သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆးထုတ္ဖုိ႔ ေဆးကုမၸဏီႏွစ္ခုကုိ ေဒၚလာ ၂ ဘီလီယံေက်ာ္ ကန္ ေထာက္ပံ့မည္


(Zawgyi/Unicode)

အေမရိကန္ေဆးဝါးကုမၸဏီႀကီး Pfizer နဲ႔ ဂ်ာမန္ဇီဝနည္းပညာကုမၸဏီ BioNTech SE တို႔ ပူးတြဲ စမ္းသပ္တီထြင္ေနတဲ့ COVID-19 ကာကြယ္ေဆး ေအာင္ျမင္ထိေရာက္မယ္ဆိုရင္ ကာကြယ္ေဆး ထုတ္လုပ္ဖို႔ Pfizer ကုမၸဏီကို အေမရိကန္အစိုးရက ေဒၚလာ ၁.၉၅ ဘီလီယံ ေထာက္ပံ့ဖို႔ရွိၿပီး ဂ်ာမန္ နည္းပညာကုမၸဏီကိုေတာ့ ေဒၚလာ သန္း ၁၀၀ ေထာက္ပံ့ဖို႔ ရွိပါတယ္။

ဒီကုမၸဏီႀကီးႏွစ္ခုက ပူးေပါင္းထုတ္ဖို႔ရွိတဲ့ ကိုဗစ္ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ အေမရိကန္ က်န္းမာေရး လူသားအရင္းအျမစ္ ဝန္ႀကီးဌာနနဲ႔ ကာကြယ္ေရး ၀န္ႀကီးဌာနတို႔ နဲ႔ သေဘာတူညီမႈရရွိခဲ့ၿပီ ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔က သီးျခားစီထုတ္ျပန္တဲ့ ကုမၸဏီေတြရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အေမရိကန္ က်န္းမာေရးနဲ႔ လူသားအရင္းအျမစ္ ဝန္ႀကီး Alex Azar နဲ႔ Fox News သတင္းဌာနတို႔ ဗုဒၶဟူးေန႔က ေတြ႕ဆုံေမးျမန္းခန္းမွာ တကယ္လို႔သာ ကာကြယ္ေဆးေတြဟာ လုံၿခဳံစိတ္ခ်ၿပီး ထိေရာက္မႈရွိမယ္ဆိုရင္ အေမရိကန္အေနနဲ႔ ေနာက္ထပ္ ကာကြယ္ ေဆးအလံုးရည္ပမာဏ သန္းေပါင္း ၅၀၀ ထိ ဝယ္ယူမွာျဖစ္တယ္လို႔ ဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

အခုလို ကာကြယ္ေဆးအတြက္ သေဘာတူညီမႈ ေၾကညာခ်က္ဟာ သမၼတ Donald Trump ရဲ႕ ေရာဂါကာကြယ္ေရး အရွိန္ျမႇင့္အစီအစဥ္ တစိတ္တပိုင္းျဖစ္သလို၊ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ အတည္ျပဳၿပီး ကာကြယ္ေဆး အေရအတြက္ သန္း ၃၀၀ ကို ကုမၸဏီေတြဘက္က ေပးအပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

Pfizer ႏွင့္ BioNTech တို႔ရဲ႕ အဆိုအရ လက္ရွိ စမ္းသပ္မႈေတြ ေအာင္ျမင္မယ္ဆိုရင္ ေအာက္တိုဘာလ အေစာပိုင္းမွာ ေစ်းႏႈန္းသတ္မွတ္ခ်က္အပါအ၀င္ ခြင့္ျပဳခ်က္ အားလံုး ရဲ႕ အစိတ္အပိုင္းတခ်ဳိ႕ကို လိုက္နာဖို႔ အဆင္သင့္ျဖစ္ေနလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါေၾကာင့္ ဒီႏွစ္အကုန္မွာ ကာကြယ္ေဆးအလံုးေရ သန္း ၁၀၀ ထိ ထိုးႏိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။

Johns Hopkins တကၠသိုလ္ရဲ႕ ကိန္းဂဏန္း အခ်က္အလက္ေတြအရ ကိုဗစ္ေၾကာင့္ ကမၻာမွာ ေသဆံုးမႈ အမ်ားဆံုးႏိုင္ငံေတြထဲ အေမရိကန္ျပည္ေထာင္စုက ဦးေဆာင္ေနဆဲျဖစ္ပါတယ္။ အေမရိကန္မွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူ ၁၄၂,၃၀၀ ေက်ာ္ရွိၿပီး ဒုတိယအမ်ားဆံုး ဘရာဇီးလ္ႏိုင္ငံမွာေတာ့ ေသဆံုးသူစုစုေပါင္း ၈၁,၄၈၇ ရွိပါတယ္။ ဒါအျပင္ ကမၻာမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၁၅ သန္းအနက္ အေမရိကန္က ၃.၅သန္းနဲ႔ အမ်ားဆံုး ႏိုင္ငံအျဖစ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ ဆေးကုမ္ပဏီနှစ်ခုကို ဒေါ်လာ ၂ ဘီလီယံကျော် ကန် ထောက်ပံ့မည်

(Unicode)

အမေရိကန်ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech SE တို့ ပူးတွဲ စမ်းသပ်တီထွင်နေတဲ့COVID-19 ကာကွယ်ဆေး အောင်မြင်ထိရောက်မယ်ဆိုရင် ကာကွယ်ဆေး ထုတ်လုပ်ဖို့ Pfizer ကုမ္ပဏီကို အမေရိကန်အစိုးရက ဒေါ်လာ ၁.၉၅ ဘီလီယံ ထောက်ပံ့ဖို့ရှိပြီး ဂျာမန် နည်းပညာကုမ္ပဏီကိုတော့ ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ဖို့ ရှိပါတယ်။

ဒီကုမ္ပဏီကြီးနှစ်ခုက ပူးပေါင်းထုတ်ဖို့ရှိတဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အမေရိကန် ကျန်းမာရေး လူသားအရင်းအမြစ် ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ နဲ့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သီးခြားစီထုတ်ပြန်တဲ့ ကုမ္ပဏီတွေရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန် ကျန်းမာရေးနဲ့ လူသားအရင်းအမြစ် ဝန်ကြီး Alex Azar နဲ့ Fox News သတင်းဌာနတို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမေးမြန်းခန်းမှာ တကယ်လို့သာ ကာကွယ်ဆေးတွေဟာ လုံခြုံစိတ်ချပြီး ထိရောက်မှုရှိမယ်ဆိုရင် အမေရိကန်အနေနဲ့ နောက်ထပ် ကာကွယ် ဆေးအလုံးရည်ပမာဏ သန်းပေါင်း ၅၀၀ ထိ ဝယ်ယူမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အခုလို ကာကွယ်ဆေးအတွက် သဘောတူညီမှု ကြေညာချက်ဟာ သမ္မတ Donald Trump ရဲ့ ရောဂါကာကွယ်ရေး အရှိန်မြှင့်အစီအစဉ် တစိတ်တပိုင်းဖြစ်သလို၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အတည်ပြုပြီး ကာကွယ်ဆေး အရေအတွက် သန်း ၃၀၀ ကို ကုမ္ပဏီတွေဘက်က ပေးအပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Pfizer နှင့် BioNTech တို့ရဲ့ အဆိုအရ လက်ရှိ စမ်းသပ်မှုတွေ အောင်မြင်မယ်ဆိုရင် အောက်တိုဘာလ အစောပိုင်းမှာ ဈေးနှုန်းသတ်မှတ်ချက်အပါအဝင် ခွင့်ပြုချက် အားလုံး ရဲ့ အစိတ်အပိုင်းတချို့ကို လိုက်နာဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် ဒီနှစ်အကုန်မှာ ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ ထိ ထိုးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ကိုဗစ်ကြောင့် ကမ္ဘာမှာ သေဆုံးမှု အများဆုံးနိုင်ငံတွေထဲ အမေရိကန်ပြည်ထောင်စုက ဦးဆောင်နေဆဲဖြစ်ပါတယ်။ အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၄၂,၃၀၀ ကျော်ရှိပြီး ဒုတိယအများဆုံး ဘရာဇီးလ်နိုင်ငံမှာတော့ သေဆုံးသူစုစုပေါင်း ၈၁,၄၈၇ ရှိပါတယ်။ ဒါအပြင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁၅ သန်းအနက် အမေရိကန်က ၃.၅သန်းနဲ့ အများဆုံး နိုင်ငံအဖြစ်ရှိနေပါတယ်။

XS
SM
MD
LG