သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိလစ္ပုိင္မွာ ကုိဗစ္လူနာေတြကုိ တအိမ္တက္ဆင္းရွာမည္


သူနာျပဳတစ္ဦးက ကိုရုိနာဗိုင္းရပ္စ္ပိုးရွိမရွိစစ္ေဆးေနစဥ္

Zawgyi/Unicode

ဖိလစ္ပိုင္နိုင္ငံမွာ COVID-19 ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္နိုင္္ဖို႔ အာဏာပိုင္ေတြ နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြပူးေပါင္းၿပီး ေရာဂါ ပိုးကူးစက္ခံထားရသူ လူနာေတြကို တအိမ္တက္ဆင္းရွာေဖြသြားမယ္လို႔ ျပည္ထဲေရး ဝန္ႀကီး EDUARDO AÑO က ေျပာပါတယ္။ ဖိလစ္ပိုင္နိုင္ငံမွာ COVID-19 ကူးစက္မႈနဲ႔ အေသအေပ်ာက္ႏႈန္းျမင့္တက္ေနၿပီးနိုင္ငံတြင္း ေနရာတခ်ိဳ႕မွာ တင္းၾကပ္တဲ့ အသြား အလာ ကန္႔သတ္ခ်က္ေတြ ျပန္ခ်ထားခ်ိန္မွာ အခုလို ေျပာလိုက္တာလည္း ျဖစ္ပါတယ္။

ကိုယ့္ရပ္ကြက္ဝန္းက်င္မွာ ေရာဂါကူးစက္တာကိုေတြ႕ရင္လည္း အေၾကာင္းၾကားၾကဖို႔ ဝန္ႀကီး EDUARDO AÑO က တိုက္တြန္းထား ၿပီး ေရာဂါကူးစက္ထားသူေတြအေနနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ျငင္းဆန္ရင္ ေထာင္ဒဏ္ခ်မွတ္မယ္လို႔လည္း သတိေပးထားပါတယ္။

ဒီတပတ္ထဲမွာဖိလစ္ပိုင္ရဲ့ တရက္တည္း ေရာဂါကူးစက္ႏႈန္းက အေရွ႕ေတာင္အာရွေဒသရဲ့ အျမင့္ဆုံးစံခ်ိန္ကို ေရာက္ခဲ့သြားၿပီး ေဆး႐ုံ ေတြမွာလည္း လူနာဦးေရ တရွိန္ထိုး တိုးတက္သြားတာေၾကာင့္ အခုလိုတင္းၾကပ္တဲ့ စည္းကမ္းေတြခ်မွတ္လာတာပါ။ အသြားအလာနဲ႔ စီးပြါးေရးလုပ္ငန္း ေတြကို ဇြန္လ ၁ ရက္ေန႔က ေျဖေလၽွ ာ့ေပးၿပီးေနာက္ပိုင္း ကူးစက္ႏႈန္းက ၃ ဆ ျမင့္တက္လာတာလည္း ျဖစ္ပါတယ္။

ေရာဂါကူးစက္ခံရသူေတြ လိုအပ္တဲ့ ဝန္ေဆာင္မႈ အျပည့္အစုံမရွိဘဲ အိမ္ေတြမွာ သီးျခားခြဲရတာမ်ိဳး မျဖစ္ေစခ်င္တာေၾကာင့္သူတို႔ကို တအိမ္တက္ဆင္းလိုက္ရွာၿပီး သီးျခားခြဲေစာင့္ၾကည့္တဲ့ေနရာေတြမွာ ထားမွာလို႔ ဝန္ႀကီး AÑO က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ အေစာပိုင္းတုန္းကေတာ့ ေရာဂါလကၡဏာမျပင္းထန္ရင္ အိမ္ေတြမွာပဲေနၿပီး သီးျခားခြဲေနၾကဖို႔ တိုက္တြန္းထားခဲ့တာပါ။ အခုေတာ့ တအိမ္တက္ဆင္းလိုက္ရွာမယ့္စီမံခ်က္နဲ႔ ပတ္သက္ၿပီး ဝန္ႀကီး AÑO က ၂၀၁၉ ေရာဂါ ေစာင့္ၾကည့္ သတင္းေပးပို႔ခ်က္ဆိုင္ရာ ဉပေဒကို ကိုးကားၿပီး ကာကြယ္ေျပာၾကားသလို ျပည္ထဲေရးဝန္ႀကီးဌာန အတြင္းဝန္ JONATHAN MALAYA ကလည္း တခ်ိဳ႕လူနာေတြက ထြက္ေျပးေနၾကလို႔ အခုလို လုပ္ဖို႔လိုအပ္တာလို႔လည္း ေျပာပါတယ္။

မူးယစ္ေဆးဝါးႏွိမ္ႏွင္းေရးနဲ႔ ပတ္သက္လို႔ ဆင္းရဲသားေတြကို ပစ္မွတ္ထား အာဏာ အလြဲသုံးစားလုပ္တဲ့ရဲတပ္ဖြဲ႕ဟာ အျပစ္က ကင္းလြတ္ခြင့္ရေနတယ္လို႔ အရင္က ေျပာဆိုေနတဲ့ လူ႔အခြင့္အေရးအဖြဲ႕ေတြအတြက္ေတာ့ ဒီစီမံခ်က္ဟာ ကန္႔ကြက္စရာ ျဖစ္လာနိုင္ပါတယ္။ ဖိလစ္ပိုင္မွာ လက္ရွိ COVID-19 ကူးစက္သူ ၅ ေသာင္း ၇ ေထာင္ေက်ာ္နဲ႔ ေသဆုံးသူ ၁၆၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္



[Unicode]

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ရောဂါ ပိုးကူးစက်ခံထားရသူ လူနာတွေကို တအိမ်တက်ဆင်းရှာဖွေသွားမယ်လို့ ပြည်ထဲရေး ဝန်ကြီး EDUARDO AÑO က ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ကူးစက်မှုနဲ့ အသေအပျောက်နှုန်းမြင့်တက်နေပြီးနိုင်ငံတွင်း နေရာတချို့မှာ တင်းကြပ်တဲ့ အသွား အလာ ကန့်သတ်ချက်တွေ ပြန်ချထားချိန်မှာ အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ကိုယ့်ရပ်ကွက်ဝန်းကျင်မှာ ရောဂါကူးစက်တာကိုတွေ့ရင်လည်း အကြောင်းကြားကြဖို့ ဝန်ကြီး EDUARDO AÑO က တိုက်တွန်းထား ပြီး ရောဂါကူးစက်ထားသူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ရင် ထောင်ဒဏ်ချမှတ်မယ်လို့လည်း သတိပေးထားပါတယ်။

ဒီတပတ်ထဲမှာဖိလစ်ပိုင်ရဲ့ တရက်တည်း ရောဂါကူးစက်နှုန်းက အရှေ့တောင်အာရှဒေသရဲ့ အမြင့်ဆုံးစံချိန်ကို ရောက်ခဲ့သွားပြီး ဆေးရုံ တွေမှာလည်း လူနာဦးရေ တရှိန်ထိုး တိုးတက်သွားတာကြောင့် အခုလိုတင်းကြပ်တဲ့ စည်းကမ်းတွေချမှတ်လာတာပါ။ အသွားအလာနဲ့ စီးပွါးရေးလုပ်ငန်း တွေကို ဇွန်လ ၁ ရက်နေ့က ဖြေလျေှ ာ့ပေးပြီးနောက်ပိုင်း ကူးစက်နှုန်းက ၃ ဆ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူတွေ လိုအပ်တဲ့ ဝန်ဆောင်မှု အပြည့်အစုံမရှိဘဲ အိမ်တွေမှာ သီးခြားခွဲရတာမျိုး မဖြစ်စေချင်တာကြောင့်သူတို့ကို တအိမ်တက်ဆင်းလိုက်ရှာပြီး သီးခြားခွဲစောင့်ကြည့်တဲ့နေရာတွေမှာ ထားမှာလို့ ဝန်ကြီး AÑO က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အစောပိုင်းတုန်းကတော့ ရောဂါလက္ခဏာမပြင်းထန်ရင် အိမ်တွေမှာပဲနေပြီး သီးခြားခွဲနေကြဖို့ တိုက်တွန်းထားခဲ့တာပါ။ အခုတော့ တအိမ်တက်ဆင်းလိုက်ရှာမယ့်စီမံချက်နဲ့ ပတ်သက်ပြီး ဝန်ကြီး AÑO က ၂၀၁၉ ရောဂါ စောင့်ကြည့် သတင်းပေးပို့ချက်ဆိုင်ရာ ဉပဒေကို ကိုးကားပြီး ကာကွယ်ပြောကြားသလို ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် JONATHAN MALAYA ကလည်း တချို့လူနာတွေက ထွက်ပြေးနေကြလို့ အခုလို လုပ်ဖို့လိုအပ်တာလို့လည်း ပြောပါတယ်။

မူးယစ်ဆေးဝါးနှိမ်နှင်းရေးနဲ့ ပတ်သက်လို့ ဆင်းရဲသားတွေကို ပစ်မှတ်ထား အာဏာ အလွဲသုံးစားလုပ်တဲ့ရဲတပ်ဖွဲ့ဟာ အပြစ်က ကင်းလွတ်ခွင့်ရနေတယ်လို့ အရင်က ပြောဆိုနေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေအတွက်တော့ ဒီစီမံချက်ဟာ ကန့်ကွက်စရာ ဖြစ်လာနိုင်ပါတယ်။ ဖိလစ်ပိုင်မှာ လက်ရှိ COVID-19 ကူးစက်သူ ၅ သောင်း ၇ ထောင်ကျော်နဲ့ သေဆုံးသူ ၁၆၀၀ ကျော်ရှိပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG