သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မဟာသီယာ တကျော့ပြန် အောင်ပွဲခံ


အသက် (၉၂)နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad

ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ မလေးရှား အထွေထွေရွေးကောက်ပွဲမှာ အသက် (၉၂)နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad ပြန်ပြီး အနိုင်ရရှိသွားတဲ့အတွက် ကမ္ဘာက အံသြသင့်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ Mahathir နဲ့ သူရဲ့ မျှော်လင့်ခြင်း မဟာမိတ်အဖွဲ့ အတိုက်အခံတပ်ပေါင်းစု ပါတီကနေ လွှတ်တော်အမတ်နေရာ ၁၁၅ ရရှိခဲ့ပြီး ဝန်ကြီးချုပ် Najib Razak ရဲ့ National Front Coalition အမျိုးသားတပ်ဦး ပါတီကတော့ အမတ်နေရာ ၇၉ နေရာပဲရရှိခဲ့ပါတယ်။

အမျိုးသားတပ်ဦးပါတီအနေနဲ့ လူထုမဲ မှာ ရှုံးနိမ့်ပေမဲ့ လွှတ်တော်ထဲမှာတော့ ဆက်ပြီးထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေကမျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် အခုတော့ ဝန်ကြီးချုပ် Najib ပါတီ လုံးဝရှုံးနိမ့်ခဲ့ပါတယ်။ Najib ဟာ 1MDB လို့လူသိများတဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုဘဏ္ဍာကို အကြီးအကျယ် အလွဲှသုံးစားလုပ်မှု အရှုပ်တော်ပုံ အပြင်ကျေးလက်ဆင်းရဲသားတွေ ပိုပြီးထိခိုက်စေတဲ့ ကုန်ရောင်းခွန် ကောက်ခံတဲ့ကိစ္စ တွေကြောင့် လူကြိုက်နည်းလာပေမယ့် အရှုံးမပေးပဲ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒါအပြင် အမှားအယွင်းတစုံတရာ မလုပ်ခဲ့ကြောင်း သူက ငြင်းဆိုခဲ့ပါတယ်။

Mahathir ကတော့ နိုင်ငံရေးအတိုက်အခံတွေကို လက်စားချေတုန့်ပြန်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောပေမယ့် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

Mahathir ဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်တဦးအနေနဲ့ မလေးနိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့ပေမယ့် စီးပွားရေးအရ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ်မှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။

မလေးရှားမှာ မဟာသီယာ တကြော့ပြန် အောင်ပွဲခံ
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG