဗုဒၶဟူးေန႔မွာ ပန္ၾကားခဲ့ပါတယ္။
ဒါအျပင္တိုက်ိဳၿမိဳ႕မွာ ေရာဂါကူးစက္သူေပါင္း ၁၀,၀၀၀ ေက်ာ္ရွိေနေၾကာင္း သတင္းရွင္းလင္းပြဲမွာ Koike ကေျပာၾကားခဲ့ပါတယ္။ ဒုတိယအႀကိမ္ တေက်ာ့ျပန္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ျဖစ္မျဖစ္ဆိုတာ သိပၸံနည္းက် ဆန္းစစ္ေလ့လာမႈ လုပ္ဖို႔ လိုအပ္ေပမယ့္ ၿမိဳ႕မွာ ေနထိုင္သူ လူတိုင္း ႀကိဳတင္ျပင္ဆင္ထားဖို႔ သူက တိုက္တြန္းခဲ့ပါတယ္။
တိုက်ိဳမွာ ဗုဒၶဟူးေန႔ တေန႔ တည္း ကူးစက္သူေပါင္း ၂၃၈ ေယာက္ရွိခဲ့ၿပီးၿပီးခဲ့တဲ့ ေသာၾကာေန႔က တေန႔တည္း ကူးစက္ခံရသူေပါင္း၂၉၃ ေယာက္ထိ ရွိခဲ့တာပါ။ဇူလိုင္လအတြင္း တိုက်ိဳမွာ ကူးစက္မႈႏႈန္း ျပန္ျမင့္ တက္လာတာျဖစ္ပါတယ္။
ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ဂ်ပန္ႏိုင္ငံမွာ lockdown လုံးဝပိတ္ပစ္တဲ့ ကန္႔သတ္မႈမ်ဳိး တခါမွ မလုပ္ခဲ့ေပမယ့္ ဧၿပီလကစၿပီး စီးပြားေရးလုပ္ငန္းေတြကို ပိတ္တာ လူေတြကို အိမ္ကေနပဲ အလုပ္လုပ္ေစတာ မ်ိဳးပဲ လုပ္ခဲ့တာျဖစ္ပါတယ္။ ဂ်ပန္မွာ ကိုဗစ္ ကူးစက္ခံရသူေပါင္း၂၆,၀၀၀ ေက်ာ္ ရွိၿပီး ေသဆုံးသူေပါင္း၁, ၀၀၀ ေလာက္ရွိပါတယ္။
............
တိုကျိုမှာ ကိုဗစ်ဖြစ်ပွားမှု အရှိန်မြင့်နေတာကြောင့် အားလပ်ရက်အပြင်မထွက်ကြဖို့ အမိန့်ထုတ်
(Unicode)
ဂျပန်နိုင်ငံ တိုကျိုမှာ COVID-19 ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာကြောင့် လာမယ့် နွေရာသီ အားလပ်ရပ် အများပြည်သူအတွက် ပိတ်ရက် လေးရက်မှာ နေအိမ်တွေကနေ အပြင်မထွက်ကြဖို့ တိုကျိုအုပ်ချုပ်ရေးမှူး Yuriko Koike က ဗုဒ္ဓဟူးနေ့မှာ ပန်ကြားခဲ့ပါတယ်။
ဒါအပြင်တိုကျိုမြို့မှာ ရောဂါကူးစက်သူပေါင်း ၁၀,၀၀၀ ကျော်ရှိနေကြောင်း သတင်းရှင်းလင်းပွဲမှာ Koike ကပြောကြားခဲ့ပါတယ်။ ဒုတိယအကြိမ် တကျော့ပြန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်မဖြစ်ဆိုတာ သိပ္ပံနည်းကျ ဆန်းစစ်လေ့လာမှု လုပ်ဖို့ လိုအပ်ပေမယ့် မြို့မှာ နေထိုင်သူ လူတိုင်း ကြိုတင်ပြင်ဆင်ထားဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
တိုကျိုမှာ ဗုဒ္ဓဟူးနေ့ တနေ့ တည်း ကူးစက်သူပေါင်း ၂၃၈ ယောက်ရှိခဲ့ပြီးပြီးခဲ့တဲ့ သောကြာနေ့က တနေ့တည်း ကူးစက်ခံရသူပေါင်း၂၉၃ ယောက်ထိ ရှိခဲ့တာပါ။ဇူလိုင်လအတွင်း တိုကျိုမှာ ကူးစက်မှုနှုန်း ပြန်မြင့် တက်လာတာဖြစ်ပါတယ်။
ကိုဗစ် ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံမှာ lockdown လုံးဝပိတ်ပစ်တဲ့ ကန့်သတ်မှုမျိုး တခါမှ မလုပ်ခဲ့ပေမယ့် ဧပြီလကစပြီး စီးပွားရေးလုပ်ငန်းတွေကို ပိတ်တာ လူတွေကို အိမ်ကနေပဲ အလုပ်လုပ်စေတာ မျိုးပဲ လုပ်ခဲ့တာဖြစ်ပါတယ်။ ဂျပန်မှာ ကိုဗစ် ကူးစက်ခံရသူပေါင်း၂၆,၀၀၀ ကျော် ရှိပြီး သေဆုံးသူပေါင်း၁, ၀၀၀ လောက်ရှိပါတယ်။