သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Moderna ကုမၸဏီရဲ႕ ကိုဗစ္ကာကြယ္ေဆးစမ္းသပ္ခ်က္ တုိးတက္မႈရေန


"ကာကြယ္ေဆး" လို႔ တံဆိပ္တပ္ထားတဲ့ ပုလင္းတခ်ိဳ႕။ (ဧၿပီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

Coronavirus ပိုးကာကြယ္ေဆးတမ်ဳိးရဲ႕အေစာပိုင္းအဆင့္ စမ္းသပ္ေတြ႔႐ွိခ်က္ေတြအရ ေရာဂါပိုးကို ခံႏိုင္ရည္႐ွိတဲ့ တုန္႔ျပန္မႈကို အားရစရာေတြ႕ရတယ္လို႔ အေမရိကန္သိပၸံပညာ႐ွင္ေတြက ေျပာၾကားလိုက္ပါတယ္။ ေသြးနဲ႔ မတည့္တဲ့ေရာဂါနဲ႔ ကူးစက္ေရာဂါဆိုင္ရာ အေမရိကန္အမ်ဳိးသားသိပၸံက သုေတသီေတြ စမ္းသပ္ေဖာ္ထုတ္ထားတဲ့ ကာကြယ္ေဆးကို အေမရိကန္ ဇီဝနည္းပညာကုမၸဏီ Moderna က ထုတ္လုပ္ၿပီး စမ္းသပ္ေနတာျဖစ္ပါတယ္။

စမ္းသပ္ေဆးကို အသက္ ၁၈ ႏွစ္ကေန ၅၅ ႏွစ္ၾကား မိမိသေဘာနဲ႔ စမ္းခ်င္သူ ၄၅ ေယာက္နဲ႔ စမ္းသပ္ခဲ့တာပါ။ သူတို႔ကို ေဆး ႏွစ္ ခါေပးၿပီး စမ္းသပ္တာမွာ ဘယ္သူမွ ျပင္းထန္တဲ့ ေဘးထြက္ဆိုးက်ဳိးေတြ မေတြ႕ရဘူးလို႔ New England ေဆးသိပၸံဂ်ာနယ္မွာ သုေတသီေတြက ေျပာထားပါတယ္။ စမ္းသပ္ခံရသူ ထက္ဝက္ေက်ာ္မွာေတာ့ နည္းနည္းပင္ပန္းႏြမ္းနယ္တာ၊ ေခါင္းကိုက္တာ၊ ခ်မ္းစိမ့္တာ၊ ၾကြက္သားေတြ နာက်င္ကိုက္ခဲတာမ်ဳိးျဖစ္ၾကတယ္လို႔ ေျပာပါတယ္။

ကာကြယ္ေဆးကို စိတ္ခ်လက္ခ်သံုးလို႔ရမလား၊ ေရာဂါပိုးကုိ ခုခံႏိုင္မယ့္ ကိုယ္ခံစြမ္းအား ေကာင္းေအာင္လုပ္ႏိုင္မလားဆိုတာကို ပထမအတင့္အေနနဲ႔ လူေတြကို ေဆးပမာဏခြဲေပးၿပီး ပထမအဆင့္လုပ္ခဲ့တဲ့ စမ္းသပ္မႈေတြမွာ ခုလိုေတြ႕႐ွိတာျဖစ္ပါတယ္။

လက္႐ွိမွာ ဒုတိယအဆင့္ စမ္းသပ္မႈေတြကို Moderna ကုမၸဏီက လုပ္ေနပါၿပီ။ တတိယအဆင့္ စမ္းသပ္မႈကိုလည္း ဇူလိုင္ ၂၇ ရက္ေန႔မွာ လူေပါင္း ၃၀,၀၀၀ ေလာက္နဲ႔ စတင္လုပ္ေတာ့မွာျဖစ္ပါတယ္။ ကမာၻတဝန္း COVID-19 အတည္ျပဳလူနာ ၁၃ သန္းေက်ာ္နဲ႔ ေသဆံုးသူ ၅၈၀,၀၀၀ နီးပါးျဖစ္ေနခ်ိန္မွာ ေရာဂါကာကြယ္ေဆးကို အျမန္ဆံုးထုတ္လုပ္ႏိုင္ဖုိ႔ သိပၸံပညာ႐ွင္ေတြက ႀကိဳးစားေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Moderna ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေးစမ်းသပ်ချက် တိုးတက်မှုရနေ

Coronavirus ပိုးကာကွယ်ဆေးတမျိုးရဲ့အစောပိုင်းအဆင့် စမ်းသပ်တွေ့ရှိချက်တွေအရ ရောဂါပိုးကို ခံနိုင်ရည်ရှိတဲ့ တုန့်ပြန်မှုကို အားရစရာတွေ့ရတယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ သွေးနဲ့ မတည့်တဲ့ရောဂါနဲ့ ကူးစက်ရောဂါဆိုင်ရာ အမေရိကန်အမျိုးသားသိပ္ပံက သုတေသီတွေ စမ်းသပ်ဖော်ထုတ်ထားတဲ့ ကာကွယ်ဆေးကို အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ပြီး စမ်းသပ်နေတာဖြစ်ပါတယ်။

စမ်းသပ်ဆေးကို အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြား မိမိသဘောနဲ့ စမ်းချင်သူ ၄၅ ယောက်နဲ့ စမ်းသပ်ခဲ့တာပါ။ သူတို့ကို ဆေး နှစ် ခါပေးပြီး စမ်းသပ်တာမှာ ဘယ်သူမှ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မတွေ့ရဘူးလို့ New England ဆေးသိပ္ပံဂျာနယ်မှာ သုတေသီတွေက ပြောထားပါတယ်။ စမ်းသပ်ခံရသူ ထက်ဝက်ကျော်မှာတော့ နည်းနည်းပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ ချမ်းစိမ့်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးဖြစ်ကြတယ်လို့ ပြောပါတယ်။

ကာကွယ်ဆေးကို စိတ်ချလက်ချသုံးလို့ရမလား၊ ရောဂါပိုးကို ခုခံနိုင်မယ့် ကိုယ်ခံစွမ်းအား ကောင်းအောင်လုပ်နိုင်မလားဆိုတာကို ပထမအတင့်အနေနဲ့ လူတွေကို ဆေးပမာဏခွဲပေးပြီး ပထမအဆင့်လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ ခုလိုတွေ့ရှိတာဖြစ်ပါတယ်။

လက်ရှိမှာ ဒုတိယအဆင့် စမ်းသပ်မှုတွေကို Moderna ကုမ္ပဏီက လုပ်နေပါပြီ။ တတိယအဆင့် စမ်းသပ်မှုကိုလည်း ဇူလိုင် ၂၇ ရက်နေ့မှာ လူပေါင်း ၃၀,၀၀၀ လောက်နဲ့ စတင်လုပ်တော့မှာဖြစ်ပါတယ်။ ကမ္ဘာတဝန်း COVID-19 အတည်ပြုလူနာ ၁၃ သန်းကျော်နဲ့ သေဆုံးသူ ၅၈၀,၀၀၀ နီးပါးဖြစ်နေချိန်မှာ ရောဂါကာကွယ်ဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်ဖို့ သိပ္ပံပညာရှင်တွေက ကြိုးစားနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG