သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမျမႇဳပ္မိုင္းေၾကာင့္ ေသဆုံးသူ ဂ်ာမနီႏိုင္ငံသားအတြက္ ဂ်ာမန္သံ႐ုံး ဝမ္းနည္းေၾကာင္း ထုတ္ျပန္


ေျမျမႇဳပ္မုိင္း။

(Zawgyi / Unicode)

ရွမ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္အတြင္း ႏုိဝင္ဘာ ၂၆ ရက္က ေျမျမႇဳပ္မိုင္းထိၿပီး ေသဆုံးခဲ့တဲ့ ဂ်ာမနီႏုိင္ငံသားအတြက္ ဝမ္းနည္းေၾကာင္း ဂ်ာမနီသံ႐ုံးက ထုတ္ျပန္သလို ဂ်ာမနီသံအမတ္ႀကီး ကိုယ္တိုင္လည္း ေသဆုံးသူကို သၿဂႋဳဟ္ဖုိ႔ ရွမ္းျပည္နယ္ကို ေရာက္ရွိေနပါတယ္။ ျမန္မာအစိုးရ တာဝန္ရွိသူေတြကေတာ့ ဂ်ာမနီႏိုင္ငံသား ေသဆုံးရတဲ့ကိစၥမွာ အစိုးရအေနနဲ႔ ကန႔္သတ္ေနရာေတြကို ႀကိဳတင္ သတိေပးထားတာျဖစ္လို႔ ခြင့္မျပဳဘဲ သြားလာတဲ့သူေတြမွာ တာဝန္ရွိေၾကာင္း ေျပာပါတယ္။ ဒီအေၾကာင္း ေနာက္ဆုံးအေျခအေနကို ေမးျမန္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးထားပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း အထူးသျဖင့္ သီေပါ၊ ေက်ာက္မဲ၊ နမ့္ဆန္တဝိုက္မွာ ျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႔တခ်ိဳ႕နဲ႔ တိုက္ပြဲေတြေၾကာင့္ ႏုိင္ငံျခား ခရီးသြားဧည့္သည္ မသြားရတဲ့ ေနရာေတြကို အစိုးရက ကန႔္သတ္ထားေၾကာင္း၊ အခု မိုင္းထိေသဆုံးခဲ့တဲ့ ဂ်ာမနီႏိုင္ငံသားဟာ ကန႔္သတ္နယ္နိမိတ္ကို ေက်ာ္လြန္ၿပီး သြားခဲ့ေၾကာင္း ရွမ္းျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြား ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးထင္ေအာင္ႏိုင္က ဗြီအိုေအကို အခုလိုေျပာပါတယ္။

“အဓိကေတာ့ ဧည့္သည္က လိုတာေပါ့။ သူ မသြားရဘူးဆိုတဲ့ နယ္ေျမကို သူသိဖို႔ စုံစမ္းရမယ္ေလ။ ဟိုတယ္ေတြမွာ ကပ္ထားၿပီးသား။ ဧည့္သည္ကို check in ဝင္တယ္ဆို ရွင္းျပထားတယ္ေလ။ ဒါေပမယ့္လည္း သူတို႔ကလည္း အဲဒါကို သူတို႔သေဘာနဲ႔သူတို႔ ထြက္သြားၾကတာေလ၊ ၿမိဳ႕ထဲကေနၿပီးေတာ့မွ ဆိုင္ကယ္ငွားတဲ့သူ တေယာက္ဆီကေန ဆိုင္ကယ္ငွားသြားတယ္ ေျပာတယ္။ ဟိုတယ္ကေန check out လုပ္သြားၿပီးၿပီ။ အဲဒီကျပန္လာရင္ ညေနကားနဲ႔ မႏၲေလးဆင္းဖို႔ သူတို႔က လက္မွတ္ေတြ လုပ္ထားၿပီးၿပီ။ အဲဒီဘက္မွာ နည္းနည္းေလး ႐ႈပ္ေထြးတယ္ေလ။ ရံဖန္ရံခါ တိုက္ပြဲျဖစ္တာေလးေတြ ရွိတယ္။”

ခရီးသြားလုပ္ငန္းေတြ အေနနဲ႔ အစိုးရကန႔္သတ္ထားတဲ့ ေနရာေဒသေတြကို ခရီးစဥ္ေရာင္းေပးတာမ်ိဳး မရွိေပမယ့္ တခ်ိဳ႕ ဧည့္လမ္းၫႊန္ေတြက လိုက္နာတာမ်ိဳးမရွိဘဲ ႏုိင္ငံျခားဧည့္သည္ေတြကို ေခၚေဆာင္သြားတာမ်ိဳး ရွိေၾကာင္း ခရီးသြားလုပ္ငန္းရွင္တခ်ိဳ႕က ဆိုပါတယ္။ ဒါက ခရီးသြားလုပ္ငန္း က်ဆင္းေနတဲ့ကာလမွာ သက္ေရာက္မႈ တစုံတရာ ရွိႏိုင္ေၾကာင္း ျမန္မာႏုိင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း၊ ဥေရာပေဒသ ခရီးသြားျမႇင့္တင္ေရး အဖြဲ႔ဝင္ျဖစ္တဲ့ ေဒၚေကသြယ္စိုးက ဗြီအိုေအကို ေျပာပါတယ္။

“ျပႆနာစၿပီးျဖစ္တဲ့ အခ်ိန္ကစၿပီးေတာ့ ျပင္ဦးလြင္မွာ bomb blast စၿပီးျဖစ္တဲ့ အခ်ိန္ကစၿပီးေတာ့ အစိုးရကလည္း alert လုပ္ထားတယ္၊ ဟိုတယ္ခရီး ဝန္ႀကီးဌာနကလည္း ဒီေဒသေတြကို ခရီးသြားဧည့္သည္ေတြ မသြားဖို႔ဆိုၿပီးေတာ့ က်မတို႔ကို တားျမစ္ထားတာေတြရွိတယ္။ အဲဒီအခ်ိန္ကစၿပီးေတာ့ က်မတို႔ Tour operator ေတြကေတာ့ သီေပါကိုလည္း မေရာင္းဘူး၊ ဟိုဘက္ပိုင္းေတြလည္း မေရာင္းဘူးေပါ့။ alert လုပ္ထားတဲ့ၾကားကေန ဧည့္သည္ေတြ သြားတာကေတာ့ သြားတဲ့သူမွာပဲ တာဝန္ရွိတယ္လို႔ ထင္တယ္။ ေခၚသြားေပးတဲ့ ဂိုက္ေတြ၊ tour company ဆိုလည္း အဲဒီသူေတြမွာ တာဝန္ရွိတယ္လို႔ ထင္တယ္။”

၂၀၁၆ ခုႏွစ္တုန္းကလည္း ဂ်ာမနီ ခရီးသြား ၂ ေယာက္ ေျမျမႇဳပ္မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာ ရခဲ့ေၾကာင္း ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ တာဝန္ရွိသူတဦးက ေျပာပါတယ္။

ဂ်ာမနီသံအမတ္ႀကီးနဲ႔ ေသဆုံးသူ ဂ်ာမနီႏိုင္ငံသားနဲ႔ ပတ္သက္သူေတြဟာ ဒီေန႔ ႏိုဝင္ဘာ ၂၈ ညေနပိုင္းမွာ ရွမ္းျပည္နယ္ကို ေရာက္ရွိေနပါတယ္။ သူ႔ကို သၿဂႋဳဟ္ၿပီးသြားရင္ေတာ့ အ႐ိုးျပာအိုးကို ျပန္ယူေဆာင္သြားမွာ ျဖစ္ပါတယ္။ ဂ်ာမနီသံ႐ုံး ထုတ္ျပန္ခ်က္မွာေတာ့ ေျမျမႇဳပ္မိုင္း အသုံးျပဳမႈ တားဆီးေရးအတြက္ ျမန္မာအစိုးရနဲ႔ လက္နက္ကိုင္အဖြဲ႔အစည္းေတြ ပူးေပါင္းေဆာင္ရြက္ဖို႔ ဂ်ာမန္သံအမတ္ႀကီး ေသာမတ္စ္ ႏိုင္ဇင္ဂါအေနနဲ႔ အရင္ကတည္းက တိုက္တြန္းထားခဲ့ဖူးေၾကာင္းကိုလည္း ေဖာ္ျပထားပါတယ္။

-----------------------------

(Unicode)

