သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak အဂတိမှုနဲ့ ဖမ်းဆီးခံရ


မလေးရှားနိုင်ငံရဲ့ စီးပါွးရေးလုပ်ငန်းကြီး 1MDB ရဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပါဝင်ပတ်သက်နေတဲ့ အရှုပ်တော်ပုံနဲ့ဆက်စပ်ပြီး မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ကို ဖမ်းဆီးလိုက်ပါပြီ။ မလေးရှားနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် အရာရှိတွေက Najib ကိုသူ့နေအိမ်မှာပဲ ဒီကနေ့ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ 1MDB အရင်က လုပ်ငန်းခွဲတခုဖြစ်တဲ့ SRC International အပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်စပ်ပြီး မစ္စတာ Najib ကိုဖမ်းဆီးလိုက်တာပါ။

ဝန်ကြီးချုပ်ဟောင်း Najib ကို မနက်ဖြန် ဗုဓ္ဒဟူးနေ့မှာ တရားဝင် စွဲချက်တင်မှာပါ။ သူအာဏာရစဉ်မှာ တည်ထောင်ခဲ့တဲ့ နိုင်ငံပိုင် 1MDB ကုမ္ပဏီရဲ့ ရန်ပုံငွေတွေကို အလွှဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေမှာ ဝန်ကြီးချုပ်ဟောင်း Najib ကိုအာရုံစိုက် စုံစမ်းနေတာဖြစ်ပါတယ်။

1MDB လုပ်ငန်းကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄. ၅ ဘီလီယံ ကွာဟနေပြီး ငွေအချို့က မစ္စတာ Najib ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲ လွှဲပြောင်းရောက်ရှိသွားတယ်ဆိုပြီး အမေရိကန် တရားရေးဌာနက စွပ်စွဲပြောဆိုထားပါတယ်။ ဒီအရှုပ်တော်ပုံကြောင့် မေလမှာ ကျင်းပခဲ့တဲ့မလေးရှား ရွေးကောက်ပွဲမှာ ၁၉၅၇ ခုနှစ် လွတ်လပ်ရေးရ ကတည်းက တောက်လျောက်အုပ်ချုပ်လာတဲ့ Najib ရဲ့ National Front coalition အမျိုးသားတပ်ဦးညွန့်ပေါင်းက အရေးနိမ့်သွားခဲ့ရတာပါ။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့အချိန်ကစပြီး Najib ကို နိုင်ငံတွင်းက ထွက်ခွါခွင့် ပိတ်ပင်ခဲ့သလို သူနဲ့ သူ့ရဲ့ ဇနီးတို့ကို အစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက စုံစမ်းစစ်ဆေးနေတာပါ။ Najib ကတော့ စွပ်စွဲမှုအားလုံးမှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak အဂတိမှုနဲ့ ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:00:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG