သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပမွာ COVID-19 ကူးစက္မႈေလ်ာ့လာေပမယ့္ ကာလအေတာ္ၾကာ ရွိေနႏုိင္ေၾကာင္း WHO ေျပာ


(Zawgyi/Unicode)

ဥေရာပေဒသမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဟာ ကူးစက္မႈ က်ဆင္းေနတာ ဒါမွမဟုတ္ ဆက္မတိုးပဲတည္ၿငိမ္ေနတဲ့ ပံုမ်ိဳး ေတြ႔ေနရေပမယ့္ ဒီေရာဂါပိုးဟာ လူေတြၾကား အခ်ိန္အေတာ္ၾကာ ဆက္ၿပီး ရွိေနႏိုင္တယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲက ဗုဒၶဟူးေန႔မွာ သတိေပးလိုက္ပါတယ္။

ႏိုင္ငံအမ်ားစုမွာ ဒီကပ္ေရာဂါဟာ အခုမွ ကနဦးအဆင့္ပဲ ရွိေသးသလို ဒီကပ္ေရာဂါဒဏ္ကို အေစာဆံုးခံရတဲ့ ႏိုင္ငံတခ်ိဳ႕မွာ ေရာဂါအကူးစက္ခံရသူ ဦးေရ ပိုတိုးလာ ေနတာကို အခု စျမင္ေနရတာေၾကာင့္ သတိထားၾကဖုိ႔ ဒီေရာဂါဆိုင္ရာ ဂ်နီဗာေန႔စဥ္ သတင္းစာရွင္းလင္းပြဲမွာ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာၾကားလိုက္တာပါ။

ေနအိမ္ေတြမွာပဲ ေနတာနဲ႔ လူခ်င္းခပ္ခြာခြာေနတဲ့ လုပ္ေဆာင္မႈေတြက ႏိုင္ငံအမ်ားအျပားမွာ ကိုိရိုနာဗုိင္းရပ္စ္ ေရာဂါ ကူးစက္ျပန္႔ႏွံ႕မႈကို ေကာင္းေကာင္းတားဆီးႏိုင္ခဲ့တာ ျဖစ္ၿပီး အခုေတာ့ ဒီလုပ္ေဆာင္မႈ ေၾကာင့္ ရလာတဲ့ ရလဒ္ကေန ေျဖေလ ွ်ာ့မႈေတြ လုပ္ဖုိ႔ စဥ္းစားလာတာကို ေတြ႔ေနရၿပီး ဒါဟာ အႀကီးဆံုးအႏၱရာယ္ေတြထဲက တခု ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒါ့ေၾကာင့္ ေဆးစစ္ဖို႔၊ သီးျခားခြဲေနၾကဖို႔၊ ေရာဂါရွင္ေတြနဲ႔ ထိေတြ႔ဆက္ဆံမိသူတိုင္း သီးျခားခြဲေနထိုင္ၿပီး ေစာင့္ၾကည့္ဖုိ႔ အပါအဝင္ WHO ရဲ႕ က်န္းမာေရးဆိုင္ရာ အႀကံေပးခ်က္ေတြကို ႏိုင္ငံတိုင္း လိုက္နာၾကဖို႔လည္း တုိက္တြန္းပါတယ္။

Johns Hopkins တကၠသိုလ္ စစ္တမ္းအရ ဗုဒၶဟူးေန႔မွာ ကမာၻတလႊား ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ အကူးစက္ခံရသူေပါင္းက (၂,၆၁၄,၀၀၀) ၂ သန္း ၆ သိန္းေက်ာ္ ရွိ ေနၿပီး ေသဆံုးရသူေပါင္းက (၁၈၁,၂၀၀) တသိန္းရွစ္ေသာင္းေက်ာ္ ရွိေနပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာေတာ့ အကူးစက္ခံရသူ (၈၃၄,၈၅၈) ရွစ္သိန္းေက်ာ္ရွိေနတာပါ။

ဒီေရာဂါအတြက္ ကာကြယ္ေဆးကို ၾကာသပေတးေန႔မွာ Oxford တကၠသိုလ္မွာ လူေတြနဲ႔ စတင္စမ္းသပ္မွာ ျဖစ္ေၾကာင္း ၿဗိတိသွ် က်န္းမာေရးအရာရွိေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဥရောပမှာ COVID-19 ကူးစက်မှုလျော့လာပေမယ့် ကာလအတော်ကြာ ရှိနေနိုင်ကြောင်း WHO ပြော

(Unicode)

ဥရောပဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကူးစက်မှု ကျဆင်းနေတာ ဒါမှမဟုတ် ဆက်မတိုးပဲတည်ငြိမ်နေတဲ့ ပုံမျိုး တွေ့နေရပေမယ့် ဒီရောဂါပိုးဟာ လူတွေကြား အချိန်အတော်ကြာ ဆက်ပြီး ရှိနေနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

နိုင်ငံအများစုမှာ ဒီကပ်ရောဂါဟာ အခုမှ ကနဦးအဆင့်ပဲ ရှိသေးသလို ဒီကပ်ရောဂါဒဏ်ကို အစောဆုံးခံရတဲ့ နိုင်ငံတချို့မှာ ရောဂါအကူးစက်ခံရသူ ဦးရေ ပိုတိုးလာ နေတာကို အခု စမြင်နေရတာကြောင့် သတိထားကြဖို့ ဒီရောဂါဆိုင်ရာ ဂျနီဗာနေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်တာပါ။

နေအိမ်တွေမှာပဲ နေတာနဲ့ လူချင်းခပ်ခွာခွာနေတဲ့ လုပ်ဆောင်မှုတွေက နိုင်ငံအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကောင်းကောင်းတားဆီးနိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ ဒီလုပ်ဆောင်မှု ကြောင့် ရလာတဲ့ ရလဒ်ကနေ ဖြေလေ ျှာ့မှုတွေ လုပ်ဖို့ စဉ်းစားလာတာကို တွေ့နေရပြီး ဒါဟာ အကြီးဆုံးအန္တရာယ်တွေထဲက တခု ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့ကြောင့် ဆေးစစ်ဖို့၊ သီးခြားခွဲနေကြဖို့၊ ရောဂါရှင်တွေနဲ့ ထိတွေ့ဆက်ဆံမိသူတိုင်း သီးခြားခွဲနေထိုင်ပြီး စောင့်ကြည့်ဖို့ အပါအဝင် WHO ရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွေကို နိုင်ငံတိုင်း လိုက်နာကြဖို့လည်း တိုက်တွန်းပါတယ်။

Johns Hopkins တက္ကသိုလ် စစ်တမ်းအရ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူပေါင်းက (၂,၆၁၄,၀၀၀) ၂ သန်း ၆ သိန်းကျော် ရှိ နေပြီး သေဆုံးရသူပေါင်းက (၁၈၁,၂၀၀) တသိန်းရှစ်သောင်းကျော် ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ အကူးစက်ခံရသူ (၈၃၄,၈၅၈) ရှစ်သိန်းကျော်ရှိနေတာပါ။

ဒီရောဂါအတွက် ကာကွယ်ဆေးကို ကြာသပတေးနေ့မှာ Oxford တက္ကသိုလ်မှာ လူတွေနဲ့ စတင်စမ်းသပ်မှာ ဖြစ်ကြောင်း ဗြိတိသျှ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG