(Zawgyi / Unicode)
ကမာၻတဝန္းမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈ ျမင့္တက္လာေနခ်ိန္မွာပဲ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ပိုတရားမွ်တတဲ့ စီးပြားေရးစနစ္ကို က်င့္သံုးၾကဖို႔ ေတာင္းဆိုလိုက္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ဘယ္ေနရာက ဘယ္သူမဆို ဆင္းရဲခ်မ္းသာမေရြး ရရွိေအာင္ လုပ္ေဆာင္ဖို႔ တိုက္တြန္းသြားပါတယ္။
ႏုိင္ငံတကာ AIDS ေရာဂါ တိုက္ဖ်က္ေရးအဖြဲ႔က က်င္းပတဲ့ အြန္လိုင္းေဆြးေႏြးပြဲမွာ ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေျပာသြားတာျဖစ္ၿပီး ကုိ႐ုိနာဗိုင္းရပ္စ္ကပ္ေဘးက နာလံထူတဲ့ အေျခအေနဟာ စီးပြားေရးနဲ႔ လူမႈေရး တရားမွ်တမႈအေပၚ အေျခခံၿပီးပဲ ျဖစ္သင့္တယ္လို႔လည္း ေျပာပါတယ္။
“COVID-19 ကပ္ေဘးက တကယ့္ကို သတိေပးလိုက္သလိုပါပဲ။ စီးပြားေရးေတြ၊ လူ႔ေဘာင္အဖြဲ႔အစည္းေတြကို ပိုတရားမွ်တမႈရွိဖို႔ အားလံုးပါဝင္ အက်ဴိးခံစားခြင့္ရွိဖို႔ ျပန္ပံုေဖာ္ရပါတယ္။ ကုိ႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ထြက္လာခဲ့ရင္ ကမာၻ႔လူထု ဘယ္သူမဆို ရႏုိင္ရပါမယ္" လို႔ Mr. Guterres က ေျပာသြားပါတယ္။
ဒီကာကြယ္ေဆးအတြက္ အေမရိကန္ကေတာ့ ေငြသန္းေထာင္ေပါင္းမ်ားစြာ ပံုေအာသံုးစြဲေနတာ ျဖစ္ပါတယ္။ ေဆးကုမၸဏီေတြကလည္း ဒီေဆးကို သန္း ၁,၀၀၀ ေက်ာ္ထုတ္ဖို႔ ရည္မွန္းထားၾကတာပါ။
ဒီေဆြးေႏြးပြဲမွာပဲ ကမာၻ႔သာေရးနာေရး ကိစၥရပ္ေတြမွာ တက္တက္ႂကြႂကြ ပါဝင္ေဆာင္ရြက္ ေငြလွဴဒါန္းတဲ့ ကမာၻ႔အခ်မ္းသာဆံုး သူေဌးႀကီးတဦးျဖစ္သူ Bill Gates ကလည္း ကုလအတြင္းေရးမွဴးခ်ဳပ္ ေျပာသလိုမ်ဳိးပဲ ဒီကာကြယ္ေဆးကို ပိုက္ဆံတတ္ႏိုင္သူေတြပဲ သံုုးစြဲခြင့္ရွိတာမ်ဳိး မျဖစ္သင့္ဘူးလို႔ ေျပာသြားပါတယ္။
------------------------------
(Unicode)
COVID-19 ကာကွယ်ဆေး လူတိုင်းရအောင်လုပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာနေချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပိုတရားမျှတတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးကြဖို့ တောင်းဆိုလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘယ်နေရာက ဘယ်သူမဆို ဆင်းရဲချမ်းသာမရွေး ရရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းသွားပါတယ်။
နိုင်ငံတကာ AIDS ရောဂါ တိုက်ဖျက်ရေးအဖွဲ့က ကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က ပြောသွားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက နာလံထူတဲ့ အခြေအနေဟာ စီးပွားရေးနဲ့ လူမှုရေး တရားမျှတမှုအပေါ် အခြေခံပြီးပဲ ဖြစ်သင့်တယ်လို့လည်း ပြောပါတယ်။
“COVID-19 ကပ်ဘေးက တကယ့်ကို သတိပေးလိုက်သလိုပါပဲ။ စီးပွားရေးတွေ၊ လူ့ဘောင်အဖွဲ့အစည်းတွေကို ပိုတရားမျှတမှုရှိဖို့ အားလုံးပါဝင် အကျိူးခံစားခွင့်ရှိဖို့ ပြန်ပုံဖော်ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထွက်လာခဲ့ရင် ကမ္ဘာ့လူထု ဘယ်သူမဆို ရနိုင်ရပါမယ်" လို့ Mr. Guterres က ပြောသွားပါတယ်။
ဒီကာကွယ်ဆေးအတွက် အမေရိကန်ကတော့ ငွေသန်းထောင်ပေါင်းများစွာ ပုံအောသုံးစွဲနေတာ ဖြစ်ပါတယ်။ ဆေးကုမ္ပဏီတွေကလည်း ဒီဆေးကို သန်း ၁,၀၀၀ ကျော်ထုတ်ဖို့ ရည်မှန်းထားကြတာပါ။
ဒီဆွေးနွေးပွဲမှာပဲ ကမ္ဘာ့သာရေးနာရေး ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ငွေလှူဒါန်းတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတဦးဖြစ်သူ Bill Gates ကလည်း ကုလအတွင်းရေးမှူးချုပ် ပြောသလိုမျိုးပဲ ဒီကာကွယ်ဆေးကို ပိုက်ဆံတတ်နိုင်သူတွေပဲ သုံးစွဲခွင့်ရှိတာမျိုး မဖြစ်သင့်ဘူးလို့ ပြောသွားပါတယ်။