ဝန်ကြီးချုပ် Mahathir Mohammed အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း မလေးရှားနိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့တာပါ။ ၀န်ကြီးချုပ် Mahathir ရဲ့ စီးပွားရေး ပေါ်လစီတွေ ဘာကြောင့် အောင်မြင်ခဲ့ရတာလဲ၊ မြန်မာနိုင်ငံ အနေနဲ့ရော ဖွံ့ဖြိုးတိုးတက်မှုတွေကို ဘယ်လို အရှိန်မြင့် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေ ကိုတော့ စီးပွားရေး ပညာရှင် ဦးကံထွန်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။