သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ COVID-19 ကူးစက္သူ ၈ သိန္းေက်ာ္သြားၿပီ


မြမ္ဘုိင္းၿမိဳ႕မွာ အိမ္တုိင္ရာေရာက္ ကုိယ္အပူခ်ိန္ တုိင္းတာစစ္ေဆးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇူလုိင္ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ိုနာဗုိင္းရပ္စ္ ေနာက္ထပ္ ကူးစက္သူ ၂၇,၁၁၄ ေယာက္ရွိတာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ အမ်ားဆုံး စံခ်ိန္တင္ခဲ့ၿပီး ကူးစက္သူလည္း ၈ သိန္းေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ တခ်ိဳ႕ ဗုိင္းရပ္စ္ကူးစက္မႈ အႏၱရာယ္မ်ားတဲ့ ျပည္နယ္ေတြမွာ အသြားအလာ ကန္႔သတ္မႈတခ်ိဳ႕ ျပန္လုပ္လာေနပါတယ္။

အိႏၵိယႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္သူ ၈၂၀,၀၀၀ ေက်ာ္ရွိၿပီး ဒီေန႔မွာ ေနာက္ထပ္ ၅၁၉ ေယာက္ ေသဆုံးခဲ့တာေၾကာင့္ ေသဆုံးသူလည္း ၂၂,၁၂၃ ေယာက္ထက္မနည္း ရွိသြားၿပီလို႔ အိႏၵိယ က်န္းမာေရး၀န္ႀကီးဌာနက ဒီကေန႔ ေျပာပါတယ္။

ေနျပန္ေကာင္းလာတဲ့သူ အေရအတြက္လည္း တုိးလာၿပီး ၆၂ ရာခုိင္ႏႈန္း ရွိတယ္လို႔ ေျပာပါတယ္။

အိႏၵိယႏုိင္ငံမွာ ျပည္နယ္ ၂၈ ခုရွိၿပီး ဗုိင္းရပ္စ္ကူးစက္မႈ အားလုံးရဲ႕ ၉၀ ရာခုိင္ႏႈန္းက မဟာရပ္ရွ္ထရာ၊ တမီးလ္နာဒူး၊ နယူးေဒလီ အပါအ၀င္ ျပည္နယ္ ၈ ခုမွာ ျဖစ္ေနတာပါ။

လူဦးေရအမ်ားဆုံးရွိတဲ့ ဥတၱာပရာဒက္ရွ္ ျပည္နယ္မွာေတာ့ လူေတြကို အခုသီတင္းပတ္ကုန္မွာ အျပင္မထြက္ၾကဖို႔ အမိန္႔ထုတ္လိုက္သလို တျခားျပည္နယ္ေတြမွာလည္း ကန္႔သတ္ခ်က္ေတြ ခ်မွတ္လာခဲ့ပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာေတာ့ Remdesvir ေဆးကို ကို႐ုိနာဗုိ္င္းရပ္စ္ ကုသဖို႔အတြက္ ယာယီခြင့္ျပဳလိုက္တယ္လို႔ ၾသစေၾတးလ်ႏုိင္ငံရဲ႕ ေရာဂါ တားဆီးစစ္ေဆး ကုသေရး ကုန္ပစၥည္္းမ်ားဆုိင္ရာအသင္းက ေျပာပါတယ္။

ေရာဂါျဖစ္ပြားမႈ ျပင္းထန္ၿပီး စိုးရိမ္ရတဲ့ COVID-19 လူနာေတြ ဒီေဆးနဲ႔ စမ္းသပ္ကုသတာမွာ အခ်ိန္တုိတုိနဲ႔ ေနျပန္ေကာင္းလာတာကို ေတြ႔ရပါတယ္။ ၾသစေၾတးလ်ႏုိင္ငံ ဗစ္တိုးရီးယားျပည္နယ္မွာ မေန႔က ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၈၈ ေယာက္အထိ ျမင့္တက္ခဲ့ၿပီး အခုလို ခြင့္ျပဳလိုက္တာ ျဖစ္ပါတယ္။

Remdesivir ေဆးကို အျပင္းအထန္ ေနမေကာင္းၿပီး ေအာက္ဆီဂ်င္ အသက္႐ွဴစက္ တပ္ထားရတဲ့သူေတြနဲ႔ ေဆး႐ုံတက္ေနရတဲ့သူေတြပဲ ရရွိမွာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၉,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၀၇ ေယာက္ရွိပါတယ္။

အိႏိၵယမွာ COVID-19 ကူးစက္သူ ၈ သိန္းေက်ာ္သြားၿပီ
please wait

No media source currently available

0:00 0:01:36 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

အိန္ဒိယမှာ COVID-19 ကူးစက်သူ ၈ သိန်းကျော်သွားပြီ

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်သူ ၂၇,၁၁၄ ယောက်ရှိတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်ခဲ့ပြီး ကူးစက်သူလည်း ၈ သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် တချို့ ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်များတဲ့ ပြည်နယ်တွေမှာ အသွားအလာ ကန့်သတ်မှုတချို့ ပြန်လုပ်လာနေပါတယ်။

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်သူ ၈၂၀,၀၀၀ ကျော်ရှိပြီး ဒီနေ့မှာ နောက်ထပ် ၅၁၉ ယောက် သေဆုံးခဲ့တာကြောင့် သေဆုံးသူလည်း ၂၂,၁၂၃ ယောက်ထက်မနည်း ရှိသွားပြီလို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။

နေပြန်ကောင်းလာတဲ့သူ အရေအတွက်လည်း တိုးလာပြီး ၆၂ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြည်နယ် ၂၈ ခုရှိပြီး ဗိုင်းရပ်စ်ကူးစက်မှု အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက မဟာရပ်ရှ်ထရာ၊ တမီးလ်နာဒူး၊ နယူးဒေလီ အပါအဝင် ပြည်နယ် ၈ ခုမှာ ဖြစ်နေတာပါ။

လူဦးရေအများဆုံးရှိတဲ့ ဥတ္တာပရာဒက်ရှ် ပြည်နယ်မှာတော့ လူတွေကို အခုသီတင်းပတ်ကုန်မှာ အပြင်မထွက်ကြဖို့ အမိန့်ထုတ်လိုက်သလို တခြားပြည်နယ်တွေမှာလည်း ကန့်သတ်ချက်တွေ ချမှတ်လာခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ Remdesvir ဆေးကို ကိုရိုနာဗိုင်းရပ်စ် ကုသဖို့အတွက် ယာယီခွင့်ပြုလိုက်တယ်လို့ သြစတြေးလျနိုင်ငံရဲ့ ရောဂါ တားဆီးစစ်ဆေး ကုသရေး ကုန်ပစ္စည်းများဆိုင်ရာအသင်းက ပြောပါတယ်။

ရောဂါဖြစ်ပွားမှု ပြင်းထန်ပြီး စိုးရိမ်ရတဲ့ COVID-19 လူနာတွေ ဒီဆေးနဲ့ စမ်းသပ်ကုသတာမှာ အချိန်တိုတိုနဲ့ နေပြန်ကောင်းလာတာကို တွေ့ရပါတယ်။ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈၈ ယောက်အထိ မြင့်တက်ခဲ့ပြီး အခုလို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

Remdesivir ဆေးကို အပြင်းအထန် နေမကောင်းပြီး အောက်ဆီဂျင် အသက်ရှူစက် တပ်ထားရတဲ့သူတွေနဲ့ ဆေးရုံတက်နေရတဲ့သူတွေပဲ ရရှိမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၇ ယောက်ရှိပါတယ်။

XS
SM
MD
LG