သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးငွေကြေးအရှုပ်တော်ပုံ ကန်ကုမ္ပဏီ တရားစွဲခံရ


Goldman Sachs ကုမ္ပဏီ
Goldman Sachs ကုမ္ပဏီ

မလေးရှားအစိုးရပိုင် 1MDB ရင်းနှီးမြှုပ်နှံလုပ်ငန်းကြီးရဲ့ ငွေကြေးမသမာမှု စုံစမ်းစစ်ဆေးမှုနဲ့ဆက်စပ်ပြီး အမေရိကန်ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Goldman Sachs ကုမ္ပဏီနဲ့ ကုမ္ပဏီဝန်ထမ်းဟောင်း ၂ ယောက်ကို မလေးရှားအစိုးရက တရားစွဲလိုက်ပါတယ်။

ငွေမည်းခဝါချမှု၊ အဂတိလိုက်စားမှုတို့နဲ့ 1MDB ဝန်ထမ်းဟောင်း Jasmine Loo Ai Swan နဲ့ ဘဏ္ဍာရေးမှူးဟောင်း Jho Low တို့ကိုလည်း တရားစွဲလိုက်ပါတယ်။ 1MDB ရဲ့ငွေစုစာချုပ်ဒေါ်လာ ၆.၅ ဘီလျံဖိုးကို Goldman Sachs ကိုရောင်းအောင် Jasmine Loo Ai Swan နဲ့ Jho Low တို့ ၂ ယောက်က Goldman Sachs ဝန်ထမ်း Tim Leissner နဲ့ Roger Ng Chong Hwa တို့နဲ့ပေါင်းပြီး မလေးရှားတာဝန်ရှိသူတွေကို လာဘ်ထိုးခဲ့တယ်လို့ အစိုးရရှေ့နေချုပ်ရုံးက ပြောပါတယ်။

ငွေစုစာချုပ်တွေအရောင်းအဝယ်လုပ်တဲ့အတွက် Goldman Sachs က ဝန်ဆောင်ခ ဒေါ်လာသန်း ၆၀၀ ရရှိခဲ့ပြီး ဒါဟာ ဈေးကွက်ထဲက ပုံမှန်နှုန်းထက် အဆပေါင်းများစွာ ပိုများနေတယ်လို့ ရှေ့နေချုပ်ကပြောပါတယ်။ ခုလိုငွေစုစာချုပ်တွေ အရောင်းအဝယ်ကနေ မမှန်မကန် အကျိုးအမြတ်တွေရခဲ့တဲ့အပြင် Goldman Sachs ဝန်ထမ်းတွေဟာ ပမာဏများပြားတဲ့ Bonus ဆုကြေးတွေရခဲ့သလို ရာထူးအခွင့်အလမ်းတွေ ရခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ Tim Leissner နဲ့ Roger Ng Chong Hwa တို့ ၂ ယောက်ကို အမေရိကန်တရားဌာနက အလားတူအမှုတွေနဲ့ November လကတရားစွဲထားပါတယ်။

Goldman Sachs ဝန်ထမ်းဟောင်း Tim Leissner ကတော့ ငွေမည်း ငွေဖြူခဝါချမှုမှာ သူ ပူးပေါင်းပါဝင်ခဲ့လို့ နိုင်ငံရပ်ခြားမှာ အဂတိလိုက်စားမှုနဲ့ အပြစ်ရှိကြောင်းဝန်ခံခဲ့တဲ့အတွက် ဒေါ်လာ 43.7 သန်းဒဏ်ငွေချခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG