(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္မွာ တနဂၤေႏြေန႔က တရက္တည္းမွာတင္ ေနာက္ထပ္ COVID-19 ကူးစက္ခံရသူေပါင္း ၁၅,၀၀၀ ေက်ာ္ ရွိခဲ့တဲ့အတြက္ စံခ်ိန္သစ္တင္ခဲ့ပါတယ္။
ဒီအေရအတြက္ဟာ အရင္က အေမရိကန္ႏိုင္ငံက ျပည္နယ္တခုမွာ တေန႔တည္း ကူးစက္ခံရသူေပါင္း တိုးလာတဲ့ အေရအတြက္ကို ေက်ာ္ျဖတ္သြားတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကယ္လီဖိုးနီးယားျပည္နယ္မွာ တေန႔တည္း ကူးစက္ခံရသူေပါင္း ၁၁,၆၉၄ ဦး ရွိခဲ့ပါတယ္။
ဖေလာ္ရီဒါျပည္နယ္မွာေတာ့ COVID-19 ေရာဂါ ကူးစက္ခံရသူေပါင္း ၂၇၀,၀၀၀ နီးပါးရွိၿပီး ေသဆုံးသူေပါင္း ၄,၃၄၆ ဦး ရွိေနပါတယ္။
မၾကာေသးခင္ သီတင္းပတ္ေတြအတြင္းကေတာ့ ဖေလာ္ရီဒါျပည္နယ္မွာ Lockdown ေျဖေလွ်ာ့မႈေတြ လုပ္ခဲ့ပါတယ္။ ဒါ့အျပင္ က်န္းမာေရး ကြ်မ္းက်င္သူေတြက လူစုလူေ၀း ျပဳလုပ္တာေတြကို ေရွာင္ရွားဖို႔ သတိေပးထားေပမယ့္ Disney World ကို စေနေန႔က ျပန္ဖြင့္ခဲ့ၿပီး ၀င္လာတဲ့သူ မွန္သမွ် ကိုေတာ့ ႏွာေခါင္းစည္း တပ္ဆင္ခိုင္းခဲ့ပါတယ္။
Johns Hopkins တကၠသိုလ္ရဲ႕ စစ္တမ္းေကာက္ယူမႈ အခ်က္အလက္ေတြအရ လက္ရွိ ကမၻာတ၀န္းမွာ COVID-19 ကူးစက္မႈေပါင္း ၁၂.၇ သန္းေက်ာ္ရွိၿပီး ေသဆံုးသူေပါင္း သန္းတ၀က္ေက်ာ္ ရွိေနပါတယ္။
အေမရိကန္ျပည္ေထာင္စုကေတာ့ ကမာၻ႔ကူးစက္မႈရဲ႕ ေလးပုံတပုံေလာက္ရွိၿပီး ဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၃.၂ သန္းနဲ႔ ေသဆံုးသူေပါင္း ၁၃၄,၀၀၀ ေက်ာ္ ရွိပါတယ္။
မကၠဆီကိုႏိုင္ငံမွာ စေနေန႔က ထုတ္ျပန္တဲ့ သတင္းအရ ေနာက္ထပ္ ကူးစက္ခံရသူေပါင္း ၆,၀၀၀ ေက်ာ္ရွိပါတယ္။
အလားတူ တနဂၤေႏြေန႔က ႐ုရွားႏိုင္ငံမွာ ကူးစက္မႈအသစ္ ၆,၀၀၀ ေက်ာ္ရွိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အိုကီနာဝါရွိ အေမရိကန္ အေျခစိုက္စခန္းမွာ အေမရိကန္ မရိမ္းတပ္သား ၆၀ ေက်ာ္ ဗိုင္းရပ္စ္ကူးစက္ခံထားရပါတယ္။ ဂ်ပန္ႏိုင္ငံမွာေတာ့ တနဂၤေႏြေန႔က တိုက်ဳိမွာ ေနာက္ထပ္ ကူးစက္ခံရသူေပါင္း ၂၀၆ ဦးရွိခဲ့ၿပီး ရက္ေပါင္း ၄၀ အတြင္း ေရာဂါကူးစက္မႈအသစ္ေပါင္း ၂၀၀ ေက်ာ္ ရွိခဲ့ပါတယ္။
--------------------------------
(Unicode)
အမေရိကန်ရဲ့ ဖလော်ရီဒါပြည်နယ်မှာ ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်တက်
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ တနင်္ဂနွေနေ့က တရက်တည်းမှာတင် နောက်ထပ် COVID-19 ကူးစက်ခံရသူပေါင်း ၁၅,၀၀၀ ကျော် ရှိခဲ့တဲ့အတွက် စံချိန်သစ်တင်ခဲ့ပါတယ်။
ဒီအရေအတွက်ဟာ အရင်က အမေရိကန်နိုင်ငံက ပြည်နယ်တခုမှာ တနေ့တည်း ကူးစက်ခံရသူပေါင်း တိုးလာတဲ့ အရေအတွက်ကို ကျော်ဖြတ်သွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ တနေ့တည်း ကူးစက်ခံရသူပေါင်း ၁၁,၆၉၄ ဦး ရှိခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်မှာတော့ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၂၇၀,၀၀၀ နီးပါးရှိပြီး သေဆုံးသူပေါင်း ၄,၃၄၆ ဦး ရှိနေပါတယ်။
မကြာသေးခင် သီတင်းပတ်တွေအတွင်းကတော့ ဖလော်ရီဒါပြည်နယ်မှာ Lockdown ဖြေလျှော့မှုတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေး ကျွမ်းကျင်သူတွေက လူစုလူဝေး ပြုလုပ်တာတွေကို ရှောင်ရှားဖို့ သတိပေးထားပေမယ့် Disney World ကို စနေနေ့က ပြန်ဖွင့်ခဲ့ပြီး ဝင်လာတဲ့သူ မှန်သမျှ ကိုတော့ နှာခေါင်းစည်း တပ်ဆင်ခိုင်းခဲ့ပါတယ်။
Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူမှု အချက်အလက်တွေအရ လက်ရှိ ကမ္ဘာတဝန်းမှာ COVID-19 ကူးစက်မှုပေါင်း ၁၂.၇ သန်းကျော်ရှိပြီး သေဆုံးသူပေါင်း သန်းတဝက်ကျော် ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာ့ကူးစက်မှုရဲ့ လေးပုံတပုံလောက်ရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃.၂ သန်းနဲ့ သေဆုံးသူပေါင်း ၁၃၄,၀၀၀ ကျော် ရှိပါတယ်။
မက္ကဆီကိုနိုင်ငံမှာ စနေနေ့က ထုတ်ပြန်တဲ့ သတင်းအရ နောက်ထပ် ကူးစက်ခံရသူပေါင်း ၆,၀၀၀ ကျော်ရှိပါတယ်။
အလားတူ တနင်္ဂနွေနေ့က ရုရှားနိုင်ငံမှာ ကူးစက်မှုအသစ် ၆,၀၀၀ ကျော်ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အိုကီနာဝါရှိ အမေရိကန် အခြေစိုက်စခန်းမှာ အမေရိကန် မရိမ်းတပ်သား ၆၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ ဂျပန်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က တိုကျိုမှာ နောက်ထပ် ကူးစက်ခံရသူပေါင်း ၂၀၆ ဦးရှိခဲ့ပြီး ရက်ပေါင်း ၄၀ အတွင်း ရောဂါကူးစက်မှုအသစ်ပေါင်း ၂၀၀ ကျော် ရှိခဲ့ပါတယ်။