သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း နေအိမ်တွေ ရှာဖွေသိမ်းဆည်းမှု ဒေါ်လာ ၂၇၅ သန်းဖိုးရှိ


မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak နဲ့ ဆက်စပ်မှုရှိတဲ့ အဆောက်အဦးတွေကို ဝင်ရောက် စီးနင်းရာကနေ စုစုပေါင်း ဒေါ်လာ ၂၇၅ သန်း နီးပါး တန်ဖိုးရှိတဲ့ ငွေသား၊ လက်ဝတ်ရတနာနဲ့ လက်ကိုင်အိတ်တွေကို သိမ်းဆည်းရမိတယ်လို့ မလေးရှားရဲက ပြောပါတယ်။

ငွေကြေးနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုဖေါ်ထုတ်ရေးဌာန အကြီးအကဲ Amar Singh က ဒီကနေ့ Kuala Lumpur မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ပြသခဲ့ပြီး နိုင်ငံတွင်း ဒါဟာ အမြောက်အများ စံချိန်တင် သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။

Najib နဲ့ ဆက်စပ်မှုရှိတဲ့ နေရာ ၆ ခုကနေ လက်ဝတ်ရတနာ ပစ္စည်းပေါင်း ၁၂၀၀၀၊ လက်ကိုင်အိတ် ၅၆၇ လုံးနဲ့၊ နာရီ ၄၂၃ လုံး၊ နေကာမျက်မှန် ၂၃၄ လက်ကို သိမ်းဆည်း ရမိခဲ့တာပါ။ အဲဒီထဲမှာ ဒေါ်လာ တသန်းကျော်တန် လည်ဆွဲလည်း ပါဝင်ပါတယ်။ သူအာဏာရစဉ်မှာ တည်ထောင်ခဲ့တဲ့ နိုင်ငံပိုင် 1MDB ကုမ္ပဏီရဲ့ ရန်ပုံငွေတွေကို ဝန်ကြီးချုပ်ဟောင်း Najib အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲထားတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG