သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးေရာက္ ျမန္မာအလုပ္သမား ၂၀ ဦး သံရုံးေရွ႕မွာ စြန္႔ပစ္ခံရ


Photo- မေလးရွားႏိုင္ငံကျမန္မာသံရံုးေ၇ွ့မွာစြန့္ပစ္ခံရတဲ့အလုပ္သမားမ်ား (တမိလ္းဟိႏၵဴ နာေရးလူမူကူညီေရးအသင္း)

[Zawgyi/Unicode]

ျမန္မာအလုပ္သမား ၂၀ ေလာက္ဟာ မေလးရွား ျမန္မာသံရံုးေရွ႕မွာ လာေရာက္စြန္႔ပစ္ခံရတာေၾကာင့္ အလုပ္သမားေရးအဖဲြ႔ေတြက ကူညီေပးခဲ့ရတဲ့သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

မေလးရွားႏိုင္ငံ Selangor ဆိုတဲ့ေနရာမွာ ေဖေဖၚ၀ါရီလကတည္းက ေရာက္ေနၾကတဲ့ ျမန္မာအလုပ္သမား ၃၅ ဦးဟာ ျမန္မာႏိုင္ငံက Grand White star ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုျပီး အလုပ္လာလုပ္ၾကတဲ့ အလုပ္သမားေတြ ျဖစ္ပါတယ္။ စက္ရံုမွာ လုပ္ရမယ္ဆုိျပီးစာခ်ဳပ္မွာပါျပီး ေဆာက္လုပ္ေရးေနရာကို ေရာက္လာခဲ့တာပါ။ စာခ်ဳပ္ပါအတုိင္း အလုပ္ေနရာ မတူတဲ့အျပင္ သေဘာတူထားတဲ့ လုပ္အားခ မေပးတာေၾကာင့္ အလုပ္သမားေတြ အခက္အခဲျဖစ္ေနရပါတယ္။

အလုပ္ရွင္နဲ႔ ညိွႏိႈင္းလို႔ အဆင္မေျပျဖစ္ေနရာကေန မေလးရွားႏိုင္ငံမွာ COVID-19 ပိတ္ဆို႔ ကန္႔သတ္တဲ့အမိန္႔ေတြေၾကာင့္ ဘယ္မွတိုင္ၾကားလို႔မရ ဘယ္မွထြက္ခြင့္မရဘဲ ပိတ္မိေနခဲ့တာပါ။

ျပီးခဲ့တဲ့ရက္ကေတာ့ သူတို႔ကို ျမန္မာသံရံုးေရွ႕မွာ သြားခ်ေပးခဲ့တာ ခံရတယ္လို႔ ဒီထဲက ျမန္မာအလုပ္သမား တဦးကေျပာျပပါတယ္။

"က်ေနာ္တို႔ကုိ ျမန္မာျပည္မွာထဲက Grand White star ေအးဂ်င့္ ဦးစန္းတင့္ဦးက ျမန္မာျပည္မွာ ၀ရိမ္သမားေတြကို ေခၚတယ္။ လစာကုိ မေလးေငြ ၃,၀၀၀၊ ၄,၀၀၀ ၀န္းက်င္းရမယ္။ တလကို ျမန္မာေငြ ၁၀ သိန္း၊ ၁၂ သိန္းရမယ္ဆုိျပီး ေခၚလို႔ က်ေနာ္တို ့၀ရိမ္သမားအားလံုးလာၾကတာပါ။ ဒီေရာက္ေတာ့ ဒီမွာ တေန႔ကို မေလး ၄၈ ရင္းဂစ္ေငြပဲ ရမယ္လုပ္ရင္ရမယ္။ မလုပ္ရင္ မရဘူး။ ေန႔ေၾကးလည္း ပံုမွန္မေပးႏိုင္ဘူး။ ျမန္မာျပည္ေအးဂ်င့္ကေျပာတာေျပာတာပဲ။ သူတုိ႔က မေပးႏို္င္ဘူးေျပာတယ္။ က်ေနာ္တုိ႔က စာခ်ဳပ္ရွိတယ္။ ျမန္မာျပည္ေအးဂ်င့္နဲ႔ သံရံုးနဲ႔ ရွင္းမယ္ဆုိျပီး ၃ လပုိင္း ၁၀ရက္ေန႔ ေရာက္လာတယ္။ ဘာမွမထူးျခားလာဘူး ေလာ့ေဒါင္း ပိတ္ဆို႔ ကန္႔သတ္မႈကလည္း ၃ လပုိင္း ၁၈ ရက္ေန႔ကတည္းက ပိတ္သြားေတာ့ က်ေနာ္တို႔ သံရံုးကို ဖုန္းဆက္တယ္။ သံအရာရွိ ဦးေက်ာ္လင္းထြန္းကလည္း တာ၀န္မယူႏိုင္ဘူး။ ေအဂ်င့္ကုိေျပာျပီးထားတဲ့ ေအးဂ်င့္ေတြကလည္း သံရံုးေရွ႕မွာပဲခ်ေပးခဲ့တယ္။ ႏိုင္ငံကူးစာအုပ္ေတြလည္း မေပးထားဘူး။ စာရြက္မိတၱဴေလးပဲ ေပးထားတယ္။"

မေလးရွားႏိုင္ငံမွာ သြားလာလႈပ္ရွားမွႈ ကန္႔သတ္ထိန္းခ်ဳပ္ေရးအမိန႔္ (MCO) ထုတ္ျပန္ထားတဲ့ အခ်ိန္မွာ မေလးရွားႏိုင္ငံမွာ လူစုလူေ၀းနဲ႔ ေနတာနဲ႔ ဖမ္းဆီးမိန္႔ေတြ ရွိေနသလို ျမန္မာႏိုင္ငံကေန တရား၀င္ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ လာၾကေပမယ့္ မေလးရွားကို စေရာက္ကတည္းက ႏိုင္္ငံကူးစားအုပ္ေတြ သိမ္းခံထားရတာေတြေၾကာင့္ အလုပ္သမားေတြ အခက္အခဲျဖစ္ေနရပါတယ္။ သူတို႔ကုိ အခုလို သံရံုေရွ႕မွာ စြန္႔ပစ္ထားခဲ့တာေၾကာင့္ သူတုိ႔ဟာ အဖမ္းခံရႏိုင္တယ္ဆိုျပီး မေလးရွားအေျခစုိက္ ျမန္မာေတြကုိ အကူညီေပးေနတဲ့ တမိလ္းနာေရးကူညီမႈ အသင္း ဥကၠ႒ ဦးမိုးက အကူညီေပးခဲ့ရတယ္လို႔လည္း ဦးမိုးက ေျပာျပပါတယ္။

"COVID-19 အေရးေပၚကာလမွာ လူစုလူေ၀းနဲ႔ ေနလို႔ မရဘူးျပႆနာက ကေလးေတြက ၁၉ ေယာက္လံုးက တစုတည္းေနေနၾကလို႔ စကားကလည္း တလံုးမွ မတတ္ဘူး။ က်ေနာ္တို႔က သံရံုးကုိ ေမတၱာရပ္ခံတယ္။ အထဲမွာခဏေလာက္ ေနခြင့္ေပးပါ။ ေလး ေယာက္ တအုပ္စုစီ က်ေနာ္တို ့သြားေခၚတယ္။ ျပီးေတာ့ အစားအေသာက္ေတြ စီစဥ္ထားေပးပါတယ္။"

ဒီအလုပ္သမားေတြဟာ မေလးရွားကို ေရာက္ခ်ိန္မွာ ေဆာက္လုပ္ေရး ဂိုေဒါင္တခုမွာ ေနထိုင္အိပ္ဖို႔အတြက္သာ စီစဥ္ေပးခဲ့ျပီး အခင္းက အစ ဘာမွမေပးသလို စားေသာက္ေရးလည္း အေတာ္ခက္ခဲခဲ့တယ္လိ့ု႔ ဆိုပါတယ္။ သူတို႔ကုိေတာ့ COVID-19 အေရးေပၚကာလမွာ မေလးရွားေရာက္ ျမန္မာ လူမႈကူညီေရးအသင္းနဲ႔ တမိလ္းဟိႏၵဴ နာေရးလူမႈကူညီေရးအသင္းတို႔ကေန အစားအေသာက္ေတြကို ဆက္တုိက္သြားေရာက္ကူညီေပးရသလို အစားအေသာက္ေပးတဲ့အခါမွာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ထဲက အလုပ္သမားေတြဆီကုိ ေရာက္ေအာင္ခက္ခက္ခဲခဲ ကူညီခဲ့ရတယ္လို႔ ဆိုပါတယ္။

အခုအခါမွာေတာ့ သူတို့ရဲ႕ ႏိုင္ငံကူးလက္မွတ္ေတြ ျပန္ရရွိေရးနဲ႔ ျမန္မာႏိုင္ငံကို ျပန္ႏိုင္ေရးကိုပဲ အလုပ္သမားေတြက လိုလားေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္



[Unicode Version]

မလေးရောက် မြန်မာအလုပ်သမား ၂၀ ဦး သံရုံးရှေ့မှာ စွန့်ပစ်ခံရ

မြန်မာအလုပ်သမား ၂၀ လောက်ဟာ မလေးရှား မြန်မာသံရုံးရှေ့မှာ လာရောက်စွန့်ပစ်ခံရတာကြောင့် အလုပ်သမားရေးအဖွဲ့တွေက ကူညီပေးခဲ့ရတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မလေးရှားနိုင်ငံ Selangor ဆိုတဲ့နေရာမှာ ဖေဖေါ်ဝါရီလကတည်းက ရောက်နေကြတဲ့ မြန်မာအလုပ်သမား ၃၅ ဦးဟာ မြန်မာနိုင်ငံက Grand White star ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီး အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။ စက်ရုံမှာ လုပ်ရမယ်ဆိုပြီးစာချုပ်မှာပါပြီး ဆောက်လုပ်ရေးနေရာကို ရောက်လာခဲ့တာပါ။ စာချုပ်ပါအတိုင်း အလုပ်နေရာ မတူတဲ့အပြင် သဘောတူထားတဲ့ လုပ်အားခ မပေးတာကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ်နေရပါတယ်။

အလုပ်ရှင်နဲ့ ညှိနှိုင်းလို့ အဆင်မပြေဖြစ်နေရာကနေ မလေးရှားနိုင်ငံမှာ COVID-19 ပိတ်ဆို့ ကန့်သတ်တဲ့အမိန့်တွေကြောင့် ဘယ်မှတိုင်ကြားလို့မရ ဘယ်မှထွက်ခွင့်မရဘဲ ပိတ်မိနေခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ကတော့ သူတို့ကို မြန်မာသံရုံးရှေ့မှာ သွားချပေးခဲ့တာ ခံရတယ်လို့ ဒီထဲက မြန်မာအလုပ်သမား တဦးကပြောပြပါတယ်။

"ကျနော်တို့ကို မြန်မာပြည်မှာထဲက Grand White star အေးဂျင့် ဦးစန်းတင့်ဦးက မြန်မာပြည်မှာ ဝရိမ်သမားတွေကို ခေါ်တယ်။ လစာကို မလေးငွေ ၃,၀၀၀၊ ၄,၀၀၀ ဝန်းကျင်းရမယ်။ တလကို မြန်မာငွေ ၁၀ သိန်း၊ ၁၂ သိန်းရမယ်ဆိုပြီး ခေါ်လို့ ကျနော်တို့ဝရိမ်သမားအားလုံးလာကြတာပါ။ ဒီရောက်တော့ ဒီမှာ တနေ့ကို မလေး ၄၈ ရင်းဂစ်ငွေပဲ ရမယ်လုပ်ရင်ရမယ်။ မလုပ်ရင် မရဘူး။ နေ့ကြေးလည်း ပုံမှန်မပေးနိုင်ဘူး။ မြန်မာပြည်အေးဂျင့်ကပြောတာပြောတာပဲ။ သူတို့က မပေးနိုင်ဘူးပြောတယ်။ ကျနော်တို့က စာချုပ်ရှိတယ်။ မြန်မာပြည်အေးဂျင့်နဲ့ သံရုံးနဲ့ ရှင်းမယ်ဆိုပြီး ၃ လပိုင်း ၁၀ရက်နေ့ ရောက်လာတယ်။ ဘာမှမထူးခြားလာဘူး လော့ဒေါင်း ပိတ်ဆို့ ကန့်သတ်မှုကလည်း ၃ လပိုင်း ၁၈ ရက်နေ့ကတည်းက ပိတ်သွားတော့ ကျနော်တို့ သံရုံးကို ဖုန်းဆက်တယ်။ သံအရာရှိ ဦးကျော်လင်းထွန်းကလည်း တာဝန်မယူနိုင်ဘူး။ အေဂျင့်ကိုပြောပြီးထားတဲ့ အေးဂျင့်တွေကလည်း သံရုံးရှေ့မှာပဲချပေးခဲ့တယ်။ နိုင်ငံကူးစာအုပ်တွေလည်း မပေးထားဘူး။ စာရွက်မိတ္တူလေးပဲ ပေးထားတယ်။"

မလေးရှားနိုင်ငံမှာ သွားလာလှုပ်ရှားမှှု ကန့်သတ်ထိန်းချုပ်ရေးအမိန့် (MCO) ထုတ်ပြန်ထားတဲ့ အချိန်မှာ မလေးရှားနိုင်ငံမှာ လူစုလူဝေးနဲ့ နေတာနဲ့ ဖမ်းဆီးမိန့်တွေ ရှိနေသလို မြန်မာနိုင်ငံကနေ တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာကြပေမယ့် မလေးရှားကို စရောက်ကတည်းက နိုင်ငံကူးစားအုပ်တွေ သိမ်းခံထားရတာတွေကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ်နေရပါတယ်။ သူတို့ကို အခုလို သံရုံရှေ့မှာ စွန့်ပစ်ထားခဲ့တာကြောင့် သူတို့ဟာ အဖမ်းခံရနိုင်တယ်ဆိုပြီး မလေးရှားအခြေစိုက် မြန်မာတွေကို အကူညီပေးနေတဲ့ တမိလ်းနာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးမိုးက အကူညီပေးခဲ့ရတယ်လို့လည်း ဦးမိုးက ပြောပြပါတယ်။

"COVID-19 အရေးပေါ်ကာလမှာ လူစုလူဝေးနဲ့ နေလို့ မရဘူးပြဿနာက ကလေးတွေက ၁၉ ယောက်လုံးက တစုတည်းနေနေကြလို့ စကားကလည်း တလုံးမှ မတတ်ဘူး။ ကျနော်တို့က သံရုံးကို မေတ္တာရပ်ခံတယ်။ အထဲမှာခဏလောက် နေခွင့်ပေးပါ။ လေး ယောက် တအုပ်စုစီ ကျနော်တို့သွားခေါ်တယ်။ ပြီးတော့ အစားအသောက်တွေ စီစဉ်ထားပေးပါတယ်။"

ဒီအလုပ်သမားတွေဟာ မလေးရှားကို ရောက်ချိန်မှာ ဆောက်လုပ်ရေး ဂိုဒေါင်တခုမှာ နေထိုင်အိပ်စက်ဖို့အတွက်သာ စီစဉ်ပေးခဲ့ပြီး အခင်းက အစ ဘာမှမပေးသလို စားသောက်ရေးလည်း အတော်ခက်ခဲခဲ့တယ်လိ့ု့ ဆိုပါတယ်။ သူတို့ကိုတော့ COVID-19 အရေးပေါ်ကာလမှာ မလေးရှားရောက် မြန်မာ လူမှုကူညီရေးအသင်းနဲ့ တမိလ်းဟိန္ဒူ နာရေးလူမှုကူညီရေးအသင်းတို့ကနေ အစားအသောက်တွေကို ဆက်တိုက်သွားရောက်ကူညီပေးရသလို အစားအသောက်ပေးတဲ့အခါမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက အလုပ်သမားတွေဆီကို ရောက်အောင်ခက်ခက်ခဲခဲ ကူညီခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ ပြန်ရရှိရေးနဲ့ မြန်မာနိုင်ငံကို ပြန်နိုင်ရေးကိုပဲ အလုပ်သမားတွေက လိုလားနေကြပါတယ်။

XS
SM
MD
LG