သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ပထမဆုံးအႀကိမ္ ႏွာေခါင္းစည္းနဲ႔ လူျမင္ကြင္းထြက္


ႏွာေခါင္းစည္း မ်က္ႏွာဖုံး ဝတ္ဆင္ထားတဲ့ သမၼတ Donald Trump. (ဇူလုိင္ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump ဟာ စေနေန႔ကေတာ့ ၀ါရွင္တန္ဒီစီၿမိဳ႕ေတာ္ အျပင္ဘက္က စစ္ေဆး႐ုံမွာ တက္ေရာက္ကုသေနတဲ့ စစ္သည္ေတြကို သြားေရာက္ေတြ႔ဆုံခဲ့စဥ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္နဲ႔ ႏွာေခါင္းစည္း မ်က္ႏွာဖုံး ၀တ္ဆင္ခဲ့ပါတယ္။ ဒါဟာ သမၼတ Trump အေနနဲ႔ အမ်ားျပည္သူ ေရွ႕ေမွာက္မွာ ပထမဆုံးအႀကိမ္ ႏွာေခါင္းစည္းတပ္တာလည္း ျဖစ္ပါတယ္။

“က်ေနာ့္အေနနဲ႔ ႏွာေခါင္းစည္းမ်က္ႏွာဖုံး တပ္တာကို ဘယ္တုန္းကမွ မဆန္႔က်င္ခဲ့ပါဘူး။ ဒါေပမယ့္ တပ္ရမယ့္အခ်ိန္၊ တပ္ရမယ့္ေနရာ ရွိတယ္လို႔ေတာ့ က်ေနာ္ျမင္ပါတယ္” လို႔ သမၼတ Trump က အိမ္ျဖဴေတာ္ကေန Walter Reed စစ္ေဆး႐ုံကိုသြားဖို႔ သူ႔ရဲ႕ Marine One ရဟတ္ယာဥ္ေပၚ မတက္ခင္မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ ပတ္တုန္းကေတာ့ သမၼတ Trump က သူ႔နားမွာရွိတဲ့သူေတြ အကုန္လုံးဟာ ဗုိင္းရပ္စ္ရွိမရွိ စစ္ေဆးထားတာေၾကာင့္ သူ႔အေနနဲ႔ ဗုိင္းရပ္စ္ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ႏွာေခါင္းစည္းတပ္စရာ မလိုဘူးလို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း သမၼတ Trump ဟာ မေန႔ကေတာ့ Walter Reed စစ္ေဆး႐ုံမွာ သူ႔ရဲ႕ လုံၿခဳံေရးအဖဲြ႔ေတြ၊ ေနာက္ ေဆး႐ုံတာ၀န္ရွိသူေတြနဲ႔ အတူတူ အနက္ေရာင္ ႏွာေခါင္းစည္းေတြ တပ္ဆင္ၿပီးေတာ့ ေဆး႐ုံမွာ တက္ေရာက္ကုသေနတဲ့ စစ္သည္ေတြနဲ႔ ၀န္ထမ္းေတြကို ေတြ႔ဆုံခဲ့ၿပီး ဒီလူေတြဟာ COVID-19 ကပ္ေရာဂါကို ေရွ႕တန္းက တုိက္ပဲြ၀င္ေနတဲ့ သူရဲေကာင္းစစ္သည္ေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

အေမရိကန္မွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ သမၼတ Trump ဟာ တပ္ဖဲြ႔၀င္ေတြနဲ႔ ေဆး႐ုံ၀န္ထမ္းေတြကို ေတြ႔ဆုံခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

သမ္မတ Trump ပထမဆုံးအကြိမ် နှာခေါင်းစည်းနဲ့ လူမြင်ကွင်းထွက်

အမေရိကန်သမ္မတ Donald Trump ဟာ စနေနေ့ကတော့ ဝါရှင်တန်ဒီစီမြို့တော် အပြင်ဘက်က စစ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ စစ်သည်တွေကို သွားရောက်တွေ့ဆုံခဲ့စဉ်အတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ နှာခေါင်းစည်း မျက်နှာဖုံး ဝတ်ဆင်ခဲ့ပါတယ်။ ဒါဟာ သမ္မတ Trump အနေနဲ့ အများပြည်သူ ရှေ့မှောက်မှာ ပထမဆုံးအကြိမ် နှာခေါင်းစည်းတပ်တာလည်း ဖြစ်ပါတယ်။

“ကျနော့်အနေနဲ့ နှာခေါင်းစည်းမျက်နှာဖုံး တပ်တာကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ပါဘူး။ ဒါပေမယ့် တပ်ရမယ့်အချိန်၊ တပ်ရမယ့်နေရာ ရှိတယ်လို့တော့ ကျနော်မြင်ပါတယ်” လို့ သမ္မတ Trump က အိမ်ဖြူတော်ကနေ Walter Reed စစ်ဆေးရုံကိုသွားဖို့ သူ့ရဲ့ Marine One ရဟတ်ယာဉ်ပေါ် မတက်ခင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်တုန်းကတော့ သမ္မတ Trump က သူ့နားမှာရှိတဲ့သူတွေ အကုန်လုံးဟာ ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးထားတာကြောင့် သူ့အနေနဲ့ ဗိုင်းရပ်စ်ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နှာခေါင်းစည်းတပ်စရာ မလိုဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း သမ္မတ Trump ဟာ မနေ့ကတော့ Walter Reed စစ်ဆေးရုံမှာ သူ့ရဲ့ လုံခြုံရေးအဖွဲ့တွေ၊ နောက် ဆေးရုံတာဝန်ရှိသူတွေနဲ့ အတူတူ အနက်ရောင် နှာခေါင်းစည်းတွေ တပ်ဆင်ပြီးတော့ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ စစ်သည်တွေနဲ့ ဝန်ထမ်းတွေကို တွေ့ဆုံခဲ့ပြီး ဒီလူတွေဟာ COVID-19 ကပ်ရောဂါကို ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းစစ်သည်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေချိန်မှာပဲ သမ္မတ Trump ဟာ တပ်ဖွဲ့ဝင်တွေနဲ့ ဆေးရုံဝန်ထမ်းတွေကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG