သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း ကိုဗစ်ကူးစက်သူ ၁၂ သန်းကျော်ပြီ


ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး

Zawgyi/Unicode

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူဟာ ၁၂ သန်းကျော် (၁၂,၁၂၈,၄၀၆) သွားပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ဒီအထဲမှာ အမေရိကန်နိုင်ငံက အကူးစက်ခံရသူ ၃ သန်းကျော် (၃,၀၈၈,၉၁၃) နဲ့ ကမ္ဘာတလွှား အ ကူးစက်ခံရ သူစုစုပေါင်းရဲ့ လေးပုံတပုံရှိပြီး ကူးစက်မှု အများဆုံးဖြစ်နေပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ တရက်အတွင်း အကူးစက်ခံရသူ ၆ သောင်းကျော်နဲ့ အများဆုံးစံချိန် တင်ခဲ့တာပါ။

ကယ်လီဖိုးနီးယား၊ တက်ဆက်စ်၊ တန်နစီ၊ အနောက်ဗာဂျီးနီးယားနဲ့ ယူတား ပြည်နယ် - အပါအဝင် အနဲဆုံးပြည်နယ် ၅ ခုမှာ ဗုဒ္ဓဟူးနေ့က ကူးစက်ခံရသူ စံချိန်တင်များသွားခဲ့တာပါ။ အရီဇိုးနား၊. ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါနဲ့ တက်ဆက်စ် ပြည်တွေက ကျန်းမာရေး အရာရှိ တွေကလည်း သူတို့ ပြည်နယ်တွေက ဆေးရုံတွေမှာ ရှိတဲ့ အထူးကြပ်မတ်ကုသ ဆောင်တွေမှာ လူနာတွေ ပြည့်လုနီးပါ ဖြစ်နေကြပြီလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုဗစ် ၁၉ ကြောင့် သေဆုံးရသူက တသိန်းသုံးသောင်းကျော် (၁၃၂, ၉၃၄) ရှိနေပြီး ဒါဟာ ကမ္ဘာတလွှား ဒီရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း (၅၅၁,၅၂၂) ရဲ့ လေးပုံတပုံလောက် ရှိနေတာပါ။

အခုလို ဒီကပ်ရောဂါဒဏ် ဆိုးဆိုးဝါးဝါး ခံရတဲ့ အမေရိကန်က သမ္မတ ဒေါ်နယ်ထရမ့်က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဒီကပ်ရောဂါဆိုင်ရာတုန့်ပြန်မှုတွေကို ဝေဖန်ပြီး အဖွဲ့ကနေတရားဝင်နှုတ်ထွက်ဖို့ လုပ်ဆောင်ခဲ့တဲ့ နောက် ၂ ရက်အကြာ ကြာသပတေးနေ့မှာပဲ WHO သူတို့ရဲ့ ကပ်ရောဂါဆိုင်ရာ တုန့်ပြန်မှုတွေကို ဆန်းစစ်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ခဲ့ပါတယ်။

နောက်ဆုံးလေ့လာချက်တွေ အရ ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုး ဟာ ကိုယ်ဝန်ဆောင် မိခင်တွေမှာ မမွေးဖွားသေးတဲ့ ကလေးငယ်ကို ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


[Unicode]











XS
SM
MD
LG