သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ ျမန္မာအလုပ္သမား ၃၀၀ အလုပ္ရပ္နားခံရ


ဂ်ပန္လွ်ပ္စစ္ပစၥည္းထုတ္လုပ္တ့ဲ Nichicon ကုမၸဏီက အလုပ္သမားတဦး။

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါနဲ႔ ႀကံဳေနရတဲ့ မေလးရွားႏုိင္ငံမွာ စက္႐ုံအလုပ္သမားေတြ ေလွ်ာ့ခ်လုိက္တဲ့အထဲ ျမန္မာႏုိင္ငံသား ၃၀၀ ေလာက္ ပါ၀င္ခဲ့တဲ့အေၾကာင္း တင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားအေျခစိုက္ ဂ်ပန္လွ်ပ္စစ္ပစၥည္း ထုတ္လုပ္တ့ဲ Nichicon ကုမၸဏီက အလုပ္သမားေတြကုိ ပါမစ္သက္တမ္း မတုိးေပးေတာ့ဘဲ အျခခံလစာ မေလးရွားရင္းဂစ္ေငြ ၁,၂၀၀ နစ္နာေၾကးေပးျပီး အလုပ္ကေန ရပ္နားလုိက္တာပါ။ ႐ုတ္တရက္ အလုပ္လက္မဲ့ ျဖစ္ခဲ့တဲ့အတြက္ အခုအခါ မေလးရွားမွာ အခက္ႀကံဳေနရတယ္လုိ႔လည္း ၉ ႏွစ္ၾကာ ကုမၸဏီမွာ အလုပ္လုပ္ခဲ့တဲ့ မေအးေအးမိုးက ေျပာပါတယ္။

ဂ်ပန္လွ်ပ္စစ္ပစၥည္းထုတ္လုပ္တ့ဲ Nichicon ကုမၸဏီက အလုပ္သမားတဦး။
ဂ်ပန္လွ်ပ္စစ္ပစၥည္းထုတ္လုပ္တ့ဲ Nichicon ကုမၸဏီက အလုပ္သမားတဦး။

"စက္ရံုကေတာ့ သတ္မွတ္လိုက္တာ အေယာက္ေပါင္း ၃၀၀ ေလာက္ထိ သတ္မွတ္တယ္ ၃၀၀ ကေန ၅၀၀ ေလာက္ထိ သတ္မွတ္လိုက္တယ္။ ေလာေလာဆယ္ ပါမစ္က ၆ လပုိင္း၊ ၇ လပုိင္း၊ ၈ လပုိင္း ပါမစ္ကုန္တဲ့သူအားလံုးကုိ ဘယ္သူကုိမွ ပါမစ္လံုး၀ မတုိးေပးေတာ့ဘူး။ ဒီအလုပ္သမားေကာင္းတာပဲျဖစ္ျဖစ္၊ ဆိုးတာပဲျဖစ္ျဖစ္ မတုိးေပးေတာ့ဘူး။ ညီမတို႔က ပါမစ္က ၆ လပုိင္းကုန္အထိေတာ့ ညီမတို႔က ေလွ်ာ့ခ်ခံလုိက္ရတယ္၊ နားလိုက္ရတယ္။ သူတို႔ ေလွ်ာ့ခ်ထဲအထဲပါသြားတယ္။ မေမ်ွာ္လင့္ဘဲ နားလိုက္ရေတာ့ စုေဆာင္းျပီးသား ပုိက္ဆံလည္း စုထားတာ မရွိဘူး။ ေလယာဥ္ေတြကလည္း နားထားေတာ့ ညီမတုိ႔က ငုတ္တုတ္ျဖစ္ေနရတယ္။ စားစရိတ္လည္း ကုန္တာေပါ့။ အလုပ္အကုိင္ကလည္း မရွိဘူး။"

ကပ္ေရာဂါကာလ စီးပြားေရး ထိခုိက္မႈေတြေၾကာင့္ အလုပ္သမား ၁,၀၀၀ ေက်ာ္ရွိတဲ့ စက္ရံုမွာ လုပ္သားအင္အား ေလွ်ာ့ခ်ခဲ့တာပါ။ အခုအခါ အလုပ္လက္မဲ့ ျဖစ္ေနၾကရတဲ့ ျမန္မာႏုိင္ငံသား အလုပ္သမားေတြကေတာ့ ေနရပ္ျပန္ႏုိင္ဖုိ႔လည္း ႀကိဳးပမ္းေနၾကပါတယ္။

"သူတို႔ကေတာ့ ကိုဗစ္ေၾကာင့္လို႔ ေျပာတယ္။ သူတို႔က ၀ယ္လက္ မရွိေတာ့ဘူး၊ ေအာ္ဒါေတြ မရွိေတာ့လုိ႔ အလုပ္သမားေတြကုိ ေလွ်ာ့ခ်ရမယ္ေျပာတယ္။ အမွန္ေတာ့ စက္ရံုက မထားေတာ့တာ စက္ရံုက ေလွ်ာ့ခ်လိုက္တာ ညီမတုိ႔လည္းျပန္ခ်င္တယ္။ သံရံုးကို အီးေမးလ္လည္းပုိ႔တယ္။ ဒီေန႔ဆို သံရံုးကို လူကုိယ္တိုင္သြားတယ္။ ေဖာင္ျဖည့္ဆုိျဖည့္တယ္။ လုပ္ႏုိင္သေလာက္လုပ္တယ္။ သံရံုးကလည္းေျပာတယ္ ... လူေတြက အမ်ားႀကီးျဖစ္ေနေတာ့ အလွည့္က ဘယ္ေတာ့က်မလဲ မသိႏုိင္ဘူး။ ျမန္မာျပည္က ေလယာဥ္ေတြကလည္း ပိတ္ထားေတာ့ ျပန္လို႔မရဘူး ျဖစ္ေနတာ။"

ျမန္မာအလုပ္သမားေတြဟာ အလုပ္လုပ္ခြင့္ ပါမစ္သက္တမ္းမတုိးေပးေတာ့တာေၾကာင့္ အခုဆိုရင္ တရားမ၀င္ အလုပ္သမားအျဖစ္ကုိ ေရာက္ရွိေတာ့မယ့္ အေျခအေနျဖစ္လာပါတယ္။ ဒီအတြက္ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြရဲ႕ အကူအညီေတြ အေရးတႀကီး လုိအပ္ေနတယ္လုိ႔လည္း မေလးရွားႏိုင္ငံ အေျခစိုက္ လူမႈကူညီေရးအဖဲြ႔ ဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

"အလုပ္သမားေတြက ကုမၸဏီေတြက ေလွ်ာ့ခ်ေတာ့ လူအေတာ္မ်ားမ်ား အလုပ္ျပဳတ္ကုန္တယ္။ ဒီေတာ့ လ၀က ဌာနကေန ဒဏ္ေၾကးေပးစရာမလိုဘဲ ႏွစ္ႏိုင္ငံအေနနဲ႔ ျမန္မာအစိုးရအေနနဲ႔ တာ၀န္ယူေျဖရွင္ေပးဖို႔ ေမတၱာရပ္ခံလိုက္ပါတယ္။"

မေလးရွားမွာ တရား၀င္ေရာ၊ တရားမ၀င္ေရာ ျမန္မာအလုပ္သမား ခန္႔မွန္းေျခ ၅၀၀,၀၀၀ ထက္မနည္း ရွိေနတာပါ။ ဒီအထဲက ေတာ္ေတာ္မ်ားမ်ားဟာလည္း ကပ္ေရာဂါနဲ႔ ႀကံဳရခ်ိန္မွာ စီးပြားေရးလုပ္ငန္းေတြ ရပ္ဆုိင္းထားရတဲ့အတြက္ အလုပ္လက္မဲ့ ျဖစ္ၾကရတဲ့ အေျခအေနေတြနဲ႔ ရင္ဆုိင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားရောက် မြန်မာအလုပ်သမား ၃၀၀ အလုပ်ရပ်နားခံရ

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ စက်ရုံအလုပ်သမားတွေ လျှော့ချလိုက်တဲ့အထဲ မြန်မာနိုင်ငံသား ၃၀၀ လောက် ပါဝင်ခဲ့တဲ့ အကြောင်း တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားအခြေစိုက် ဂျပန်လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ Nichicon ကုမ္ပဏီက အလုပ်သမားတွေကို ပါမစ်သက်တမ်း မတိုးပေးတော့ဘဲ အခြခံလစာ မလေးရှားရင်းဂစ်ငွေ ၁,၂၀၀ နစ်နာကြေးပေးပြီး အလုပ်ကနေ ရပ်နားလိုက်တာပါ။ ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့အတွက် အခုအခါ မလေးရှားမှာ အခက်ကြုံနေရတယ်လို့လည်း ၉ နှစ်ကြာ ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တဲ့ မအေးအေးမိုးက ပြောပါတယ်။

"စက်ရုံကတော့ သတ်မှတ်လိုက်တာ အယောက်ပေါင်း ၃၀၀ လောက်ထိ သတ်မှတ်တယ် ၃၀၀ ကနေ ၅၀၀ လောက်ထိ သတ်မှတ်လိုက်တယ်။ လောလောဆယ် ပါမစ်က ၆ လပိုင်း၊ ၇ လပိုင်း၊ ၈ လပိုင်း ပါမစ်ကုန်တဲ့သူအားလုံးကို ဘယ်သူကိုမှ ပါမစ်လုံး၀ မတိုးပေးတော့ဘူး။ ဒီအလုပ်သမားကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် မတိုးပေးတော့ဘူး။ ညီမတို့က ပါမစ်က ၆ လပိုင်းကုန်အထိတော့ ညီမတို့က လျှော့ချခံလိုက်ရတယ်၊ နားလိုက်ရတယ်။ သူတို့ လျှော့ချထဲအထဲပါသွားတယ်။ မမျှော်လင့်ဘဲ နားလိုက်ရတော့ စုဆောင်းပြီးသား ပိုက်ဆံလည်း စုထားတာ မရှိဘူး။ လေယာဉ်တွေကလည်း နားထားတော့ ညီမတို့က ငုတ်တုတ်ဖြစ်နေရတယ်။ စားစရိတ်လည်း ကုန်တာပေါ့။ အလုပ်အကိုင်ကလည်း မရှိဘူး။"

ကပ်ရောဂါကာလ စီးပွားရေး ထိခိုက်မှုတွေကြောင့် အလုပ်သမား ၁,၀၀၀ ကျော်ရှိတဲ့ စက်ရုံမှာ လုပ်သားအင်အား လျှော့ချခဲ့တာပါ။ အခုအခါ အလုပ်လက်မဲ့ ဖြစ်နေကြရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကတော့ နေရပ်ပြန်နိုင်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။

"သူတို့ကတော့ ကိုဗစ်ကြောင့်လို့ ပြောတယ်။ သူတို့က ဝယ်လက် မရှိတော့ဘူး၊ အော်ဒါတွေ မရှိတော့လို့ အလုပ်သမားတွေကို လျှော့ချရမယ်ပြောတယ်။ အမှန်တော့ စက်ရုံက မထားတော့တာ စက်ရုံက လျှော့ချလိုက်တာ ညီမတို့လည်းပြန်ချင်တယ်။ သံရုံးကို အီးမေးလ်လည်းပို့တယ်။ ဒီနေ့ဆို သံရုံးကို လူကိုယ်တိုင်သွားတယ်။ ဖောင်ဖြည့်ဆိုဖြည့်တယ်။ လုပ်နိုင်သလောက်လုပ်တယ်။ သံရုံးကလည်းပြောတယ် ... လူတွေက အများကြီးဖြစ်နေတော့ အလှည့်က ဘယ်တော့ကျမလဲ မသိနိုင်ဘူး။ မြန်မာပြည်က လေယာဉ်တွေကလည်း ပိတ်ထားတော့ ပြန်လို့မရဘူး ဖြစ်နေတာ။"

မြန်မာအလုပ်သမားတွေဟာ အလုပ်လုပ်ခွင့် ပါမစ်သက်တမ်းမတိုးပေးတော့တာကြောင့် အခုဆိုရင် တရားမဝင် အလုပ်သမားအဖြစ်ကို ရောက်ရှိတော့မယ့် အခြေအနေဖြစ်လာပါတယ်။ ဒီအတွက် ၂ နိုင်ငံ တာဝန်ရှိသူတွေရဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း မလေးရှားနိုင်ငံ အခြေစိုက် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

"အလုပ်သမားတွေက ကုမ္ပဏီတွေက လျှော့ချတော့ လူအတော်များများ အလုပ်ပြုတ်ကုန်တယ်။ ဒီတော့ လဝက ဌာနကနေ ဒဏ်ကြေးပေးစရာမလိုဘဲ နှစ်နိုင်ငံအနေနဲ့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။"

မလေးရှားမှာ တရားဝင်ရော၊ တရားမဝင်ရော မြန်မာအလုပ်သမား ခန့်မှန်းခြေ ၅၀၀,၀၀၀ ထက်မနည်း ရှိနေတာပါ။ ဒီအထဲက တော်တော်များများဟာလည်း ကပ်ရောဂါနဲ့ ကြုံရချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ကြရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG