သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ာမနီနယ္စပ္ဂိတ္ေတြက ကုိရုိနာဗုိင္းရပ္စ္စစ္ေဆးေရးဂိတ္ေတြ မၾကာခင္ရပ္ဆုိင္းမည္


ဂ်ာမဏီျပည္ထဲေရးဝန္ႀကီး Horst Seehofer

(Zawgyi/Unicode)

ဂ်ာမဏီႏိုင္ငံမွာ ကုန္းတြင္းပိုင္းနယ္စပ္ဂိတ္ေတြမွာထားတဲ့ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါဆိုင္ရာ စစ္ေဆးမႈေတြကို ေရွ႕လလယ္ေလာက္မွာ ရပ္ဆိုင္းဖို႔ လုပ္ေဆာင္ေတာ့မွာ ျဖစ္ေၾကာင္း ဂ်ာမဏီ ျပည္ထဲေရးဝန္ႀကီး Horst Seehofer က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ဂ်ာမဏီႏုိင္ငံ အေနနဲ႔ ဇြန္လလယ္ေလာက္မွာ ဥေရာပတလႊား လြတ္လပ္စြာသြားလာခြင့္ေပးဖုိ႔ သတ္မွတ္ထားတာ ျဖစ္ၿပီး ျပင္သစ္၊ Luxembourg၊ ဆြစ္ဇလန္နဲ႔ Austria ႏိုင္ငံေတြနဲ႔ ဆက္ေနတဲ့ နယ္စပ္ဂိတ္ေတြကို စေနေန႔မွာ ဖြင့္လွစ္မွာ ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးက သတင္းေထာက္ ေတြကို ေျပာပါတယ္။

ဒီလိုစီစဥ္ထားတာဟာ ကိုရိုနာဗုိင္းရပ္စ္ပိုး အကူးစက္ခံရမႈႏႈန္း ေလ်ာ့ပါးမႈ ဆက္ရွိမရွိေပၚမွာ မူတည္ၿပီး အေျပာင္းအလဲ ရွိႏိုင္တယ္လုိ႔လည္း ဝန္ႀကီး Seehofer က ေျပာပါတယ္။

ဒီသီတင္းပတ္ထဲ အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ၂ ႏိုင္ငံခ်င္း ေဆြးေႏြးမႈေတြကေန ကပ္ေရာဂါဆိုင္ရာ သတ္မွတ္ခ်က္ေတြ ေျဖေလ ွ်ာ့ေပးေရး ဆိုင္ရာ သေဘာတူညီမႈေတြ ရခဲ့တယ္လို႔လည္း ေျပာပါတယ္။

အေမရိကန္တို႔ ရုရွားတို႔လို အီးယူ ဥေရာပသမဂၢ အဖြဲ႔ဝင္ႏိုင္ငံေတြ မဟုတ္တဲ့ ႏုိင္ငံေတြကို ခရီးသြားလာခြင့္နဲ႔ ပတ္သက္ၿပီး ဇြန္လ ၁၅ ရက္ေန႔ အထိ ကန္႔သတ္ထားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel ဟာ နယ္စပ္ဂိတ္ ျပန္ဖြင့္ေရးနဲ႔ ပတ္သက္ၿပီး ဂ်ာမဏီလႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဂျာမဏီနိုင်ငံမှာ ကုန်းတွင်းပိုင်းနယ်စပ်ဂိတ်တွေမှာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ စစ်ဆေးမှုတွေကို ရှေ့လလယ်လောက်မှာ ရပ်ဆိုင်းဖို့ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ဂျာမဏီ ပြည်ထဲရေးဝန်ကြီး Horst Seehofer က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဂျာမဏီနိုင်ငံ အနေနဲ့ ဇွန်လလယ်လောက်မှာ ဥရောပတလွှား လွတ်လပ်စွာသွားလာခွင့်ပေးဖို့ သတ်မှတ်ထားတာ ဖြစ်ပြီး ပြင်သစ်၊ Luxembourg၊ ဆွစ်ဇလန်နဲ့ Austria နိုင်ငံတွေနဲ့ ဆက်နေတဲ့ နယ်စပ်ဂိတ်တွေကို စနေနေ့မှာ ဖွင့်လှစ်မှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက သတင်းထောက် တွေကို ပြောပါတယ်။

ဒီလိုစီစဉ်ထားတာဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံရမှုနှုန်း လျော့ပါးမှု ဆက်ရှိမရှိပေါ်မှာ မူတည်ပြီး အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း ဝန်ကြီး Seehofer က ပြောပါတယ်။

ဒီသီတင်းပတ်ထဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ ၂ နိုင်ငံချင်း ဆွေးနွေးမှုတွေကနေ ကပ်ရောဂါဆိုင်ရာ သတ်မှတ်ချက်တွေ ဖြေလေ ျှာ့ပေးရေး ဆိုင်ရာ သဘောတူညီမှုတွေ ရခဲ့တယ်လို့လည်း ပြောပါတယ်။

အမေရိကန်တို့ ရုရှားတို့လို အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်တဲ့ နိုင်ငံတွေကို ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီး ဇွန်လ ၁၅ ရက်နေ့ အထိ ကန့်သတ်ထားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဂျာမဏီဝန်ကြီးချုပ် Angela Merkel ဟာ နယ်စပ်ဂိတ် ပြန်ဖွင့်ရေးနဲ့ ပတ်သက်ပြီး ဂျာမဏီလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG