သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO က နုတ်ထွက်ဖို့ သမ္မတ ထရမ့် တရားဝင်စတင်


အမေရိကန် သမ္မတဒေါ်နယ်ထရမ့်
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်

Zawgyi/Unicode

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ အမေရိကန်နိုင်ငံ နုတ်ထွက်ဖို့ သမ္မတဒေါ်နယ်ထရမ့် တရားဝင် စတင်လုပ်ဆောင်လာတာဟာ WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ အတွက် ခြိမ်းခြောက်ခံနေရမှု တကယ်ဖြစ်လာနေပြီလို့ အရာရှိတွေက ပြောပါတယ်။

ပိုလီယို အကြောသေရောဂါ၊ ဝက်သက်နဲ့ စိတ်ကျန်းမာရေးဆိုင်ရာအပါအဝင် ကမ္ဘာတလွှား ရောဂါဖြစ်ပွါးမှု မျိုးစုံတိုက်ဖျက်ရေးမှာ ဦးဆောင်နေတဲ့ WHO အဖွဲ့ကြီးအတွက် ရန်ပုံငွေ အများဆုံး ထည့်ဝင်ပေးနေသူဟာ အမေရိကန်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတာနဲ့ အတူ WHO ဟာ သမ္မတထရမ့်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံလာရတာပါ။

WHO အတွက် အမေရိကန်နိုင်ငံက နှစ်စဉ်ထည့်နေတဲ့ ဒေါ်လာ သန်း ၄၀၀ ကို ဆိုင်းငံ့ထားဖို့ ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်း နုတ်ထွက်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပြီး အခု အမေရိကန် စတင်နုတ်ထွက်နေပြီဖြစ်ကြောင်း သမ္မတထရမ့်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို တရားဝင်အသိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ တနှစ်အကြာ ၂၀၂၁ ခု ဇူလိုင်လ ၆ ရက် နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ တကယ်လို့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတ ထရမ့်နဲ့ ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဂျိုးဘိုင်ဒင်သာ အနိုင်ရခဲ့ရင်တော့ WHO ကနေ အမေရိကန် နုတ်ထွက်မှုကို တားမယ့်ပုံရှိနေပါတယ်။

အမေရိကန်က နှုတ်ထွက်မယ်ဆိုတဲ့ အကြောင်းကြားချက် ပေးပို့ခဲ့ကြောင်း အတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric က အတည်ပြုပါတယ်။ ၁၉၄၈ ခုနှစ် အမေရိကန် WHO အဖွဲ့ထဲ ဝင်ရောက်စဉ်က နုတ်ထွက်မယ်ဆိုရင် တနှစ်ကြိုတင် အကြောင်းကြားစာ ပေးပို့ဖို့နဲ့ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကတိပြုထားတဲ့ ရန်ပုံငွေ လက်ကျန်တွေကို ပေးအပ်ဖို့ သဘောတူညီမှု ရှိကြောင်းလည်း Dujarric ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]






ဆက်စပ်သတင်းများ ...

XS
SM
MD
LG