သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ ျမန္မာႏုိင္ငံသားေတြ ျပန္ေခၚယူေရး ၾကန္႔ၾကာမႈတခ်ဳိ႕ရွိေန


(Zawgyi/unicode)

COVID-19 ကပ္ေရာဂါနဲ႔ ႀကဳံေနရခ်ိန္ အစိုးရဘက္က မေလးရွားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ ေခၚယူေရး လုပ္ေဆာင္ေနခ်ိန္အတြင္းမွာ၊ ၾကန႔္ၾကာမႈေတြမွာ သည္းခံေစာင့္ဆိုင္းေပးၾကဖို႔ ျမန္မာအစိုးရဘက္က ေျပာဆိုတာကို မ မေမခ တင္ျပေပးမွာပါ။

ကပ္ေဘးကာလအတြင္း ႏိုင္ငံရပ္ျခားေတြမွာပိတ္မိေနတဲ့ ျမန္မာေတြကို ျပန္ေခၚဖို႔ အစိုးရက စီစဥ္ေနေပမယ့္ အခ်ိဳ႕အပိုင္းေတြမွာၾကန႔္ၾကာေနတာေတြခက္ခဲေနတာေတြျပန္လာလို႔ အဆင္မေျပတာေတြရွိေနတာေၾကာင့္ အစိုးရအစီအစဥ္အေပၚ ေဝဖန္မႈေတြလည္း ရွိေနပါတယ္။ဒါ့အျပင္ ဒုကၡသည္ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ သက္ဆိုင္ရာသံ႐ုံးကို ဆက္သြယ္ရာမွာ ဖုန္းမကိုင္တာ၊ အဆက္အသြယ္လုပ္မရတာျဖစ္ေနတာကိုလည္း ကာယကံရွင္ေတြက VOA ကို ဆက္သြယ္ေျပာဆိုတာေတြ ရွိေနပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးစိုးဟန္ ကေတာ့ အစိုးရဖက္ကအတတ္ႏိုင္ဆုံးစီစဥ္ေပးေနၿပီး ဒီအေပၚမွာ နားလည္မႈရွိရွိ ေစာင့္ဆိုင္းၾကဖို႔ ဒီကေန႔ ေနျပည္ေတာ္သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

“ လူဝင္မႈ ဥပေဒေတြနဲ႔ ေဖာက္ဖ်က္လို႔ အက်ဥ္းက်ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ရွိပါတယ္။ သူတို႔ကို သတ္မွတ္ကာလ ျပည့္လို႔ျပန္ပို႔ေနတာရွိပါ တယ္။ အေျခအေနေပးသူက ၃ေထာင္ေလာက္ရွိပါတယ္။ ဒီလူေတြကို မေခၚႏိုင္ေသးပါဘူး။ က်န္တဲ့ ပိုၿပီး အခက္ အခဲရွိသူေတြကိုဦးစားေပးေနရတဲ့ အေနအထားမွာရွိပါတယ္။ ဒီ COVID-19 ကာလမွာ မေလးရွားမွာ ကန႔္သတ္ခ်က္ေတြရွိတယ္။ ပိတ္ ဆို႔ထားတာရွိတယ္။ က်ေနာ္တို႔အေနနဲ႔လည္း တတ္ႏိုင္တဲ့ဘက္ကကူညီေပးဖို႔ တရား၀င္ စာနဲ႔လည္း အေၾကာင္းၾကားထားပါတယ္။ ဖုန္းနဲ႔လည္းမၾကာခဏ အသိ ေပးထားပါတယ္။ သူတို႔အေနနဲ႔လည္း ျဖစ္ေနတဲ့အေပၚ အတတ္ႏိုင္ဆုံးကူညီေပးေနပါတယ္။ ဒီလူေတြကိုလည္း က်ေနာ္တို႔ သိေစခ်င္ပါတယ္ ေမွ်ာ္လင့္ခ်က္ေတြ မစြန႔္လႊတ္ပါနဲ႔ လက္ရွိခ်ိန္ မွာ စုစုစည္းစည္းေနေပးပါ။ တဦးနဲ႔တဦး ကူညီၾကပါ။ ျမန္မာအစိုးရဘက္က အားလံုးကိုျပန္ေခၚဖို႔ စီစဥ္ေဆာင္႐ြက္ေပးေနပါတယ္လို႔ ေျပာ ခ်င္ပါတယ္”

ကိုယ့္ႏိုင္ငံသားေတြ ေခၚဖို႔ လုပ္တာမွာ သက္ဆိုင္ရာႏိုင္ငံေတြဘက္က လည္းပူးေပါင္း ကူညီေဆာင္႐ြက္ေပးေနၿပီး လက္ရွိမွာေတာ့ အိမ္နီးခ်င္း ထိုင္းအပါအဝင္ ႏိုင္ငံအႏွံကေန ျမန္မာႏိုင္ငံသား ၃ေသာင္းေက်ာ္ျပန္ေခၚႏိုင္ခဲ့ၿပီ ျဖစ္တယ္လို႔ ဦးစိုးဟန္ကေျပာပါတယ္။

ဒုကၡေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ျပန္ေခၚတာနဲ႔တၿပိဳင္နက္ထဲမွာလည္း ျပည္တြင္း က ၅၂ သန္း ျပည္သူေတြ ေရာဂါမကူးေအာင္ အစိုးရဘက္က တျခာဦးစားေပးလုပ္ေနရတာေတြ လည္းရွိတာမို႔ ေခၚေဆာင္မႈပိုင္းမွာ အခက္အခဲ ေတြနဲ႔ ႀကဳံရတာျဖစ္တယ္လို႔ သူကဆိုပါတယ္။ ဒီျပင္သက္ဆိုင္ရာ ႏိုင္ငံေတြမွာလည္း ပိတ္ပင္ကန႔္သတ္ထားတာ၊ ေနာက္ၿပီး ျပန္လာသူေတြအတြက္ ေစာင့္ၾကည့္ေနရာေတြ နဲ႔စနစ္တက်ထားဖို႔ ရွာရတာေတြကလည္း အခက္အခဲ ေတြ ျဖစ္ကာ ျပန္ေခၚယူေရးပိုင္းကို ၾကန႔္ၾကာေစတယ္လို႔ ေျပာပါတယ္။

အခုဆိုရင္ အေရးေပၚ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ျပန္ခြင့္ရဖို႔ မေလးရွားႏိုင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးကို ဆက္သြယ္လာသူ ခန႔္မွန္းေခ် ၄၀၀ ေလာက္အထိ ရွိေနၿပီလို႔လည္း မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးဘက္ ကေျပာဆိုထားပါတယ္။ ဒီရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံကို ျပန္လို႔လည္းမရအလုပ္အကိုင္လည္းမရွိ၊ စားေသာက္ဖို႔ ခက္ခဲ မႈေတြ ႀကဳံ ရတာမို႔ ျမန္မာႏိုင္ငံသားတခ်ိဳ႕မိမိကိုယ္ကိုယ္ အဆုံးစီရင္မႈေတြရွိခဲ့ၿပီး ၂ပတ္အတြင္း လူ ၇ေယာက္ေသဆုံးခဲ့ရပါတယ္။

အလုပ္လက္မဲ့ျဖစ္သူ သိန္းဂဏန္းနဲ႔ရွိလာတာေၾကာင့္ စာေသာက္ေရးအကူညီေပးတဲ့အဖြဲ႕ ေတြလည္း လက္ လွမ္းမ မွီျဖစ္ေနတာမို႔ အေတာ္ေလးဒုကေရာက္ေနတယ္လို႔ အလုပ္သမားေတြကိုကူညီေပးေနတဲ့ မေလးရွားႏိုင္ငံ လူမူ ေရးအသင္းဥကၠဌ ဦးစန္းဝင္းကလည္းေျပာျပပါတယ္။

“တိက်တဲ့သတင္းကို တိက်သလိုေၾကညာေပးေစခ်င္တယ္။ ဒီမွာေ႐ြ႕ေျပာင္းအလုပ္သမား အေထာက္အထားမဲ့ေတြက Lock down ကာလ တြင္း အလုပ္လဲမရွိေတာ့ ပိုက္ဆံလည္းမရွိၾကဘူး။ အိမ္လခလည္း မေပးႏိုင္ၾကဘူး။ ေလာခ္ေဒါင္းၿပီးလို႔ အလုပ္ျပန္စေတာ့လည္း မေလးရွားအစိုးရ ကန႔္သတ္မႈ တခ်ိဳ႕ေၾကာင့္ အလုပ္ျပဳတ္ ခံရတယ္။ ေတာ္ေတာ္မ်ားမ်ား ျမန္မာႏိုင္ငံကို ျပန္လာခ်င္ၾကတယ္။ ေနာက္ဗိုက္ႀကီးသည္ေတြက အေထာက္အထားမရွိ ကေလးေမြးဖို႔ ေဆး႐ုံတက္လို႔မရဘူး။ ေနာက္နာတာရွည္ ဒုကၡသည္ေတြကလည္း ေဆးခန္းမသြားႏိုင္ၾကဘူး။ ေက်ာက္ကပ္တို႔ အူအတက္ေပါက္တာတို႔ေတြ က အမ်ားႀကီးရွိတယ္ ။ အပတ္စဥ္ ဒီလို က်န္းမာေရး မေကာင္းလို႔ ဆံုးတဲ့ နာေရးေတြကို အျမဲ သၿဂႋဳဟ္ေပးေနရတယ္။ အနည္းဆံုး ၂ ေလာင္း ၃ ေလာင္း တခါတေလ ၅ ေလာင္းအထိရွိတယ္။ ခုကတရားဝင္ ပတ္စပို႔ ရွိတဲ့လူေတြပဲျပန္လို႔ရတယ္။ တရားမဝင္လာသူေတြက ျပန္လို႔မရဘူးဆိုၿပီး ျဖစ္ေတာ့ အကုန္လုံးက စိတ္ဓါတ္က်၊ ဆြဲႀကိဳးခ်ေသတာဆိုရင္ မေနညအပါ စုစုေပါင္း ၇ေယာက္ရွိပါၿပီ။”

မေလးရွား အစိုးရကေတာ့ ဗီဇာသက္တမ္း ေက်ာ္လြန္ေနထိုင္သူေတြကိုပါ ျပန္ခြင့္ျပဳမွာျဖစ္ၿပီး အမည္ပ်က္ စာရင္းသြင္းမွာ မဟုတ္ေၾကာင္းလည္း ေၾကညာထားတာပါ။ မေလးရွားႏိုင္ငံမွာ ျမန္မာႏိုင္ငံသား အလုပ္လက္မဲျ့ဖစ္သူသိန္းဂဏန္းေလာက္ျဖစ္လာၿပီးတရားမဝင္ေရာ၊ တရားဝင္ေရာ ျမန္မာ ၅သိန္း ေလာက္ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

(Unicode)

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် အစိုးရဘက်က မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူရေး လုပ်ဆောင်နေချိန်အတွင်းမှာ၊ ကြန့်ကြာမှုတွေမှာ သည်းခံစောင့်ဆိုင်းပေးကြဖို့ မြန်မာအစိုးရဘက်က ပြောဆိုတာကို မ မမေခ တင်ပြပေးမှာပါ။

ကပ်ဘေးကာလအတွင်း နိုင်ငံရပ်ခြားတွေမှာပိတ်မိနေတဲ့ မြန်မာတွေကို ပြန်ခေါ်ဖို့ အစိုးရက စီစဉ်နေပေမယ့် အချို့အပိုင်းတွေမှာကြန့်ကြာနေတာတွေခက်ခဲနေတာတွေပြန်လာလို့ အဆင်မပြေတာတွေရှိနေတာကြောင့် အစိုးရအစီအစဉ်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ဒါ့အပြင် ဒုက္ခသည်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ သက်ဆိုင်ရာသံရုံးကို ဆက်သွယ်ရာမှာ ဖုန်းမကိုင်တာ၊ အဆက်အသွယ်လုပ်မရတာဖြစ်နေတာကိုလည်း ကာယကံရှင်တွေက VOA ကို ဆက်သွယ်ပြောဆိုတာတွေ ရှိနေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန် ကတော့ အစိုးရဖက်ကအတတ်နိုင်ဆုံးစီစဉ်ပေးနေပြီး ဒီအပေါ်မှာ နားလည်မှုရှိရှိ စောင့်ဆိုင်းကြဖို့ ဒီကနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“ လူဝင်မှု ဥပဒေတွေနဲ့ ဖောက်ဖျက်လို့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ ရှိပါတယ်။ သူတို့ကို သတ်မှတ်ကာလ ပြည့်လို့ပြန်ပို့နေတာရှိပါ တယ်။ အခြေအနေပေးသူက ၃ထောင်လောက်ရှိပါတယ်။ ဒီလူတွေကို မခေါ်နိုင်သေးပါဘူး။ ကျန်တဲ့ ပိုပြီး အခက် အခဲရှိသူတွေကိုဦးစားပေးနေရတဲ့ အနေအထားမှာရှိပါတယ်။ ဒီ COVID-19 ကာလမှာ မလေးရှားမှာ ကန့်သတ်ချက်တွေရှိတယ်။ ပိတ် ဆို့ထားတာရှိတယ်။ ကျနော်တို့အနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကကူညီပေးဖို့ တရားဝင် စာနဲ့လည်း အကြောင်းကြားထားပါတယ်။ ဖုန်းနဲ့လည်းမကြာခဏ အသိ ပေးထားပါတယ်။ သူတို့အနေနဲ့လည်း ဖြစ်နေတဲ့အပေါ် အတတ်နိုင်ဆုံးကူညီပေးနေပါတယ်။ ဒီလူတွေကိုလည်း ကျနော်တို့ သိစေချင်ပါတယ် မျှော်လင့်ချက်တွေ မစွန့်လွှတ်ပါနဲ့ လက်ရှိချိန် မှာ စုစုစည်းစည်းနေပေးပါ။ တဦးနဲ့တဦး ကူညီကြပါ။ မြန်မာအစိုးရဘက်က အားလုံးကိုပြန်ခေါ်ဖို့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်လို့ ပြော ချင်ပါတယ်”

ကိုယ့်နိုင်ငံသားတွေ ခေါ်ဖို့ လုပ်တာမှာ သက်ဆိုင်ရာနိုင်ငံတွေဘက်က လည်းပူးပေါင်း ကူညီဆောင်ရွက်ပေးနေပြီး လက်ရှိမှာတော့ အိမ်နီးချင်း ထိုင်းအပါအဝင် နိုင်ငံအနှံကနေ မြန်မာနိုင်ငံသား ၃သောင်းကျော်ပြန်ခေါ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဦးစိုးဟန်ကပြောပါတယ်။

ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ခေါ်တာနဲ့တပြိုင်နက်ထဲမှာလည်း ပြည်တွင်း က ၅၂ သန်း ပြည်သူတွေ ရောဂါမကူးအောင် အစိုးရဘက်က တခြာဦးစားပေးလုပ်နေရတာတွေ လည်းရှိတာမို့ ခေါ်ဆောင်မှုပိုင်းမှာ အခက်အခဲ တွေနဲ့ ကြုံရတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီပြင်သက်ဆိုင်ရာ နိုင်ငံတွေမှာလည်း ပိတ်ပင်ကန့်သတ်ထားတာ၊ နောက်ပြီး ပြန်လာသူတွေအတွက် စောင့်ကြည့်နေရာတွေ နဲ့စနစ်တကျထားဖို့ ရှာရတာတွေကလည်း အခက်အခဲ တွေ ဖြစ်ကာ ပြန်ခေါ်ယူရေးပိုင်းကို ကြန့်ကြာစေတယ်လို့ ပြောပါတယ်။

အခုဆိုရင် အရေးပေါ် ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ခွင့်ရဖို့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်လာသူ ခန့်မှန်းချေ ၄၀၀ လောက်အထိ ရှိနေပြီလို့လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးဘက် ကပြောဆိုထားပါတယ်။ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ပြန်လို့လည်းမရအလုပ်အကိုင်လည်းမရှိ၊ စားသောက်ဖို့ ခက်ခဲ မှုတွေ ကြုံ ရတာမို့ မြန်မာနိုင်ငံသားတချို့မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေရှိခဲ့ပြီး ၂ပတ်အတွင်း လူ ၇ယောက်သေဆုံးခဲ့ရပါတယ်။

အလုပ်လက်မဲ့ဖြစ်သူ သိန်းဂဏန်းနဲ့ရှိလာတာကြောင့် စာသောက်ရေးအကူညီပေးတဲ့အဖွဲ့ တွေလည်း လက် လှမ်းမ မှီဖြစ်နေတာမို့ အတော်လေးဒုကရောက်နေတယ်လို့ အလုပ်သမားတွေကိုကူညီပေးနေတဲ့ မလေးရှားနိုင်ငံ လူမူ ရေးအသင်းဥက္ကဌ ဦးစန်းဝင်းကလည်းပြောပြပါတယ်။

“တိကျတဲ့သတင်းကို တိကျသလိုကြေညာပေးစေချင်တယ်။ ဒီမှာရွေ့ပြောင်းအလုပ်သမား အထောက်အထားမဲ့တွေက Lock down ကာလ တွင်း အလုပ်လဲမရှိတော့ ပိုက်ဆံလည်းမရှိကြဘူး။ အိမ်လခလည်း မပေးနိုင်ကြဘူး။ လောခ်ဒေါင်းပြီးလို့ အလုပ်ပြန်စတော့လည်း မလေးရှားအစိုးရ ကန့်သတ်မှု တချို့ကြောင့် အလုပ်ပြုတ် ခံရတယ်။ တော်တော်များများ မြန်မာနိုင်ငံကို ပြန်လာချင်ကြတယ်။ နောက်ဗိုက်ကြီးသည်တွေက အထောက်အထားမရှိ ကလေးမွေးဖို့ ဆေးရုံတက်လို့မရဘူး။ နောက်နာတာရှည် ဒုက္ခသည်တွေကလည်း ဆေးခန်းမသွားနိုင်ကြဘူး။ ကျောက်ကပ်တို့ အူအတက်ပေါက်တာတို့တွေ က အများကြီးရှိတယ် ။ အပတ်စဉ် ဒီလို ကျန်းမာရေး မကောင်းလို့ ဆုံးတဲ့ နာရေးတွေကို အမြဲ သင်္ဂြိုဟ်ပေးနေရတယ်။ အနည်းဆုံး ၂ လောင်း ၃ လောင်း တခါတလေ ၅ လောင်းအထိရှိတယ်။ ခုကတရားဝင် ပတ်စပို့ ရှိတဲ့လူတွေပဲပြန်လို့ရတယ်။ တရားမဝင်လာသူတွေက ပြန်လို့မရဘူးဆိုပြီး ဖြစ်တော့ အကုန်လုံးက စိတ်ဓါတ်ကျ၊ ဆွဲကြိုးချသေတာဆိုရင် မနေညအပါ စုစုပေါင်း ၇ယောက်ရှိပါပြီ။”

မလေးရှား အစိုးရကတော့ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကိုပါ ပြန်ခွင့်ပြုမှာဖြစ်ပြီး အမည်ပျက် စာရင်းသွင်းမှာ မဟုတ်ကြောင်းလည်း ကြေညာထားတာပါ။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်လက်မဲြ့ဖစ်သူသိန်းဂဏန်းလောက်ဖြစ်လာပြီးတရားမဝင်ရော၊ တရားဝင်ရော မြန်မာ ၅သိန်း လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG