Zawgyi/Unicode
ႏိုင္ငံေရးတင္းမာမႈေတြရွိေနတဲ့ မေလးရွားႏိုင္ငံမွာ ကိုဗစ္ ကပ္ေရာဂါကာလအတြင္း ပါလီမန္ကို တနလၤာေန႔က ပထမဆုံးအႀကိမ္ ျပန္စခဲ့ၿပီး မေလးရွားဘုရင္က လာေရာက္ မိန္႔ခြန္း ေျပာၾကားခဲ့ၿပီးေနာက္မွာ ပါလီမန္ကို အျမန္ဆုံးရပ္ဆိုင္းလုိက္တာေၾကာင့္ လက္ရွိ ၀န္ႀကီးခ်ဳပ္ Muhyiddin Yassin အေနနဲ႔ သူ႔အေပၚ အယုံအၾကည္မရွိ မဲခြဲဆုံးျဖတ္မယ့္အေရးကေန လြတ္ေျမာက္သြားပါတယ္။
ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin အေပၚ အယုံအၾကည္မရွိ အဆိုကို ဝန္ႀကီးခ်ဳပ္ေဟာင္း Mahathir က ပါလီမန္မွာ တင္သြင္းထားၿပီး နဂိုအစီအစဥ္အရ မဲခြဲဆုံးျဖတ္ဖို႔ ရွိခဲ့တာပါ။
Mahathir ရဲ႕ ညြန္႔ေပါင္းအစိုးရ ၿပဳိကြဲခဲ့ၿပီး ေဖေဖၚဝါရီလထဲမွာ အသက္ ၉၄ ႏွစ္အရြယ္ ဝန္ႀကီးခ်ဳပ္ Mahathir Mohamad ရာထူးက ႏုတ္ထြက္ေၾကာင္း ဘုရင္ကို စာတင္ခဲ့ၿပီး ေနာက္မွာ မေလးရွားဘုရင္က Muhyiddin Yassin ကို မတ္လထဲမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္ခဲ့ပါတယ္။
Muhyiddin ဟာ Mahathir ရဲ႕ အရင္အစိုးရ အဖြဲ႔ထဲမွာ ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ၿပီး အစိုးရထဲကို ညီညႊတ္ေသာ မေလးရွားအမ်ဳိးသားပါတီ UNMO က အဖြဲ႔ အေတာ္မ်ားမ်ားကို သြပ္သြင္းခဲ့တာပါ။
UNMO ပါတီ အာဏာရခ်ိန္တုန္းက အက်င့္ပ်က္ ျခစားမႈေတြ ရွိခဲ့ၿပီး ၊ အထူးသျဖင့္ ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak လက္ထက္မွာ ႏိုင္ငံပိုင္ ရင္းႏွီးျမွဳပ္ႏွံမႈဘဏ္ 1MDB ရဲ႕ လာဘ္စားမႈႀကီး ေပၚေပါက္ခဲ့တာေၾကာင့္ ၁၉၅၇ ခုႏွစ္ထဲက တိုင္းျပည္ကို အုပ္ခ်ဳပ္လာတဲ့ UNMO ပါတီအေပၚ မဲဆႏၵရွင္ေတြ စိတ္ပ်က္ခဲ့ၿပီး Mahathir အႏိုင္ရကာ ၂၀၁၈ မွာ ညႊန္႔ေပါင္းအစိုးရ ဖြဲ႔ခဲ့တာ ျဖစ္ပါတယ္။
..............
ကိုဗစ်ကာလအတွင်း မလေးမှာ နိုင်ငံရေးတင်းမာမှု အရှိန်မြင့်လာ
[Unicode]
နိုင်ငံရေးတင်းမာမှုတွေရှိနေတဲ့ မလေးရှားနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကာလအတွင်း ပါလီမန်ကို တနင်္လာနေ့က ပထမဆုံးအကြိမ် ပြန်စခဲ့ပြီး မလေးရှားဘုရင်က လာရောက် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက်မှာ ပါလီမန်ကို အမြန်ဆုံးရပ်ဆိုင်းလိုက်တာကြောင့် လက်ရှိ ဝန်ကြီးချုပ် Muhyiddin Yassin အနေနဲ့ သူ့အပေါ် အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မယ့်အရေးကနေ လွတ်မြောက်သွားပါတယ်။
ဝန်ကြီးချုပ် Muhyiddin Yassin အပေါ် အယုံအကြည်မရှိ အဆိုကို ဝန်ကြီးချုပ်ဟောင်း Mahathir က ပါလီမန်မှာ တင်သွင်းထားပြီး နဂိုအစီအစဉ်အရ မဲခွဲဆုံးဖြတ်ဖို့ ရှိခဲ့တာပါ။
Mahathir ရဲ့ ညွန့်ပေါင်းအစိုးရ ပြိုကွဲခဲ့ပြီး ဖေဖေါ်ဝါရီလထဲမှာ အသက် ၉၄ နှစ်အရွယ် ဝန်ကြီးချုပ် Mahathir Mohamad ရာထူးက နုတ်ထွက်ကြောင်း ဘုရင်ကို စာတင်ခဲ့ပြီး နောက်မှာ မလေးရှားဘုရင်က Muhyiddin Yassin ကို မတ်လထဲမှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
Muhyiddin ဟာ Mahathir ရဲ့ အရင်အစိုးရ အဖွဲ့ထဲမှာ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အစိုးရထဲကို ညီညွှတ်သော မလေးရှားအမျိုးသားပါတီ UNMO က အဖွဲ့ အတော်များများကို သွပ်သွင်းခဲ့တာပါ။
UNMO ပါတီ အာဏာရချိန်တုန်းက အကျင့်ပျက် ခြစားမှုတွေ ရှိခဲ့ပြီး ၊ အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်း Najib Razak လက်ထက်မှာ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုဘဏ် 1MDB ရဲ့ လာဘ်စားမှုကြီး ပေါ်ပေါက်ခဲ့တာကြောင့် ၁၉၅၇ ခုနှစ်ထဲက တိုင်းပြည်ကို အုပ်ချုပ်လာတဲ့ UNMO ပါတီအပေါ် မဲဆန္ဒရှင်တွေ စိတ်ပျက်ခဲ့ပြီး Mahathir အနိုင်ရကာ ၂၀၁၈ မှာ ညွှန့်ပေါင်းအစိုးရ ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။