သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ် ပစ်ချမှု ရုရှငြင်းဆို


၂၀၁၄ က ပျက်ကျပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်း MH17 ကို ပစ်ချခဲ့တဲ့ ဒုံးကျည်အပျက်ကို နယ်သာလန် သတင်းစာရှင်းလင်းပွဲမှာ ပြသထားပုံ။ (မေ ၂၄၊ ၂၀၁၈)
၂၀၁၄ က ပျက်ကျပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်း MH17 ကို ပစ်ချခဲ့တဲ့ ဒုံးကျည်အပျက်ကို နယ်သာလန် သတင်းစာရှင်းလင်းပွဲမှာ ပြသထားပုံ။ (မေ ၂၄၊ ၂၀၁၈)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ၂၀၁၄ ခုနှစ်ကပျက်ကျခဲ့တဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် MH17 ဟာ ရုရှားစစ်တပ်ကပေးတဲ့ ဒုံးကျည်ကြောင့် ပျက်ကျခဲ့တယ်ဆိုတဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်ကို သမ္မတ Vladimir Putin ကပယ်ချခဲ့ပါတယ်။

သူ့အနေနဲ့ တေ့ွရှိချက်အစီရင်ခံစာကို မဖတ်ရသေးပေမဲ့ မဟုတ်မှန်ဘူးလို့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ St. Petersburg မြို့မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ စုံစမ်းမှုထဲမှာ ရုရှားကို ပေးမပါတဲ့အပေါ်လည်း သူက ဝေဖန်ခဲ့ပါတယ်။ ခရီးသည် ၃ ရာနီးပါးသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျခဲ့တာဟာ ရုရှားနိုင်ငံ Kursk မြို့မှာရှိတဲ့ အမှတ် ၅၃ လေယာဉ်ဖျက်တပ်မကလာတဲ့ Buk အမျိုးအစားဒုံးကျည် ပစ်ခံရတာလို့ ၆ နိုင်ငံပါဝင်တဲ့ စုံစမ်းမှုကနေ တေ့ွရှိခဲ့ပါတယ်။

ရုရှားအစိုးရလိုလားတဲ့သူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းကနေ အဲဒီ ဒုံးကျည် ပစ်ခဲ့တာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ စုံစမ်းတွေ့ရှိမှုကို ရုရှားက အသိအမှတ်ပြုဖို့ နိုင်ငံတကာက တိုက်တွန်းနေချိန်မှာ သမ္မတ Putin ကတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ Dutch ခရီးသည် ၁၉၃ ယောက်သေဆုံးသွားတဲ့ လေယာဉ်ပျက်ကျမှုနဲ့ပါတ်သက်လို့ ရုရှားနိုင်ငံ တာဝန်ရှိပြီး လျှော်ကြေးပေးဖို့တောင်းဆိုမယ်လို့ Netherlands အစိုးရက ရုရှားအစိုးရကို သောကြာနေ့က တရားဝင်အကြောင်းကြားခဲ့ပါတယ်။

Australia နိုင်ငံကလည်း အလားတူ ဥပဒေကြောင်းကနေ ဆောင်ရွက်မယ်လို့ Netherlands အာဏာပိုင်တွေက ပြောပါတယ်။ ရုရှားနိုင်ငံအနေနနဲ့ တာဝန်ယူဖို့နဲ့ အပြစ်ရှိသူတွေကို အပြစ်ပေးနိုင်ရေး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်။ ဗြိတိန်။ ဥရောပသမဂ္ဂ နဲ့ NATO စစ်မဟာမိတ်အဖွဲ့တို့က ရုရှားကို တောင်းဆိုထားပါတယ်။

မလေးရှားလေယာဉ် ပစ်ချမှု ရုရှငြင်းဆို
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG