သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီေပါေျမျမႇပ္မိုင္းကြဲမႈ ဂ်ာမန္ခရီးသြားေသဆုံး


(Zawgyi/Unicode)

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္အတြင္း ေျမျမွဳပ္မုိင္းေပါက္ကဲြမႈေၾကာင့္ ေသဆုံးသြားသူဟာ ဂ်ာမန္ႏုိင္ငံသား ခရီးသြား တဦးျဖစ္ေၾကာင္း သက္ဆုိင္ရာ တာ၀န္ရွိသူေတြက ဒီကေန႔ပဲ အတည္ျပဳလုိက္ၾကပါတယ္။

ရန္ကုန္မွာရွိတဲ့ ဂ်ာမနီႏုိင္ငံ သံ႐ုံးက ေသဆုံးသူရဲ႕ ေဆြမ်ဳိးေတြ၊ ျမန္မာအာဏာပုိင္ေတြနဲ႔ ဆက္သြယ္ေဆာင္ရြက္ေနေၾကာင္းလည္း ေျပာေပမဲ့ အေသးစိတ္ကုိေတာ့ မေျပာပါဘူး။

အေစာပုိင္း သတင္းေတြမွာေတာ့ ကမာၻလွည့္ခရီးသြားေတြ မၾကာခဏ လည္ပတ္ေလ့ရွိတဲ့ သီေပါၿမိဳ႕အနီး လမ္းေဘးမွာ ေျမျမွဳပ္မုိင္း ေပါက္ကဲြမႈေၾကာင့္ ေသဆုံးသူဟာ နယ္သာလန္ႏုိင္ငံသားျဖစ္ေၾကာင္း ေဖာ္ျပခဲ့ၾကတာပါ။

ေပါက္ကဲြမႈေၾကာင့္ အေဖာ္ျဖစ္သူ အာဂ်င္တီးနားႏုိင္ငံသူ အမ်ဳိးသမီးလည္း ဒဏ္ရာရခဲ့ပါတယ္။ ေပါက္ကဲြမႈျဖစ္ခဲ့တဲ့ သီေပါၿမိဳ႕နယ္၊ ပန္ေညာင္ေက်းရြာနဲ႔ ကြန္ေဟာက္ေက်းရြာၾကား ေဒသဟာ ခရီးသြားေတြ သြားလာခြင့္မရွိတဲ့ နယ္ေျမျဖစ္ေၾကာင္းလည္း ေဒသခံရဲတပ္ဖဲြ႔ တာ၀န္ရွိသူ တဦးကုိ ကုိးကားၿပီး AFP သတင္းက ေဖာ္ျပပါတယ္။

ေျမျမႇဳပ္မိုင္း ေစာင့္ၾကည့္ေရးအဖြဲ႔ရဲ႕ ဒီႏွစ္ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာမွာေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္း ေျမျမႇဳပ္မိုင္းေၾကာင့္ ထိခိုက္ေသဆံုးမႈေပါင္း ၄၃၀ အထိ ရွိခဲ့ေၾကာင္း ေဖာ္ျပခဲ့ၿပီး၊ ဒါဟာဆုိရင္ အာဖဂန္၊ ဆီးရီးယားနဲ႔ ယီမင္ႏုိင္ငံတုိ႔ၿပီးရင္ ကမာၻမွာ စတုတၳေျမာက္ အမ်ားဆံုးလည္း ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္ ဧၿပီလတုန္းကလည္း ရွမ္းျပည္နယ္ ေက်ာက္မဲမွာ ဂ်ာမနီ ခရီးသြား ႏွစ္ဦးနဲ႔ သူတို႔ရဲ႕ ခရီးသြားလမ္းညႊန္တို႔ ေျမျမႇဳပ္မိုင္း ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရခဲ့ဘူးပါတယ္။ သီေပါၿမိဳ႕နယ္အပါအ၀င္ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ လုံၿခံဳေရး စုိးရိမ္ရတဲ့ ေဒသေတြကုိ ခရီးသြားတာေတြ ဆင္ျခင္ၾကဖို႔ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနကလည္း အၾကံျပဳထားတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သီပေါမြေမြှပ်မိုင်းကွဲမှု ဂျာမန်ခရီးသွားသေဆုံး

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူဟာ ဂျာမန်နိုင်ငံသား ခရီးသွားတဦးဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ပဲ အတည်ပြုလိုက်ကြပါတယ်။

ရန်ကုန်မှာရှိတဲ့ ဂျာမနီနိုင်ငံသံရုံးက သေဆုံးသူရဲ့ ဆွေမျိုးတွေ၊ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်းလည်း ပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။

အစောပိုင်း သတင်းတွေမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေ မကြာခဏ လည်ပတ်လေ့ရှိတဲ့ သီပေါမြို့အနီး လမ်းဘေးမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူဟာ နယ်သာလန်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြခဲ့ကြတာပါ။

ပေါက်ကွဲမှုကြောင့် အဖော်ဖြစ်သူ အာဂျင်တီးနားနိုင်ငံသူ အမျိုးသမီးလည်း ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ သီပေါမြို့နယ်၊ ပန်ညောင်ကျေးရွာနဲ့ ကွန်ဟောက်ကျေးရွာကြား ဒေသဟာ ခရီးသွားတွေ သွားလာခွင့်မရှိတဲ့ နယ်မြေဖြစ်ကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒီနှစ်ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုပေါင်း ၄၃၀ အထိ ရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး၊ ဒါဟာဆိုရင် အာဖဂန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတို့ပြီးရင် ကမ္ဘာမှာ စတုတ္ထမြောက် အများဆုံးလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလတုန်းကလည်း ရှမ်းပြည်နယ် ကျောက်မဲမှာ ဂျာမနီ ခရီးသွား နှစ်ဦးနဲ့ သူတို့ရဲ့ ခရီးသွားလမ်းညွှန်တို့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ဘူးပါတယ်။ သီပေါမြို့နယ်အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လုံခြုံရေး စိုးရိမ်ရတဲ့ ဒေသတွေကို ခရီးသွားတာတွေ ဆင်ခြင်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အကြံပြုထားတာပါ။

XS
SM
MD
LG