[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၁,၀၀၀ ေက်ာ္ ၂ ရက္ဆက္တိုက္နဲ႔ ဗုဒၶဟူးေန႔က ထပ္ၿပီးစံခ်ိန္သစ္တင္ခဲ့ပါတယ္။
California ျပည္နယ္မွာလည္း အတည္ျပဳလူနာအေရအတြက္ဟာ ဗုဒၶဟူးေန႔ တရက္ထဲမွာ စံခ်ိန္တင္ေအာင္ ၁၂,၀၀၀ ေက်ာ္ေတြ႕႐ွိခဲ့ၿပီး စုစုေပါင္းအတည္ျပဳလူနာဟာ New York ျပည္နယ္ထက္ပိုမ်ားသြားပါၿပီ။ အခုဆို ႏိုင္ငံအေနာက္ျခမ္းက California ျပည္နယ္မွာ အတည္ျပဳလူနာ ၄၂၀,၀၀၀ ေက်ာ္၊ အေ႐ွ႕ျခမ္း New York ျပည္နယ္မွာ ၄၁၀,၀၀၀ ေက်ာ္႐ွိပါတယ္။ အေမရိကန္မွာ စုစုေပါင္း အတည္ျပဳလူနာက ၄,၀၀၀,၀၀၀ နီးပါးနဲ႔ ကမာၻမွာ အမ်ားဆံုးျဖစ္ၿပီး စုစုေပါင္းေသဆံုးသူကလည္း ၁၄၀,၀၀၀ ေက်ာ္ပါတယ္။
အေမရိကန္ ျပည္သူေတြအေနနဲ႔ ႏွာေခါင္းစည္းတပ္ၾကဖုိ႔ တေယာက္နဲ႔ တေယာက္ခပ္ခြာခြာေနၾကဖုိ႔ သမၼတ Donald Trump က ဗုဒၶဟူးေန႔က တိုက္တြန္းခဲ့ပါတယ္။
အေမရိကန္လူငယ္ေတြအေနနဲ႔ အရက္ဘားေတြနဲ႔ တျခားလူစည္ကားတဲ့ေနရာေတြကို ေ႐ွာင္ေစခ်င္တယ္လို႔ သမၼတ Trump ကေျပာပါတယ္။
ႏိုင္ငံထဲမွာ အဆိုးဆံုးကူးစက္မႈေတြျဖစ္ေနတဲ့ထဲက သက္ႀကီး႐ြယ္အိုေစာင့္ေ႐ွာက္ေဂဟာေတြအတြက္ အစိုးရက ေနာက္ထပ္ ေဒၚလာ ၅ ဘီလီယံ သံုးစြဲ ကူညီသြားမယ္လို႔လည္း သမၼတက ေၾကညာခဲ့ပါတယ္။
သက္ႀကီး႐ြယ္အို ေစာင့္ေ႐ွာက္ေရးေဂဟာေတြကေန COVID-19 ေၾကာင့္ေသဆံုးသူ ၃၇,၀၀၀ ထက္ မနည္း႐ွိတယ္လို႔ ျပည္ေထာင္စုအစိုးရက ခန္႔မွန္းထားပါတယ္။
ကပ္ေရာဂါေၾကာင့္ ထိခိုက္ေနတဲ့လုပ္ငန္းေတြကို ေနာက္ထပ္ ေထာက္ပံ့ကူညီေရးအတြက္ ေဒၚလာ ၁ ထရီလီယံ သံုးစြဲမယ့္ အစီအစဥ္အတြက္ အိမ္ျဖဴေတာ္နဲ႔ အထက္လႊတ္ေတာ္ Republican ေခါင္းေဆာင္ေတြၾကား ဗုဒၶဟူးေန႔ေႏွာင္းပိုင္းက သေဘာတူညီမႈ ရ႐ွိခဲ့ၾကပါတယ္။
[Unicode Version]
အမေရိကန်မှာ ကိုဗစ်ကြောင့် တရက်အတွင်းသေဆုံးသူ စံချိန်တင်များလာ
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၀၀၀ ကျော် ၂ ရက်ဆက်တိုက်နဲ့ ဗုဒ္ဓဟူးနေ့က ထပ်ပြီးစံချိန်သစ်တင်ခဲ့ပါတယ်။
California ပြည်နယ်မှာလည်း အတည်ပြုလူနာအရေအတွက်ဟာ ဗုဒ္ဓဟူးနေ့ တရက်ထဲမှာ စံချိန်တင်အောင် ၁၂,၀၀၀ ကျော်တွေ့ရှိခဲ့ပြီး စုစုပေါင်းအတည်ပြုလူနာဟာ New York ပြည်နယ်ထက်ပိုများသွားပါပြီ။ အခုဆို နိုင်ငံအနောက်ခြမ်းက California ပြည်နယ်မှာ အတည်ပြုလူနာ ၄၂၀,၀၀၀ ကျော်၊ အရှေ့ခြမ်း New York ပြည်နယ်မှာ ၄၁၀,၀၀၀ ကျော်ရှိပါတယ်။ အမေရိကန်မှာ စုစုပေါင်း အတည်ပြုလူနာက ၄,၀၀၀,၀၀၀ နီးပါးနဲ့ ကမ္ဘာမှာ အများဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးသူကလည်း ၁၄၀,၀၀၀ ကျော်ပါတယ်။
အမေရိကန် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ကြဖို့ တယောက်နဲ့ တယောက်ခပ်ခွာခွာနေကြဖို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်လူငယ်တွေအနေနဲ့ အရက်ဘားတွေနဲ့ တခြားလူစည်ကားတဲ့နေရာတွေကို ရှောင်စေချင်တယ်လို့ သမ္မတ Trump ကပြောပါတယ်။
နိုင်ငံထဲမှာ အဆိုးဆုံးကူးစက်မှုတွေဖြစ်နေတဲ့ထဲက သက်ကြီးရွယ်အိုစောင့်ရှောက်ဂေဟာတွေအတွက် အစိုးရက နောက်ထပ် ဒေါ်လာ ၅ ဘီလီယံ သုံးစွဲ ကူညီသွားမယ်လို့လည်း သမ္မတက ကြေညာခဲ့ပါတယ်။
သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေကနေ COVID-19 ကြောင့်သေဆုံးသူ ၃၇,၀၀၀ ထက် မနည်းရှိတယ်လို့ ပြည်ထောင်စုအစိုးရက ခန့်မှန်းထားပါတယ်။
ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့လုပ်ငန်းတွေကို နောက်ထပ် ထောက်ပံ့ကူညီရေးအတွက် ဒေါ်လာ ၁ ထရီလီယံ သုံးစွဲမယ့် အစီအစဉ်အတွက် အိမ်ဖြူတော်နဲ့ အထက်လွှတ်တော် Republican ခေါင်းဆောင်တွေကြား ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သဘောတူညီမှု ရရှိခဲ့ကြပါတယ်။