(Zawgyi / Unicode)
မေလးရွား ျပည္ထဲေရးဝန္ႀကီးေဟာင္း Muhyiddin Yassin ဟာ ဒီကေန႔ တနဂၤေႏြေန႔မွာ ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ က်မ္းသစၥာ က်ိန္ဆိုပါတယ္။
Muhyiddin ဟာ ဝန္ႀကီးခ်ဳပ္တာ၀န္ေတြကို အျပည့္အ၀ ထမ္းရြက္သြားမွာ ျဖစ္ေၾကာင္း ဒီကေန႔ ဘုရင္ Sultan Abdullah Sultan Ahmad Shah ေရွ႕ေမွာက္မွာ က်မ္းသစၥာက်ိန္ဆိုခဲ့ပါတယ္။
သူဟာ ၀န္ႀကီးခ်ဳပ္တာ၀န္ေတြကို တနလၤာေန႔က စၿပီး ထမ္းေဆာင္သြားမွာ ျဖစ္ေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္႐ံုးက ထုတ္ျပန္ေၾကညာခဲ့ေပမယ့္ တျခားမွတ္ခ်က္ တစံုတရာေတာ့ ေပးမထားပါဘူး။
ႏွစ္ေပါင္း ၆၀ နီးပါးၾကာ အုပ္ခ်ဳပ္ခဲ့တဲ့ အာဏာရပါတီေဟာင္းျဖစ္တဲ့ ညီၫြတ္ေသာ မေလးအမ်ိဳးသားအစည္းအ႐ုံး (UMNO) ကလည္း အစၥလာမၼစ္ပါတီျဖစ္တဲ့ PAS နည္းတူ Muhyiddin ကို ေထာက္ခံထားပါတယ္။
မဟာသီယာနဲ႔ Anwar တို႔ ဆက္ၿပီး လက္တြဲေဆာင္ရြက္သြားမယ္လို႔ စေနေန႔မွာ ျပန္လည္ ေျပာဆိုခဲ့ေပမယ့္လည္း အမ်ားစုေထာက္ခံမႈ ရထားတဲ့ အခ်က္ေၾကာင့္ Muhyiddin ကို ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ ေရြးခ်ယ္ခဲ့ရတာ ျဖစ္တယ္လို႔ ဘုရင့္နန္းေတာ္က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
အခုလို ဘုရင္ရဲ႕ ဆံုးျဖတ္ခ်က္အေပၚကို မေက်နပ္တဲ့အတြက္ စေနေန႔က ၿမိဳ႕ေတာ္ ကြာလာလမ္ပူမွာ လူ ၂၀၀ ေလာက္ စုေ၀းဆႏၵျပခဲ့ၾကပါတယ္။
--------------------------------
(Unicode)
မလေးရှားဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို
မလေးရှား ပြည်ထဲရေးဝန်ကြီးဟောင်း Muhyiddin Yassin ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။
Muhyiddin ဟာ ဝန်ကြီးချုပ်တာဝန်တွေကို အပြည့်အ၀ ထမ်းရွက်သွားမှာ ဖြစ်ကြောင်း ဒီကနေ့ ဘုရင် Sultan Abdullah Sultan Ahmad Shah ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
သူဟာ ဝန်ကြီးချုပ်တာဝန်တွေကို တနင်္လာနေ့က စပြီး ထမ်းဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့ပေမယ့် တခြားမှတ်ချက် တစုံတရာတော့ ပေးမထားပါဘူး။
နှစ်ပေါင်း ၆၀ နီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရပါတီဟောင်းဖြစ်တဲ့ ညီညွတ်သော မလေးအမျိုးသားအစည်းအရုံး (UMNO) ကလည်း အစ္စလာမ္မစ်ပါတီဖြစ်တဲ့ PAS နည်းတူ Muhyiddin ကို ထောက်ခံထားပါတယ်။
မဟာသီယာနဲ့ Anwar တို့ ဆက်ပြီး လက်တွဲဆောင်ရွက်သွားမယ်လို့ စနေနေ့မှာ ပြန်လည် ပြောဆိုခဲ့ပေမယ့်လည်း အများစုထောက်ခံမှု ရထားတဲ့ အချက်ကြောင့် Muhyiddin ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့ရတာ ဖြစ်တယ်လို့ ဘုရင့်နန်းတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။
အခုလို ဘုရင်ရဲ့ ဆုံးဖြတ်ချက်အပေါ်ကို မကျေနပ်တဲ့အတွက် စနေနေ့က မြို့တော် ကွာလာလမ်ပူမှာ လူ ၂၀၀ လောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။