သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ တျခားႏုိင္ငံျခားသား တရားမ၀င္အလုပ္သမားေတြ ျပည္ေတာ္ျပန္ပုိ႔ဖုိ႔ မေလးရွား စီစဥ္ေန


မေလးရွားႏိုင္ငံအတြင္းရွိ တရားမ၀င္အလုပ္သမားမ်ား (ဓါတ္ပံု- Malaysia immigration )

(Zawgyi/Unicode)

ကိုဗစ္-၁၉ ကပ္ေရာဂါ ႀကံဳေနရတဲ့ မေလးရွားႏုိင္ငံမွာ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ တရားမ၀င္ ေနထုိင္သူ ႏုိင္ငံျခားသား၂ ေသာင္းေလာက္ကုိ လာရင္းႏုိင္ငံေတြကုိ ျပန္ပုိ႔ေနျပီ းဆက္လက္လည္းပုိ႔ဖို႔ စီစဥ္ေနတဲ့အေၾကာင္းကို မေအးေအးမာက ေျပာျပေပးပါမယ္။

မေလးရွားကာကြယ္ေရး၀န္ၾကီး Datuk Seri Ismail Sabri Yaakob ကေတာ့ ျပီးခဲ့တဲ့ ဇူလိုင္လ (၇) ထိ တရားမ၀င္ ေနထုိင္သူ ႏုိင္ငံျခားသား ၂ ေသာင္းေလာက္ကုိ ကိုဗစ္-၁၉ ေရာဂါးပိုး ရွိ-မရွိ စစ္ေဆးၿပီး လာရင္းႏိုင္ငံေတြကို ျပန္လည္ပို ့ေဆာင္ျပီးျပီးေျပာဆုိထားပါတယ္။

ဒီထဲမွာတရားမ၀င္ နိုင္ငံျခားသား ၁၉၁၁၁ ေယာက္အနက္၊ ျမန္မာႏိုင္ငံက ၁၈၉၀၊ အင္ဒိုနီးရွားက ၈၅၀၀ ေက်ာ္၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ၂၅၀၀ ေက်ာ္ပါ၀င္တယ္လုိ႔လည္း ဆုိပါတယ္ တရားမ၀င္ ေနထုိင္သူေတြကုိ ထိန္းသိမ္းထားတဲ့ စခန္းေတြမွာ ကိုဗစ္ -၁၉ ေရာဂါပိုးကူးသူေတြ ရွိေနတယ္ဆုိတဲ့ သတင္းေတြလည္း ထြက္ေပၚေနတာပါ။ ဒါေပမဲ့လည္း ကူးစက္သူေတြထဲ ျမန္မာႏုိင္ငံသားေတြ ပါ၀င္မႈ ရွိမရွိဆုိတာကေတာ့ တိတိက်က် မသိရဘူးလုိ႔လည္း မေလးရွားႏိုင္ငံ ျမန္မာသံရံုးကို ကုိယ္စားျပဳျပီး ထိန္းသိမ္းေရးစခန္းက ျမန္မာေတြကို အကူညီေပးေနတဲ့ ကုိသီဟေမာင္ေမာင္ ကေျပာပါတယ္။

"ဆာလရမ္းဖမး္ေတာ့ ျမန္မာႏုိင္ငံသားေတြလိုသာ ေျပာတာ ဘယ္လူမ်ိဳးလို႔ေတာ့ မေျပာထားေတာ့ဘယ္သူဘယ္၀ါအတိအက်ေျပာလို႔ မရဘူး ျပီးခဲ့တဲ့ လေတြတုန္းက စခန္းကိုေရာက္သြားတဲ့အခါ ကူးစက္သူေတြပါသြားေတာ့ အေဆာင္ေတြေတာင္သပ္သပ္ခဲြထားတာ စခန္း ၃ ခုမွာ ေရာဂါကူးစက္တာက ဘူဂစ္ဂ်ာေလး စခန္းပါတယ္။ ALIA ပါတယ္ စမံုညွင္းစခန္းပါတယ္၊ ျမန္မာႏို္င္ငံသားေတြေရာ ဘဂီဘဂၤလီေတြလည္းပါတယ္။ ဘဂၤလားေဒ့ရွ္ပါတယ္ က်ေနာ္တုိ႔အေနနဲ႔ ျမန္မာႏိုင္ငံသား မွန္ကန္မႈကို ျမန္မာႏိုင္ငံထိျပန္စိစစ္ရတာရွိတယ္။ အေထာက္အထားမျပည့္စံုတဲ့သူေတြေျပာတာေပါ့ေနာ္။ အေထာက္အထားေတြကုိျပန္စီစစ္ျပီးသားကုိ မေလးရွားလ၀ကကုိပို႔ ရတယ္။ အေထာက္အထားရွိသူေတြအတြက္ရံုးပုိင္ဆိုင္ရာကိစၥေတြကို အျမန္ဆံုးျပန္ႏိုင္ေရး အတြက္ မေလးရွားလ၀ကနဲ႔ သက္ဆုိင္ရာ၀န္ႀကီးဌာနေတြနဲ႔ သူေတြလုပ္ေနႀကပါတယ္။ က်ေနာ္ထင္ပါတယ္။ ဒီလထဲမွာေတာင္ရွိမလားမသိဘူး မေလးရွားအစိုးရနဲ႔ ညိွႏိႈင္းျပီး လုပ္ရတာမို႔ သူတို႔အေပၚမွာလည္း မူတည္ပါတယ္။"

မေလးရွား လူ၀င္မႈႀကီးၾကပ္ေရး ထိမ္းသိမ္းေရးစခန္း ၁၂ ခုက ျမန္မာႏိုင္ငံသား ၄၀၀ နီးပါးကိုေတာ့ ျပီးခဲ့တဲ့လေတြမွာပဲ ျမန္မာႏိုင္ငံကုိ ျပန္ပုိ႔ေပးခဲ့တာပါ။ ထိန္းသိမ္းခံျမန္မာႏုိင္ငံသားေတြ အေျခအေနနဲ႔ ပတ္သက္လုိ႔ မေလးရွားႏုိင္ငံ အေျခစုိက္ ျမန္မာသံ႐ုံးကုိ ဆက္သြယ္ေမးျမန္းရာမွာ ေျဖဆုိဖုိ႔ ျငင္းဆန္ခဲ့ပါတယ္။

မေလးရွားက်န္းမာေရး၀န္ႀကီးကေတာ့ လူ၀င္မႈႀကီးၾကပ္ေရး ထိမ္းသိမ္းေရးစခန္းမွာ ဖမ္းဆီးထားသူေတြကို က်န္းမာေရးစစ္ေဆးမႈေတြ အျပည့္အ၀ေပးေနေႀကာင္းနဲ႔ လာရင္းႏုိင္ငံေတြကုိ ျပန္ပို႔တဲ့သူေတြဟာလည္း ေရာဂါပိုးကင္းစင္သူေတြျဖစ္ေၾကာင္း ေျပာဆုိထားပါတယ္။

မေလးရွားႏုိင္ငံမွာတရား၀င္ေကာတရားမ၀င္ပါ ျမန္မာအလုပ္သမား ခန္႔မွန္းေျခ ၅ သိန္းထက္မနည္း အလုပ္လုပ္ကုိင္ေနႀကၿပီး၊ ကိုဗစ္ ၁၉ အေရးေပၚကာလမွာ တရားမ၀င္ေနထုိင္သူေတြကုိ အာဏာပုိင္ေတြ ဖမ္းဆီးေနရာမွာ ျမန္မာႏုိင္ငံသား အမ်ားအျပားလည္း ဖမ္းဆီးခံေနရတာ ျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


..................

မြန်မာနဲ့ တခြားနိုင်ငံခြားသား တရားမဝင်အလုပ်သမားတွေ ပြည်တော်ပြန်ပို့ဖို့ မလေးရှား စီစဉ်နေ

(Unicode)

ကိုဗစ်-၁၉ ကပ်ရောဂါ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင် နေထိုင်သူ နိုင်ငံခြားသား၂ သောင်းလောက်ကို လာရင်းနိုင်ငံတွေကို ပြန်ပို့နေပြီ းဆက်လက်လည်းပို့ဖို့ စီစဉ်နေတဲ့အကြောင်းကို မအေးအေးမာက ပြောပြပေးပါမယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး Datuk Seri Ismail Sabri Yaakob ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ထိ တရားမဝင် နေထိုင်သူ နိုင်ငံခြားသား ၂ သောင်းလောက်ကို ကိုဗစ်-၁၉ ရောဂါးပိုး ရှိ-မရှိ စစ်ဆေးပြီး လာရင်းနိုင်ငံတွေကို ပြန်လည်ပို့ဆောင်ပြီးပြီးပြောဆိုထားပါတယ်။

ဒီထဲမှာတရားမဝင် နိုင်ငံခြားသား ၁၉၁၁၁ ယောက်အနက်၊ မြန်မာနိုင်ငံက ၁၈၉၀၊ အင်ဒိုနီးရှားက ၈၅၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၅၀၀ ကျော်ပါဝင်တယ်လို့လည်း ဆိုပါတယ် တရားမဝင် နေထိုင်သူတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေမှာ ကိုဗစ် -၁၉ ရောဂါပိုးကူးသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒါပေမဲ့လည်း ကူးစက်သူတွေထဲ မြန်မာနိုင်ငံသားတွေ ပါဝင်မှု ရှိမရှိဆိုတာကတော့ တိတိကျကျ မသိရဘူးလို့လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးကို ကိုယ်စားပြုပြီး ထိန်းသိမ်းရေးစခန်းက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင် ကပြောပါတယ်။

"ဆာလရမ်းဖမ်းတော့ မြန်မာနိုင်ငံသားတွေလိုသာ ပြောတာ ဘယ်လူမျိုးလို့တော့ မပြောထားတော့ဘယ်သူဘယ်ဝါအတိအကျပြောလို့ မရဘူး ပြီးခဲ့တဲ့ လတွေတုန်းက စခန်းကိုရောက်သွားတဲ့အခါ ကူးစက်သူတွေပါသွားတော့ အဆောင်တွေတောင်သပ်သပ်ခွဲထားတာ စခန်း ၃ ခုမှာ ရောဂါကူးစက်တာက ဘူဂစ်ဂျာလေး စခန်းပါတယ်။ ALIA ပါတယ် စမုံညှင်းစခန်းပါတယ်၊ မြန်မာနိုင်ငံသားတွေရော ဘဂီဘင်္ဂလီတွေလည်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ပါတယ် ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံသား မှန်ကန်မှုကို မြန်မာနိုင်ငံထိပြန်စိစစ်ရတာရှိတယ်။ အထောက်အထားမပြည့်စုံတဲ့သူတွေပြောတာပေါ့နော်။ အထောက်အထားတွေကိုပြန်စီစစ်ပြီးသားကို မလေးရှားလဝကကိုပို့ ရတယ်။ အထောက်အထားရှိသူတွေအတွက်ရုံးပိုင်ဆိုင်ရာကိစ္စတွေကို အမြန်ဆုံးပြန်နိုင်ရေး အတွက် မလေးရှားလဝကနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သူတွေလုပ်နေကြပါတယ်။ ကျနော်ထင်ပါတယ်။ ဒီလထဲမှာတောင်ရှိမလားမသိဘူး မလေးရှားအစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ရတာမို့ သူတို့အပေါ်မှာလည်း မူတည်ပါတယ်။"

မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေးစခန်း ၁၂ ခုက မြန်မာနိုင်ငံသား ၄၀၀ နီးပါးကိုတော့ ပြီးခဲ့တဲ့လတွေမှာပဲ မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့တာပါ။ ထိန်းသိမ်းခံမြန်မာနိုင်ငံသားတွေ အခြေအနေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

မလေးရှားကျန်းမာရေးဝန်ကြီးကတော့ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ အပြည့်အဝပေးနေကြောင်းနဲ့ လာရင်းနိုင်ငံတွေကို ပြန်ပို့တဲ့သူတွေဟာလည်း ရောဂါပိုးကင်းစင်သူတွေဖြစ်ကြောင်း ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံမှာတရားဝင်ကောတရားမဝင်ပါ မြန်မာအလုပ်သမား ခန့်မှန်းခြေ ၅ သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြပြီး၊ ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ တရားမဝင်နေထိုင်သူတွေကို အာဏာပိုင်တွေ ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်ရှင်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG