သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ တရားမဝင္ ျမန္မာအလုပ္သမားမ်ား အေရး ကယ္ဆယ္ေရးေလယာဥ္ ျမန္မာအစိုးရ ကမ္းလွမ္း


ျမန္မာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ မဟာဗ်ဴဟာေလ့လာေရးႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ ၫႊန္ၾကားေရး မႉးခ်ဳပ္ ဦးေအာင္ျမင့္ ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ မေလးရွားသံအမတ္ႀကီး Mr. Datuk Zahairi Bin Baharim (ဓါတ္ပံု- Ministry of Foreign Affairs Myanmar)

(Zawgyi/Unicode)

COVID-19 ကာလအတြင္း အခက္အခဲႀကဳံေတြ႕ ေနရတဲ့ျမန္မာေတြကို မေလးရွားအစိုးရက ဒဏ္ေၾကးေကာက္တာေတြ ကင္းလြတ္ခြင့္ျပဳဖို႔ နဲ႔မေလးရွားဘက္ကေန ခြင့္ျပဳမယ္ဆိုရင္႔ အေထာက္အထားမဲ့ ျမန္မာေတြ အတြက္ ကယ္ဆယ္ေရးေလယာဥ္ေတြ ေစလႊတ္ၿပီး ျပန္လည္ ေခၚယူသြားမယ္လို႔ ျမန္မာႏိုင္ငံျခားေရး၀န္ႀကီးဌာနက မေလးရွားအစိုးရကို ကမ္းလွမ္းထားပါတယ္။

မေလးရွားႏိုင္ငံက တရားမဝင္ျမန္မာအလုပ္သမားမ်ား ေနရပ္ျပန္ႏိုင္ေရး ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက စီစဥ္ေဆာင္႐ြက္ေနတဲ့အေသးစိတ္အေျခအေနကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မ ေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏိုင္ငံမွာ ကိုဗစ္ကာလမွာ အလုပ္လက္မဲ့ေတြ ျဖစ္လာၿပီး တရားမ၀င္ေတြျဖစ္တာေတြနဲ႔ မိမိကုိယ္ကုိ အဆံုးစီရင္သူ သီတင္း ၃ပတ္အတြင္း လူ ၈ဦးေလာက္ ရွိလာတဲ့အေျခအေနမွာ ေနရပ္ျပန္ဖို႔ ခက္ခဲေနသူေတြရဲ႕ အေရးနဲ႕ ပတ္သက္လုိ႔ ျမန္မာႏို္င္ငံျခားေရး၀န္ႀကီးဌာနက ျမန္မာႏိုင္ငံက မေလးရွားသံအမတ္ကုိ ေခၚယူေတြ႔ ဆံုေဆြးေႏြးခဲ့ပါတယ္။

ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ မေလးရွားႏိုင္ငံ ကြာလာလမ္ပူျမိဳ႕က ျမန္မာသံရံုးအုပ္ ဦးႏိုင္မင္းကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာ သူကအခုလို စ ေျပာပါတယ္။

ဦးႏုိင္မင္း။ ။ အဲဒါကေတာ့ ရန္ကုန္ကႏုိင္ငံျခားေရး၀န္ႀကီးဌာနညြန္ၾကားေရးမွဴးခ်ဳပ္နဲ႔
မေလးရွား သံအမတ္ႀကီးနဲ႔ ေတြ႔ပါတယ္။ အဲဒါ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၀က္ဆိုဒ္မွာလည္း တင္ထားပါတယ္ အဲဒါ လက္ရွိစီစဥ္ေဆာင္ရြက္ေနပါတယ္။
မေအးေအးမာ။ ။ ေနာက္တခုက က်မၾကားတာက ေရလမ္းေၾကာင္းကေနသြားဖို႕ ရွိတယ္။ ေရလမ္းေၾကာင္းကေန စစ္သေဘၤာေတြနဲ႕ ေခၚမယ္လို႕ သတင္းၾကားပါတယ္
အဲဒီသတင္း ဟုတ္ပါသလား။

ဦးႏိုင္မင္း။။ ေလာေလာဆည္ က်ေနာ္တို႔ဆီကုိ တရား၀င္ စာ၀င္လာျခင္းမရွိေသးဘူး
ႏိုင္ငံျခားေရး၀န္ႀကီးဌာနဆီက တရား၀င္စာမလာေသးပါဘူး။

မေအးေအးမာ။ ။ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေန ေခၚမယ္ဆုိရင္ ဘယ္လိုလမ္းေၾကာင္းေတြနဲ႔ ေခၚဖို႔ စဥ္းစားထားသလဲ ၊ ေလယာဥ္ေတြနဲ႔ပဲလား ။

ဦးႏိုင္မင္း။။ က်ေနာ္တို႔ ေလာေလာဆည္ေတာ့ ေလယာဥ္နဲ႔ပဲျပန္ပို႕ေနပါတယ္ ။ တခ်ိဳ ့ျပန္ခ်င္တဲ့သူဆိုရင္ ေလယာဥ္နဲ႔ ပဲျပန္ပုိ႔ေနပါတယ္၊ အေထာက္အထားျပည့္စံုရင္ ျပန္ပို႔ ပါတယ္။ ျပန္ခ်င္တဲ့သူကုိ စာရင္းျပဳစုျပီး အခ်က္အလက္မွန္ရင္ေလာယာဥ္နဲ႔ ျပန္ပို႕ေနပါတယ္။

မေအးေအးမာ။ ။ တခ်ိဳေတြက်ေတာ့ အေထာက္အထားလည္းျပည့္စံုတယ္၊ က်န္းမာေရးလည္း မေကာင္းဘူး ဒီေတာ့ျပန္ခ်င္တယ္။ ဒါေပမယ့္ ျပန္လုိ႔ မရဘူးလို႔ ေျပာေနၾကတယ္ အဲဒါက်ေတာ့ ဘာလိုေတြေၾကာင့္ပါလဲ။

ဦးႏိုင္မင္း။ ။ အဲဒါကေတာ့ ဒီမွာက တရားမ၀င္ေရာက္လာတဲ့သူေတြ၊ စာရြက္စာတမ္းမရွိတာ ပတ္စပို႔ မရွိတာ ေအာက္လမ္းကတက္လာေတြရွိတယ္။ အဲဒါေတြက်ေတာ့ျပန္ဖို႕က ႏွစ္ဖက္ညိွႏိႈင္းေနဆဲပါ ။ေလာေလာဆည္ျပန္လုိ႔ရတာက ပတ္္စပုိ႔ ရွိတယ္ မေလးရွားမွာ အေထာက္အထားရွိတဲ့သူေတြကေတာ့ ျပန္လုိ႔ ရပါတယ္။ အေထာက္အထားမရွိသူကေတာ့ ေလာေလာဆည္ျပန္လုိ႕ မရေသးဘူး။ က်ေနာ္တို႔ ႏွစ္ဖက္ညိွႏိွဳင္းေဆာင္ရြက္ေနဆဲပါ။

မေအးေအးမာ။။ မေလးရွားအက်ဥ္းေထာင္ေတြ camp ေတြထဲက လူ ၃၀၀၀ကိစၥ ကေရာ ေနရပ္ျပန္ႏိုင္္ေရး ျမန္ဆန္ႏိုင္တဲ့ အေျခအေနရွိပါသလား ။

ဦးႏိုင္မင္း၊၊ ၊၊အက်ဥ္းေထာင္လူ ၃၀၀၀ကိစၥကေတာ့ သူတိုရဲ႕ အခ်က္အလက္ေတြ ေပးပုိ႕လာပါလိမ့္မယ္။ အဲဒီကေန က်ေနာ္တိုက ႏိုင္ငံသားစီစစ္ၿပီး ႏိုင္ငံသားမွန္ကန္တယ္ဆုိရင္ေတာ့ သူတုိ႔ကို အျမန္ဆံုးျပန္ပို႔ဖို႔က်ေနာ္တို႔က ေဆာင္ရြက္မွာပါ။

မေအးေအးမာ။။ မေလးရွားက တရားမ၀င္ျမန္မာေတြကို ဘာေတြမ်ား အာေပးစကားေျပာခ်င္ပါသလဲ။

ဦးႏိုင္မင္း။။ သူတုိ႔ကို က်ေနာ္တုိ႔ အားေပးခ်င္ပါတယ္၊ ခဏေလး ေလာေလာဆည္မွာ က်န္းမာေရး ဂရုစိုက္ပါ၊ စိတ္ထင္ရာေတြ ေလ်ာက္မလုပ္ၾကဖို႔ မွာခ်င္ပါတယ္။ သူတို႔ ျပန္ႏိုင္ဖို႔ အတြက္ က်ေနာ္တုိ႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက အစြမ္းကုန္ႀကိဳးစား ေဆာင္ရြက္ေနပါတယ္။ မေန႕ကလည္း မေလးရွားသံအမတ္ႀကီးနဲ႔ ေတြ႔ဆံုၿပီး အဲဒီကိစၥကိုေဆာင္ရြက္ေနပါတယ္။

မေအးေအးမာ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဦးႏုိင္မင္း။

ဇြန္လ ၂၂ရက္ေန႔ကေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ မဟာဗ်ဴဟာေလ့လာေရးနဲ႔ ေလ့က်င့္ေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ျမင့္က ျမန္မာႏိုင္ငံဆိုင္ရာ မေလးရွားသံအမတ္ႀကီးနဲ႔ ေတြဆံုခဲ့ၿပိီးအေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားမ်ားကုိ ျမန္မာႏိုင္ငံကုိ ျပန္လည္ေခၚယူဖို႔အတြက္ ေဆြးေႏြးခဲ့တာပါ ။

လက္ရွိမွာေတာ့ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ျပန္ေခၚေနသြားသူေတြဟာ အလည္ဗီဇာနဲ႔ လာသူေတြနဲ႕ ပါမစ္ သက္တမ္းလြန္ေနတဲ့ေနသူေတြ ျဖစ္ပါတယ္ ။ တရားမ၀င္ေနထိုင္ေနရတဲ့ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ဒုကၡသည္ေတြ မပါ၀င္ေသးပါဘူး။

COVID-19 ကာလအတြင္း အခက္အခဲႀကဳံေတြ႕ ေနရတဲ့ ျမန္မာေတြကို မေလးရွားအစိုးရက ဒဏ္ေၾကး ေကာက္တာေတြ ကင္းလြတ္ခြင့္ျပဳဖို႔နဲ႔ မေလးရွားဘက္ကေန ခြင့္ျပဳမယ္ဆိုရင္ ျမန္မာအစိုးရအေနနဲ႔ ကယ္ဆယ္ေရးေလယာဥ္ေတြ ေစလႊတ္ၿပီး ျမန္မာႏိုင္ငံကုိ ျပန္လည္ ေခၚယူသြားသြားမယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားများ အရေး ကယ်ဆယ်ရေးလေယာဉ် မြန်မာအစိုးရ ကမ်းလှမ်း

(Unicode)

COVID-19 ကာလအတွင်း အခက်အခဲကြုံတွေ့ နေရတဲ့မြန်မာတွေကို မလေးရှားအစိုးရက ဒဏ်ကြေးကောက်တာတွေ ကင်းလွတ်ခွင့်ပြုဖို့ နဲ့မလေးရှားဘက်ကနေ ခွင့်ပြုမယ်ဆိုရင့် အထောက်အထားမဲ့ မြန်မာတွေ အတွက် ကယ်ဆယ်ရေးလေယာဉ်တွေ စေလွှတ်ပြီး ပြန်လည် ခေါ်ယူသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားအစိုးရကို ကမ်းလှမ်းထားပါတယ်။

မလေးရှားနိုင်ငံက တရားမဝင်မြန်မာအလုပ်သမားများ နေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေတဲ့အသေးစိတ်အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မ အေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့တွေ ဖြစ်လာပြီး တရားမဝင်တွေဖြစ်တာတွေနဲ့ မိမိကိုယ်ကို အဆုံးစီရင်သူ သီတင်း ၃ပတ်အတွင်း လူ ၈ဦးလောက် ရှိလာတဲ့အခြေအနေမှာ နေရပ်ပြန်ဖို့ ခက်ခဲနေသူတွေရဲ့ အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံက မလေးရှားသံအမတ်ကို ခေါ်ယူတွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးအုပ် ဦးနိုင်မင်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူကအခုလို စ ပြောပါတယ်။

ဦးနိုင်မင်း။ ။ အဲဒါကတော့ ရန်ကုန်ကနိုင်ငံခြားရေးဝန်ကြီးဌာနညွန်ကြားရေးမှူးချုပ်နဲ့
မလေးရှား သံအမတ်ကြီးနဲ့ တွေ့ပါတယ်။ အဲဒါ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဆိုဒ်မှာလည်း တင်ထားပါတယ် အဲဒါ လက်ရှိစီစဉ်ဆောင်ရွက်နေပါတယ်။
မအေးအေးမာ။ ။ နောက်တခုက ကျမကြားတာက ရေလမ်းကြောင်းကနေသွားဖို့ ရှိတယ်။ ရေလမ်းကြောင်းကနေ စစ်သင်္ဘောတွေနဲ့ ခေါ်မယ်လို့ သတင်းကြားပါတယ်
အဲဒီသတင်း ဟုတ်ပါသလား။

ဦးနိုင်မင်း။။ လောလောဆည် ကျနော်တို့ဆီကို တရားဝင် စာဝင်လာခြင်းမရှိသေးဘူး
နိုင်ငံခြားရေးဝန်ကြီးဌာနဆီက တရားဝင်စာမလာသေးပါဘူး။

မအေးအေးမာ။ ။နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ခေါ်မယ်ဆိုရင် ဘယ်လိုလမ်းကြောင်းတွေနဲ့ ခေါ်ဖို့ စဉ်းစားထားသလဲ ၊ လေယာဉ်တွေနဲ့ပဲလား ။

ဦးနိုင်မင်း။။ ကျနော်တို့ လောလောဆည်တော့ လေယာဉ်နဲ့ပဲပြန်ပို့နေပါတယ် ။ တချို့ပြန်ချင်တဲ့သူဆိုရင် လေယာဉ်နဲ့ ပဲပြန်ပို့နေပါတယ်၊ အထောက်အထားပြည့်စုံရင် ပြန်ပို့ ပါတယ်။ ပြန်ချင်တဲ့သူကို စာရင်းပြုစုပြီး အချက်အလက်မှန်ရင်လောယာဉ်နဲ့ ပြန်ပို့နေပါတယ်။

မအေးအေးမာ။ ။ တချိုတွေကျတော့ အထောက်အထားလည်းပြည့်စုံတယ်၊ ကျန်းမာရေးလည်း မကောင်းဘူး ဒီတော့ပြန်ချင်တယ်။ ဒါပေမယ့် ပြန်လို့ မရဘူးလို့ ပြောနေကြတယ် အဲဒါကျတော့ ဘာလိုတွေကြောင့်ပါလဲ။

ဦးနိုင်မင်း။ ။ အဲဒါကတော့ ဒီမှာက တရားမဝင်ရောက်လာတဲ့သူတွေ၊ စာရွက်စာတမ်းမရှိတာ ပတ်စပို့ မရှိတာ အောက်လမ်းကတက်လာတွေရှိတယ်။ အဲဒါတွေကျတော့ပြန်ဖို့က နှစ်ဖက်ညှိနှိုင်းနေဆဲပါ ။လောလောဆည်ပြန်လို့ရတာက ပတ်စပို့ ရှိတယ် မလေးရှားမှာ အထောက်အထားရှိတဲ့သူတွေကတော့ ပြန်လို့ ရပါတယ်။ အထောက်အထားမရှိသူကတော့ လောလောဆည်ပြန်လို့ မရသေးဘူး။ ကျနော်တို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေဆဲပါ။

မအေးအေးမာ။။ မလေးရှားအကျဉ်းထောင်တွေ camp တွေထဲက လူ ၃၀၀၀ကိစ္စ ကရော နေရပ်ပြန်နိုင်ရေး မြန်ဆန်နိုင်တဲ့ အခြေအနေရှိပါသလား ။

ဦးနိုင်မင်း၊၊ ၊၊အကျဉ်းထောင်လူ ၃၀၀၀ကိစ္စကတော့ သူတိုရဲ့ အချက်အလက်တွေ ပေးပို့လာပါလိမ့်မယ်။ အဲဒီကနေ ကျနော်တိုက နိုင်ငံသားစီစစ်ပြီး နိုင်ငံသားမှန်ကန်တယ်ဆိုရင်တော့ သူတို့ကို အမြန်ဆုံးပြန်ပို့ဖို့ကျနော်တို့က ဆောင်ရွက်မှာပါ။

မအေးအေးမာ။။ မလေးရှားက တရားမဝင်မြန်မာတွေကို ဘာတွေများ အာပေးစကားပြောချင်ပါသလဲ။

ဦးနိုင်မင်း။။ သူတို့ကို ကျနော်တို့ အားပေးချင်ပါတယ်၊ ခဏလေး လောလောဆည်မှာ ကျန်းမာရေး ဂရုစိုက်ပါ၊ စိတ်ထင်ရာတွေ လျောက်မလုပ်ကြဖို့ မှာချင်ပါတယ်။ သူတို့ ပြန်နိုင်ဖို့ အတွက် ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပါတယ်။ မနေ့ကလည်း မလေးရှားသံအမတ်ကြီးနဲ့ တွေ့ဆုံပြီး အဲဒီကိစ္စကိုဆောင်ရွက်နေပါတယ်။

မအေးအေးမာ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဦးနိုင်မင်း။

ဇွန်လ ၂၂ရက်နေ့ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနဲ့ လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးနဲ့ တွေဆုံခဲ့ပြီးအထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူဖို့အတွက် ဆွေးနွေးခဲ့တာပါ ။

လက်ရှိမှာတော့ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်နေသွားသူတွေဟာ အလည်ဗီဇာနဲ့ လာသူတွေနဲ့ ပါမစ် သက်တမ်းလွန်နေတဲ့နေသူတွေ ဖြစ်ပါတယ် ။ တရားမဝင်နေထိုင်နေရတဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဒုက္ခသည်တွေ မပါဝင်သေးပါဘူး။

COVID-19 ကာလအတွင်း အခက်အခဲကြုံတွေ့ နေရတဲ့ မြန်မာတွေကို မလေးရှားအစိုးရက ဒဏ်ကြေး ကောက်တာတွေ ကင်းလွတ်ခွင့်ပြုဖို့နဲ့ မလေးရှားဘက်ကနေ ခွင့်ပြုမယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ကယ်ဆယ်ရေးလေယာဉ်တွေ စေလွှတ်ပြီး မြန်မာနိုင်ငံကို ပြန်လည် ခေါ်ယူသွားသွားမယ်လို့ ဆိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG