သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်တင်အမေရိကဒေသ COVID-19 ကူးစက်သူတွေထဲ ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဘိုလီးဗီးယား ကြားဖြတ်သမ္မတ Jeanine Anez. (ဇွန် ၁၁၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဘိုလီးဗီးယား ကြားဖြတ်သမ္မတ Jeanine Anez. (ဇွန် ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာ့နိုင်ငံစုံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူတွေထဲမှာတော့ လက်တင်အမေရိကဒေသက နိုင်ငံခေါင်းဆောင်တွေလည်း ပါဝင်ပြီး သူတို့က ပိုးကူးစက်မှု အခြေအနေကို အသုံးချပြီး ဒီကနေ တိုင်းပြည်အတွက် အကျိုးဖြစ်စေဖို့ ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ရေး အသိပညာပေးမှုတွေ လုပ်နေကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပိုးကူးစက်သူတွေထဲမှာတော့ သမ္မတ ၂ ဦးနဲ့ ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်တဦး ပါဝင်ခဲ့လို့ ဒေသတွင်း ကျန်းမာရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို အခြေအနေ ပိုဆိုးသွားစေပါတယ်။

ဘရာဇီးမှာ သမ္မတ Jair Bolsonaro ပိုးကူးခံရပြီး ဘိုလီးဗီးယား ကြားဖြတ်သမ္မတ Jeanine Añez နဲ့ ဗင်နီဇွဲလားနိုင်ငံက ဆိုရှယ်လစ်ပါတီ အကြီးအကဲ Diosdado Cabello တို့ COVID-19 ဖြစ်နေကြတယ်လို့ အများပြည်သူကို ကြေညာထားပါတယ်။

လက်တင်အမေရိကဒေသ နိုင်ငံတွေမှာက ခေါင်းဆောင်ပိုင်းထဲကဆိုရင် သမ္မတကအစ မြို့ကြီးတွေက မြို့တော်ဝန်တွေ အပါအဝင် ပိုးကူးစက်ခံရသူ စုစုပေါင်း ၄၂ ယောက်ရှိတယ်လို့ အတည်ပြုထားနိုင်ပါပြီ။

မြို့အသေးလေးတွေက အုပ်ချုပ်သူတွေပါဆိုရင် ဒီထက်မကများပြီး ရာဂဏန်းထိ ရှိနိုင်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ထဲက အများစု အလုပ်ပြန်လုပ်နိုင်ပေမယ့် တော်တော်များများတော့ ခံနေရဆဲပဲ ဖြစ်ပါတယ်။

ပိုးကူးစက်မှု ကမ္ဘာ့ဒုတိယအများဆုံး ဘရာဇီးနိုင်ငံ သမ္မတကတော့ COVID-19 အတွက် ကောင်းတယ်လို့ သူပြောနေခဲ့တဲ့ ငှက်ဖျားဆေးကို သောက်သုံးနေပါတယ်။ ဒီ Hydroxychloroquine ဆေးက COVID-19 ရောဂါ ပျောက်မပျောက်ဆိုတာ အတည်မပြုနိုင်သေးတဲ့ဆေး ဖြစ်ပါတယ်။

ဒီလို သိပ္ပံနည်းကျ အတည်ပြုလို့ မရသေးတဲ့ ဆေးဝါးတွေ သုံးစွဲပြကြတာတွေရှိလို့ အများပြည်သူ အယူမှားပြီး အန္တရာယ်ဖြစ်မယ့်အပေါ် ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG