သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ အဆံုးစီရင္သူ ျမန္မာႏုိင္ငံသား ၉ ဦးရွိၿပီ


ဇြန္လက မိမိကုိယ္ကုိအဆံုးစီရင္တဲ့ ျမန္မာႏိုင္ငံသား တဦးကုိ သယ္ေဆာင္လာတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - လူမူကူညီေရးအသင္း(မေလးရွား))

[Zawgyi/Unicode]

မေလးရွားႏိုင္ငံမွာ COVID-19 ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈ ကန္႔သတ္ထားခ်ိန္မွာ ေနာက္ထပ္ ျမန္မာႏုိင္ငံသားတဦး ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သြားတယ္ဆုိတဲ့ သတင္းကုိေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြၾကား စား၀တ္ေနေရး အခက္အခဲ ႀကံဳေနရခ်ိန္မွာ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္တဲ့ အျဖစ္ေတြနဲ႔ ႀကံဳေနရၿပီး အခုေနာက္ထပ္တေယာက္ တုိးလာတဲ့အတြက္ ၉ ေယာက္အထိ ရွိသြားပါျပီ။ အခုေနာက္ဆုံး အဆံုးစီရင္သြားသူနဲ႔ ပတ္သက္လို့ မေလးရွားအေျခစုိက္ နာေရးအကူအညီေပးေရးအဖဲြ႔ကာယကံေမတၱာရွင္ပရဟိတအသင္း ဥကၠဌ ဦးထြန္းထြန္းက အခုလိုေျပာျပပါတယ္။

"Perak ပဲရပ္ျပည္နယ္ Tiping တိုင္ပင္းျမိဳ႕နယ္မွာျဖစ္တာ အလုပ္ထဲမွာပဲျဖစ္တာ ႀကိဳးဆဲြခ်ေသးတာ သူတို႔အားလံုးက တရားမ၀င္အလုပ္သမားေတြပဲ အလုပ္ကေတာ့ ရွိတယ္။ ကုိဗစ္ျပီးမွ အလုပ္က အခုမွ ျပန္စရတာ တပတ္မွာ ၃ ရက္ ၄ ရက္လုပ္ရတာ ၂ ရက္လုပ္ရတာေတြ ရွိတယ္။ သူတို႔မွာလည္း စိတ္ဖိစီးမူေတြေၾကာင့္ ျဖစ္လာတာပဲ ဘယ္လိုေျပာရမလဲ စိတ္ညစ္တဲ့ အပုိင္းေလးေတြလည္း ရွိမွာေပါ့။"

အခုေနာက္ဆံုး အဆံုးစီရင္သြားသူဟာ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ထဲမွာ အဆံုးစီရင္သြားသူျဖစ္ျပီး အသက္ ၂၀ ေက်ာ္အရြယ္ ျမန္မာႏုိင္ငံ မေကြးတိုင္းကလို႔လည္း ဆုိပါတယ္။ မေလးရွားႏုိင္ငံမွာ ျမန္မာႏုိင္ငံက ေရႊ႕ေျပာင္းအလုပ္သမား ၅၅၀,၀၀၀ ေက်ာ္ေလာက္ အလုပ္လုပ္ကုိင္ေနၿပီး တရား၀င္ ေနထုိင္အလုပ္လုပ္ကုိင္ခြင့္ မရွိသူ ၂၅၀,၀၀၀ ေလာက္ ရွိမယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။ ကပ္ေရာဂါႀကံဳေနရတဲ့ မေလးရွားႏုိင္ငံမွာ လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ား ရပ္နားထားရတဲ့အတြက္ ျမန္မာအလုပ္သမား အမ်ားအျပား အလုပ္လက္မဲ့ ျဖစ္ေနရသလုိ တရားမ၀င္ ေနထုိင္သူေတြကုိ ဖမ္းဆီးမႈေတြနဲ႔လည္း ရင္ဆုိင္ေနရခ်ိန္မွာ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္တဲ့ သတင္းေတြလည္း ထြက္ေနတာပါ။

လတ္တေလာမွာေတာ့ တရား၀င္ေနထုိင္ခြင့္ အေထာက္အထားမရွိသူ ျမန္မာႏုိင္ငံသားေတြထဲက ေနရပ္ျပန္လုိေၾကာင္း စာရင္းေပးထားသူ ၇,၀၀၀ ေလာက္ ရွိတယ္လုိ႔လည္း ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေျပာဆုိထားပါတယ္။ ကာယကံေမတၱာရွင္ပရဟိတအသင္း ဥကၠ႒ ဦးထြန္းထြန္းက ကေတာ့ သူတို့ျပည္နယ္ဘက္မွာလည္း ေနရပ္ျပန္ခ်င္သူ အမ်ားအျပား ရွိေနတယ္လုိ႔ေျပာပါတယ္။

"ေနရပ္ျပန္ခ်င္တဲ့သူ အိပို႔မွာ အေတာ္မ်ားတယ္ က်ေနာ္ေနတာ Eipoh မွာေနတာ ေန႔တုိင္း ေမးေနတာ ဘယ္လိုျပန္လို႔ရမလဲေမးေနၾကတာ ဒီမွာ အိုဗာစေတး သမားေတြကအမ်ားႀကီးပဲ။"

မေလးရွားႏုိင္ငံမွာ ျမန္မာႏုိင္ငံသားတခ်ဳိ႕ ကုိယ့္ကုိယ္ကုိ အဆံုးစီရင္တဲ့ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ ျပည္ပႏိုင္ငံေရာက္ အေထာက္အထားမဲ့သူေတြ ေမွ်ာ္လင့္ခ်က္မမဲ့ေစလိုေၾကာင္းနဲ႔ ေနရပ္ျပန္ႏုိင္ေအာင္ ကူညီဖုိ႔ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာဆုိခဲ့တာပါ။ အခုေနာက္ဆုံး ျမန္မာႏုိင္ငံသားတဦး အဆုံးစီရင္သြားတဲ့ဆုိတဲ့ သတင္းနဲ႔ ပတ္သက္လုိ႔ မေလးရွားႏိုင္ငံ အေျခစုိက္ ျမန္မာသံရံုး တာ၀န္ရွိသူေတြကုိ ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ေျဖဆိုသူ မရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားမှာ အဆုံးစီရင်သူ မြန်မာနိုင်ငံသား ၉ ဦးရှိပြီ

မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှု ကန့်သတ်ထားချိန်မှာ နောက်ထပ် မြန်မာနိုင်ငံသားတဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းကိုပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ အဖြစ်တွေနဲ့ ကြုံနေရပြီး အခုနောက်ထပ်တယောက် တိုးလာတဲ့အတွက် ၉ ယောက်အထိ ရှိသွားပါပြီ။ အခုနောက်ဆုံး အဆုံးစီရင်သွားသူနဲ့ ပတ်သက်လို့ မလေးရှားအခြေစိုက် နာရေးအကူအညီပေးရေးအဖွဲ့ကာယကံမေတ္တာရှင်ပရဟိတအသင်း ဥက္ကဌ ဦးထွန်းထွန်းက အခုလိုပြောပြပါတယ်။

"Perak ပဲရပ်ပြည်နယ် Tiping တိုင်ပင်းမြို့နယ်မှာဖြစ်တာ အလုပ်ထဲမှာပဲဖြစ်တာ ကြိုးဆွဲချသေးတာ သူတို့အားလုံးက တရားမဝင်အလုပ်သမားတွေပဲ အလုပ်ကတော့ ရှိတယ်။ ကိုဗစ်ပြီးမှ အလုပ်က အခုမှ ပြန်စရတာ တပတ်မှာ ၃ ရက် ၄ ရက်လုပ်ရတာ ၂ ရက်လုပ်ရတာတွေ ရှိတယ်။ သူတို့မှာလည်း စိတ်ဖိစီးမူတွေကြောင့် ဖြစ်လာတာပဲ ဘယ်လိုပြောရမလဲ စိတ်ညစ်တဲ့ အပိုင်းလေးတွေလည်း ရှိမှာပေါ့။"

အခုနောက်ဆုံး အဆုံးစီရင်သွားသူဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ အဆုံးစီရင်သွားသူဖြစ်ပြီး အသက် ၂၀ ကျော်အရွယ် မြန်မာနိုင်ငံ မကွေးတိုင်းကလို့လည်း ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၅၅၀,၀၀၀ ကျော်လောက် အလုပ်လုပ်ကိုင်နေပြီး တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် မရှိသူ ၂၅၀,၀၀၀ လောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကပ်ရောဂါကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ လုပ်ငန်းတွေ တော်တော်များများ ရပ်နားထားရတဲ့အတွက် မြန်မာအလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်နေရသလို တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမှုတွေနဲ့လည်း ရင်ဆိုင်နေရချိန်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေလည်း ထွက်နေတာပါ။

လတ်တလောမှာတော့ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသူ မြန်မာနိုင်ငံသားတွေထဲက နေရပ်ပြန်လိုကြောင်း စာရင်းပေးထားသူ ၇,၀၀၀ လောက် ရှိတယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ ကာယကံမေတ္တာရှင်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းက ကတော့ သူတို့ပြည်နယ်ဘက်မှာလည်း နေရပ်ပြန်ချင်သူ အများအပြား ရှိနေတယ်လို့ပြောပါတယ်။

"နေရပ်ပြန်ချင်တဲ့သူ အိပို့မှာ အတော်များတယ် ကျနော်နေတာ Eipoh မှာနေတာ နေ့တိုင်း မေးနေတာ ဘယ်လိုပြန်လို့ရမလဲမေးနေကြတာ ဒီမှာ အိုဗာစတေး သမားတွေကအများကြီးပဲ။"

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတချို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ပြည်ပနိုင်ငံရောက် အထောက်အထားမဲ့သူတွေ မျှော်လင့်ချက်မမဲ့စေလိုကြောင်းနဲ့ နေရပ်ပြန်နိုင်အောင် ကူညီဖို့ စီစဉ်နေကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ အခုနောက်ဆုံး မြန်မာနိုင်ငံသားတဦး အဆုံးစီရင်သွားတဲ့ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖြေဆိုသူ မရှိခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG