သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလး႐ွား၀န္ႀကီးခ်ဳပ္ Mahathir ႏုတ္ထြက္လႊာတင္ေပမယ့္ Anwar Ibrahim ကို ရာထူလႊဲေပးဖို႔ မလိုလား


Anwar Ibrahim ႏွင့္ မေလးရွား ၀န္ႀကီးခ်ဳပ္ Mahathir Mohamad

(Zawgyi/Unicode)

မေလးရွား ၀န္ႀကီးခ်ဳပ္ Mahathir Mohamad က ရာထူးက ႏုတ္ထြက္လႊာကို ဘုရင္ထံ တနလာၤေန႔က တင္သြင္းခဲ႔ေၾကာင္း ၀န္ႀကီးခ်ဳပ္ရံုးက ေၾကညာေပမယ့္ အေသးစိတ္ကိုေတာ့ ရွင္းလင္း မထားပါဘူး။

သူ႔ရာထူးကို ဆက္ခံမယ့္သူ အျဖစ္ ေရြးထားတဲ႔ Anwar Ibrahim ကို အာဏာလႊဲ မေပးရေအာင္ အစိုးရသစ္ဖြဲ႔ဖို႔႔ ၀န္ႀကီးခ်ဳပ္ Mahathir ရဲ႕ ပါတီနဲ႔ အတိုက္အခံ အဖြဲ႔ေတြက အဖြဲ႔၀င္ တခ်ိဳ႕ၾကား ေဆြးေႏြးမႈေတြ ေနာက္ပိုင္းမွာ ၀န္ႀကီးခ်ဳပ္ Mahathir ရာထူးက ႏုတ္ထြက္တာပါ။ ဒီေဆြးေႏြးမႈေတြေၾကာင့္ ၀န္ႀကီးခ်ဳပ္ Mahathir နဲ႔ Anwar Ibrahim တို႔ၾကားမွာ မေျပလည္မႈ ျပန္ျဖစ္လာမယ့္ အေျခအေနမ်ိဳး ေပၚလာပါတယ္။

အရင္ ၀န္ႀကီးခ်ဳပ္ Najib Razak ဦးေဆာင္တဲ႔ အာဏာရ ညႊန္႔ေပါင္းအဖြဲ႔ကို ဖယ္ရွားႏုိင္ေရး အတြက္ ၂၀၁၈ ခုႏွစ္မွာ လက္ရွိ ၀န္ႀကီးခ်ဳပ္ Mahathir နဲ႔ Anwar Ibrahim တို႔ ပူးေပါင္းခဲ႔ၾကတာ ျဖစ္ပါတယ္။ အတိုက္အခံ လႊတ္ေတာ္ အမတ္ေတြနဲ႔ Mahathir ၾကား ေဆြးေႏြးမႈေတြကို သူတို႔ၾကား သေဘာတူညီခ်က္ကို သစၥာေဖာက္တာ ဆိုၿပီး Anwar က ရည္ညႊန္းေျပာဆိုပါတယ္။

ဒါေပမယ့္လည္း ၀န္ႀကီးခ်ဳပ္ေဟာင္း Najib ရဲ႕ ပါတီ ပါ၀င္ပတ္သက္မယ့္ ညြန္႔ေပါင္းသစ္ ဖြဲ႔စည္းမႈမွာ သူ႔အေနနဲ႔ မပါ၀င္လိုဘူးလို႔ ၀န္ႀကီးခ်ဳပ္ Mahathir က သူ႔ကို အာမခံ ေျပာဆိုခဲ႔တယ္ဆိုၿပီး တနလာၤေန႔မွာ Anwar က ေျပာပါတယ္။ အသက္ ၉၄ ႏွစ္ ရွိၿပီ ျဖစ္တဲ႔ Mahathir က ကမၻာမွာ အသက္အႀကီးဆံုး ၀န္ႀကီးခ်ဳပ္ ျဖစ္ပါတယ္။ တကယ္လို႔ Mahathir ရဲ႕ ႏုတ္ထြက္မႈကို လက္ခံလုိက္ၿပီ ဆိုရင္ေတာ့ Anwar ရဲ႕ ဇနီးျဖစ္သူ Wan Azizah Ismail က လက္ရွိမွာ ဒုတိယ ၀န္ႀကီးခ်ဳပ္ ျဖစ္ေနတာေၾကာင့္ သူက ၀န္ႀကီးခ်ဳပ္ ရာထူးကို လက္ခံရမွာ ျဖစ္ပါတယ္။ ဘုရင္ Sultan Abdullah Sultan Ahmad Shah က လက္ရွိ အေျခအေနကို ဘယ္လို ဆံုးျဖတ္မလဲ ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


................

မလေးရှားဝန်ကြီးချုပ် Mahathir နုတ်ထွက်လွှာတင်ပေမယ့် Anwar Ibrahim ကို ရာထူလွှဲပေးဖို့ မလိုလား

(Unicode)

မလေးရှား ဝန်ကြီးချုပ် Mahathir Mohamad က ရာထူးက နုတ်ထွက်လွှာကို ဘုရင်ထံ တနလာၤနေ့က တင်သွင်းခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာပေမယ့် အသေးစိတ်ကိုတော့ ရှင်းလင်း မထားပါဘူး။

သူ့ရာထူးကို ဆက်ခံမယ့်သူ အဖြစ် ရွေးထားတဲ့ Anwar Ibrahim ကို အာဏာလွှဲ မပေးရအောင် အစိုးရသစ်ဖွဲ့ဖို့ ဝန်ကြီးချုပ် Mahathir ရဲ့ ပါတီနဲ့ အတိုက်အခံ အဖွဲ့တွေက အဖွဲ့ဝင် တချို့ကြား ဆွေးနွေးမှုတွေ နောက်ပိုင်းမှာ ဝန်ကြီးချုပ် Mahathir ရာထူးက နုတ်ထွက်တာပါ။ ဒီဆွေးနွေးမှုတွေကြောင့် ဝန်ကြီးချုပ် Mahathir နဲ့ Anwar Ibrahim တို့ကြားမှာ မပြေလည်မှု ပြန်ဖြစ်လာမယ့် အခြေအနေမျိုး ပေါ်လာပါတယ်။

အရင် ဝန်ကြီးချုပ် Najib Razak ဦးဆောင်တဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့ကို ဖယ်ရှားနိုင်ရေး အတွက် ၂၀၁၈ ခုနှစ်မှာ လက်ရှိ ဝန်ကြီးချုပ် Mahathir နဲ့ Anwar Ibrahim တို့ ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။ အတိုက်အခံ လွှတ်တော် အမတ်တွေနဲ့ Mahathir ကြား ဆွေးနွေးမှုတွေကို သူတို့ကြား သဘောတူညီချက်ကို သစ္စာဖောက်တာ ဆိုပြီး Anwar က ရည်ညွှန်းပြောဆိုပါတယ်။

ဒါပေမယ့်လည်း ဝန်ကြီးချုပ်ဟောင်း Najib ရဲ့ ပါတီ ပါဝင်ပတ်သက်မယ့် ညွန့်ပေါင်းသစ် ဖွဲ့စည်းမှုမှာ သူ့အနေနဲ့ မပါဝင်လိုဘူးလို့ ဝန်ကြီးချုပ် Mahathir က သူ့ကို အာမခံ ပြောဆိုခဲ့တယ်ဆိုပြီး တနလာၤနေ့မှာ Anwar က ပြောပါတယ်။ အသက် ၉၄ နှစ် ရှိပြီ ဖြစ်တဲ့ Mahathir က ကမ္ဘာမှာ အသက်အကြီးဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ တကယ်လို့ Mahathir ရဲ့ နုတ်ထွက်မှုကို လက်ခံလိုက်ပြီ ဆိုရင်တော့ Anwar ရဲ့ ဇနီးဖြစ်သူ Wan Azizah Ismail က လက်ရှိမှာ ဒုတိယ ဝန်ကြီးချုပ် ဖြစ်နေတာကြောင့် သူက ဝန်ကြီးချုပ် ရာထူးကို လက်ခံရမှာ ဖြစ်ပါတယ်။ ဘုရင် Sultan Abdullah Sultan Ahmad Shah က လက်ရှိ အခြေအနေကို ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

XS
SM
MD
LG