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ဂျာမနီနိုင်ငံသားအတွက် ဂျာမန်သံရုံး ဝမ်းနည်းကြောင်း ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နိုဝင်ဘာ ၂၆ ရက်က မြေမြှုပ်မိုင်းထိပြီး သေဆုံးခဲ့တဲ့ ဂျာမနီနိုင်ငံသားအတွက် ဝမ်းနည်းကြောင်း ဂျာမနီသံရုံးက ထုတ်ပြန်သလို ဂျာမနီသံအမတ်ကြီး ကိုယ်တိုင်လည်း သေဆုံးသူကို သင်္ဂြိုဟ်ဖို့ ရှမ်းပြည်နယ်ကို ရောက်ရှိနေပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ဂျာမနီနိုင်ငံသား သေဆုံးရတဲ့ကိစ္စမှာ အစိုးရအနေနဲ့ ကန့်သတ်နေရာတွေကို ကြိုတင် သတိပေးထားတာဖြစ်လို့ ခွင့်မပြုဘဲ သွားလာတဲ့သူတွေမှာ တာဝန်ရှိကြောင်း ပြောပါတယ်။ ဒီအကြောင်း နောက်ဆုံးအခြေအနေကို မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း အထူးသဖြင့် သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်တဝိုက်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တချို့နဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံခြား ခရီးသွားဧည့်သည် မသွားရတဲ့ နေရာတွေကို အစိုးရက ကန့်သတ်ထားကြောင်း၊ အခု မိုင်းထိသေဆုံးခဲ့တဲ့ ဂျာမနီနိုင်ငံသားဟာ ကန့်သတ်နယ်နိမိတ်ကို ကျော်လွန်ပြီး သွားခဲ့ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဓိကတော့ ဧည့်သည်က လိုတာပေါ့။ သူ မသွားရဘူးဆိုတဲ့ နယ်မြေကို သူသိဖို့ စုံစမ်းရမယ်လေ။ ဟိုတယ်တွေမှာ ကပ်ထားပြီးသား။ ဧည့်သည်ကို check in ဝင်တယ်ဆို ရှင်းပြထားတယ်လေ။ ဒါပေမယ့်လည်း သူတို့ကလည်း အဲဒါကို သူတို့သဘောနဲ့သူတို့ ထွက်သွားကြတာလေ၊ မြို့ထဲကနေပြီးတော့မှ ဆိုင်ကယ်ငှားတဲ့သူ တယောက်ဆီကနေ ဆိုင်ကယ်ငှားသွားတယ် ပြောတယ်။ ဟိုတယ်ကနေ check out လုပ်သွားပြီးပြီ။ အဲဒီကပြန်လာရင် ညနေကားနဲ့ မန္တလေးဆင်းဖို့ သူတို့က လက်မှတ်တွေ လုပ်ထားပြီးပြီ။ အဲဒီဘက်မှာ နည်းနည်းလေး ရှုပ်ထွေးတယ်လေ။ ရံဖန်ရံခါ တိုက်ပွဲဖြစ်တာလေးတွေ ရှိတယ်။”

ခရီးသွားလုပ်ငန်းတွေ အနေနဲ့ အစိုးရကန့်သတ်ထားတဲ့ နေရာဒေသတွေကို ခရီးစဉ်ရောင်းပေးတာမျိုး မရှိပေမယ့် တချို့ ဧည့်လမ်းညွှန်တွေက လိုက်နာတာမျိုးမရှိဘဲ နိုင်ငံခြားဧည့်သည်တွေကို ခေါ်ဆောင်သွားတာမျိုး ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်တချို့က ဆိုပါတယ်။ ဒါက ခရီးသွားလုပ်ငန်း ကျဆင်းနေတဲ့ကာလမှာ သက်ရောက်မှု တစုံတရာ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဥရောပဒေသ ခရီးသွားမြှင့်တင်ရေး အဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်ကေသွယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ပြဿနာစပြီးဖြစ်တဲ့ အချိန်ကစပြီးတော့ ပြင်ဦးလွင်မှာ bomb blastစပြီးဖြစ်တဲ့ အချိန်ကစပြီးတော့ အစိုးရကလည်း alert လုပ်ထားတယ်၊ ဟိုတယ်ခရီး ဝန်ကြီးဌာနကလည်း ဒီဒေသတွေကို ခရီးသွားဧည့်သည်တွေ မသွားဖို့ဆိုပြီးတော့ ကျမတို့ကို တားမြစ်ထားတာတွေရှိတယ်။ အဲဒီအချိန်ကစပြီးတော့ ကျမတို့ Tour operator တွေကတော့ သီပေါကိုလည်း မရောင်းဘူး၊ ဟိုဘက်ပိုင်းတွေလည်း မရောင်းဘူးပေါ့။ alert လုပ်ထားတဲ့ကြားကနေ ဧည့်သည်တွေ သွားတာကတော့ သွားတဲ့သူမှာပဲ တာဝန်ရှိတယ်လို့ ထင်တယ်။ ခေါ်သွားပေးတဲ့ ဂိုက်တွေ၊tour company ဆိုလည်း အဲဒီသူတွေမှာ တာဝန်ရှိတယ်လို့ ထင်တယ်။”

၂၀၁၆ ခုနှစ်တုန်းကလည်း ဂျာမနီ ခရီးသွား ၂ ယောက် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဂျာမနီသံအမတ်ကြီးနဲ့ သေဆုံးသူ ဂျာမနီနိုင်ငံသားနဲ့ ပတ်သက်သူတွေဟာ ဒီနေ့ နိုဝင်ဘာ ၂၈ ညနေပိုင်းမှာ ရှမ်းပြည်နယ်ကို ရောက်ရှိနေပါတယ်။ သူ့ကို သင်္ဂြိုဟ်ပြီးသွားရင်တော့ အရိုးပြာအိုးကို ပြန်ယူဆောင်သွားမှာ ဖြစ်ပါတယ်။ဂျာမနီသံရုံး ထုတ်ပြန်ချက်မှာတော့ မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးရေးအတွက် မြန်မာအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဂျာမန်သံအမတ်ကြီး သောမတ်စ် နိုင်ဇင်ဂါအနေနဲ့ အရင်ကတည်းက တိုက်တွန်းထားခဲ့ဖူးကြောင်းကိုလည်း ဖော်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG