သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလ မေလးရွားမွာ ေနာက္ထပ္ျမန္မာတဦး အဆုံးစီရင္


ဇြန္လ ၂၁ ရက္ေန႔က မိမိကုိယ္ကုိ အဆံုးစီရင္သူ ျမန္မာအလုပ္သမားကုိ သြားေရာက္သယ္ေဆာင္ေနတဲ့ ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) နဲ႔ မေလးရွားရဲတပ္ဖြဲ႔ဝင္မ်ား။

(Zawgyi / Unicode)

မေလးရွားႏုိင္ငံအတြင္းမွာ COVID-19 ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈ ကန္႔သတ္ထားခ်ိန္မွာ ေနာက္ထပ္ ျမန္မာႏုိင္ငံသားတဦး ကုိယ့္ကုိယ္ကုိယ္ အဆုံးစီရင္သြားတဲ့အတြက္ အခုဆုိရင္ ၈ ေယာက္အထိ ရွိေနပါၿပီ။ အျပည့္အစုံကို ထုိင္းအေျခစိုက္ ဗြီအုိေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

မေလးရွားႏုိင္ငံမွာ COVID-19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အသြားအလာ ကန္႔သတ္ထိန္းခ်ဳပ္ထားခ်ိန္မွာ စား၀တ္ေနေရး အခက္အခဲ ႀကံဳေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြၾကား ကုိယ့္ကုိယ္ကုိယ္ အဆုံးစီရင္တဲ့ အျဖစ္ေတြနဲ႔ ႀကံဳေနရတာပါ။ အခုေနာက္ထပ္လည္း ျမန္မာႏုိင္ငံသားတဦး အဆုံးစီရင္သြားတဲ့အတြက္ သီတင္း ၃ ပတ္ေလာက္အနီး ေသဆုံးသူ ျမန္မာႏုိင္ငံသား ၈ ေယာက္အထိ ရွိသြားၿပီလုိ႔လည္း မေလးရွားအေျခစုိက္ ျမန္မာလူမူကူညီေရးအဖဲြ႔ ဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

“၈ ေယာက္ေျမာက္ရွိၿပီ။ သူ႔အေလာင္းကုိေတာ့ COVID-19 စစ္ၿပီးၿပီ။ သူ႔အေလာင္းကို ခဲြစိတ္ဖို႔ ဆာဒန္းေဆး႐ုံကုိ ေခၚေဆာင္သြားမယ္။ ၿပီးေတာ့ ေသမႈေသခင္းအရ ရဲ Report အစီရင္ခံစာလုပ္ရမယ္။”

ျမန္မာႏုိင္ငံသား ၅ သိန္းထက္မနည္း အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကာလ အသြားအလာ ကန္႔သတ္တားဆီးထားခ်ိန္မွာ တရားမ၀င္ အလုပ္လုပ္ကုိင္ေနသူေတြကုိ ဖမ္းဆီးမႈေတြလည္း ရွိေနတာပါ။ ဒီအတြက္လည္း ျမန္မာႏုိင္ငံသားေတြ အထူးသျဖင့္ တရားမ၀င္ ေနထုိင္အလုပ္လုပ္ေနသူေတြ အခက္အခဲေတြနဲ႔ ႀကံဳေနၾကရၿပီး ကုိယ့္ကုိယ္ကုိယ္ အဆုံးစီရင္တဲ့ သတင္းေတြလည္း ထြက္ေပၚလာေနတာ ျဖစ္ပါတယ္။

အခုေနာက္ဆုံး ေသဆုံးသြားသူကုိေတာ့ မေလးရွားႏိုင္ငံ ဆလန္ေကာျပည္နယ္ထဲက ပူခၽြန္းမာခ်ဴးဂ်ာယာ ၁၄ မိုင္ဆိုတဲ့အရပ္မွာ အေလာင္းကုိ ေတြ႔ရွိခဲ့တာ ျဖစ္ေၾကာင္းလည္း ကုိယ္တုိင္ေတြ႔ခဲ့သူေတြက ေျပာပါတယ္။ ေသဆုံးသူဟာ ျမန္မာႏုိင္ငံ တနသၤာရီတုိင္း ေလာင္းလံုၿမိဳ႕နယ္ ကေထာင္းနီရြာ ဇာတိျဖစ္ၿပီး မေလးရွားႏုိင္ငံမွာ တရားမ၀င္ ေနထုိင္ေနသူတဦး ျဖစ္ေၾကာင္းလည္း နီးစပ္သူ ျမန္မာတဦးက ေျပာပါတယ္။

“မနက္ ၉ နာရီေလာက္မွာ ဖုန္း၀င္လာတယ္၊ ပန္းၿခံနားမွာ လူတေယာက္ ေသေနၿပီတဲ့။ အဲဒီမွာ သြားၾကည့္ေတာ့ က်ေနာ္တုိ႔ ေလာင္းလံုၿမိဳ႕နယ္က ရြာသားျဖစ္ေနတယ္။ ကြာလာလမ္ပူ ပူခ်ြန္း ၁၄ မိုင္မွာေနတာ။ အလုပ္လည္းမရွိဘူး၊ လက္မွတ္လည္းမရွိဘူး။ ျမန္မာျပည္ ျပန္ခ်င္တယ္နဲ႔တူတယ္။ လာတာေတာ့ၾကာၿပီ။ သြားလိုက္ျပန္လုိက္ပဲ။ အခု မျပန္ရတာ ၃ ႏွစ္ေလာက္ရွိၿပီ။ အရင္ကတည္းက မေလးရွားေရာက္တာေတာ့ ၾကာၿပီ။”

အဆံုးစီရင္သူရဲ႕ ညီမျဖစ္သူကေတာ့ အခုလိုေျပာပါတယ္။

“သူစိတ္ညစ္တာကေတာ့ ျမန္မာျပည္ကုိ ျပန္ခ်င္တယ္လို႔ေတာ့ ေျပာေနတယ္။ အလုပ္မရိွဘူး၊ ပုိက္ဆံမရွိဘူးတဲ့။”

မေလးရွားမွာ မိမိကုိယ္ကုိ အဆံုးစီရင္တဲ့အမႈေတြ ဆက္တုိက္ဆိုသလို ျဖစ္လာၿပီးတဲ့ေနာက္ ျပည္ပႏုိင္ငံေရာက္ အေထာက္အထားမဲ့သူမ်ား ျမန္မာႏုိင္ငံကို ျပန္လာဖို႔ ေမွ်ာ္လင့္ခ်က္မမဲ့ေစလိုဘဲ ျပန္ေခၚဖို႔ စီစဥ္ေနေၾကာင္း ျမန္မာ ႏုိင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးဟန္က အစိုးရရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

မေလးရွားႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၁၂၀ ေက်ာ္ အပါအ၀င္ ကူးစက္သူ ၈,၅၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ကိုဗစ်ကာလ မလေးရှားမှာ နောက်ထပ်မြန်မာတဦး အဆုံးစီရင်

မလေးရှားနိုင်ငံအတွင်းမှာ COVID-19 ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှု ကန့်သတ်ထားချိန်မှာ နောက်ထပ် မြန်မာနိုင်ငံသားတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အတွက် အခုဆိုရင် ၈ ယောက်အထိ ရှိနေပါပြီ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ထိန်းချုပ်ထားချိန်မှာ စားဝတ်နေရေး အခက်အခဲ ကြုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကြား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အဖြစ်တွေနဲ့ ကြုံနေရတာပါ။ အခုနောက်ထပ်လည်း မြန်မာနိုင်ငံသားတဦး အဆုံးစီရင်သွားတဲ့အတွက် သီတင်း ၃ ပတ်လောက်အနီး သေဆုံးသူ မြန်မာနိုင်ငံသား ၈ ယောက်အထိ ရှိသွားပြီလို့လည်း မလေးရှားအခြေစိုက် မြန်မာလူမူကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“၈ ယောက်မြောက်ရှိပြီ။ သူ့အလောင်းကိုတော့ COVID-19 စစ်ပြီးပြီ။ သူ့အလောင်းကို ခွဲစိတ်ဖို့ ဆာဒန်းဆေးရုံကို ခေါ်ဆောင်သွားမယ်။ ပြီးတော့ သေမှုသေခင်းအရ ရဲ Report အစီရင်ခံစာလုပ်ရမယ်။”

မြန်မာနိုင်ငံသား ၅ သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ အသွားအလာ ကန့်သတ်တားဆီးထားချိန်မှာ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးမှုတွေလည်း ရှိနေတာပါ။ ဒီအတွက်လည်း မြန်မာနိုင်ငံသားတွေ အထူးသဖြင့် တရားမဝင် နေထိုင်အလုပ်လုပ်နေသူတွေ အခက်အခဲတွေနဲ့ ကြုံနေကြရပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သေဆုံးသွားသူကိုတော့ မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲက ပူချွန်းမာချူးဂျာယာ ၁၄ မိုင်ဆိုတဲ့အရပ်မှာ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းလည်း ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။ သေဆုံးသူဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ကထောင်းနီရွာ ဇာတိဖြစ်ပြီး မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်နေသူတဦး ဖြစ်ကြောင်းလည်း နီးစပ်သူ မြန်မာတဦးက ပြောပါတယ်။

“မနက် ၉ နာရီလောက်မှာ ဖုန်းဝင်လာတယ်၊ ပန်းခြံနားမှာ လူတယောက် သေနေပြီတဲ့။ အဲဒီမှာ သွားကြည့်တော့ ကျနော်တို့ လောင်းလုံမြို့နယ်က ရွာသားဖြစ်နေတယ်။ ကွာလာလမ်ပူ ပူချွန်း ၁၄ မိုင်မှာနေတာ။ အလုပ်လည်းမရှိဘူး၊ လက်မှတ်လည်းမရှိဘူး။ မြန်မာပြည် ပြန်ချင်တယ်နဲ့တူတယ်။ လာတာတော့ကြာပြီ။ သွားလိုက်ပြန်လိုက်ပဲ။ အခု မပြန်ရတာ ၃ နှစ်လောက်ရှိပြီ။ အရင်ကတည်းက မလေးရှားရောက်တာတော့ ကြာပြီ။”

အဆုံးစီရင်သူရဲ့ ညီမဖြစ်သူကတော့ အခုလိုပြောပါတယ်။

“သူစိတ်ညစ်တာကတော့ မြန်မာပြည်ကို ပြန်ချင်တယ်လို့တော့ ပြောနေတယ်။ အလုပ်မရှိဘူး၊ ပိုက်ဆံမရှိဘူးတဲ့။”

မလေးရှားမှာ မိမိကိုယ်ကို အဆုံးစီရင်တဲ့အမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးတဲ့နောက် ပြည်ပနိုင်ငံရောက် အထောက်အထားမဲ့သူများ မြန်မာနိုင်ငံကို ပြန်လာဖို့ မျှော်လင့်ချက်မမဲ့စေလိုဘဲ ပြန်ခေါ်ဖို့ စီစဉ်နေကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၂၀ ကျော် အပါအဝင် ကူးစက်သူ ၈,၅၀၀ ကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG