သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Angela Merkel ကိုအစားထိုးမယ့် CDU ပါတီ ခေါင်းဆောင်သစ် ရွေးပြီ


Angela Merkel
Angela Merkel

ဂျာမနီနိုင်ငံရဲ့ ဗဟိုလက်ယာယိမ်း ခရစ္စယာန်ဒီမိုကရက်တစ်ယူနီယမ် CDU ခေါင်းဆောင် ဝန်ကြီးချုပ် Angela Merkel ရဲ့ နေရာကို အစားထိုးမယ့်သူ ရွေးချယ်လိုက်ပါတယ်။ ဒီကနေ့ Hamburg မြို့ လွှတ်တော်မှာ မဲခွဲရွေးချယ်ရာမှာတော့ Merkel ရဲ့ ပြိုင်ဖက်ဟောင်း Friedrich Merz ကို ပါတီရဲ့ လက်ရှိအတွင်းရေးမှူး Annegret Kramp-Karrenbauer က ၅၁၇ မဲ ၄၈၂ မဲနဲ့ ပွတ်ကာသီကာအနိုင်ရလိုက်ပါတယ်။ Merz က CDU ပါတီကို လက်ယာဖက် ပိုယိမ်းအောင် ဆောင်ရွက်မယ်လို့ ယူဆရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက Merkel က ရွှေ့ပြောင်းအခြေချလိုသူ ၁ သန်းကျော်ကို ဂျာမနီနိုင်ငံထဲ လက်ခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ခဲ့သူ ကျန်းမာရေးဝန်ကြီးဌာနက Jens Spahn ကလည်း Merkel နေရာကိုအစားထိုးဖို့ ဝင်အရွေးခံခဲ့ပေမယ့် ပထမတကြိမ် မဲပေးကြရာမှာပဲ ပယ်ချခံလိုက်ရပါတယ်။ Merkel ဟာ ပါတီခေါင်းဆောင်အဖြစ် ၁၈ နှစ်ကြာ တာဝန်ယူခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်စကားပြောရာမှာတော့ ပါတီဆိုတာ တဦးတယောက်ထဲအတွက်ပဲ မဟုတ်ဘဲ ပါတီဝင်တွေအားလုံးအတွက်ပဲ အမြဲတမ်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Angela Merkel ကိုအစားထိုးမယ့် CDU ပါတီ ခေါင်းဆောင်သစ် ရွေးပြီ
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG